Bundesliga

ပထမပိုင်းကို မိနစ် ၈၀လောက်အထိ ကစားခဲ့ကြတဲ့ ရှော်ကေးနဲ့ ဟန်ဆာ

ရှော်ကေးရဲ့ ဘွန်ဒက်စ်လီဂါဒုတိယတန်းပွဲစဉ်ဖြစ်တဲ့ ဟန်ဆာနဲ့ပွဲစဉ်ဟာ ပထမပိုင်း ၄၅ မိနစ်ကျော်လွန်သွားပြီးနောက်မှာတောင် ၇၈ မိနစ်အထိ ဆက်လက်ကစားခဲ့ကြပါတယ်။

အဖြစ်အပျက်တွေ အများအပြား ဖြစ်ခဲ့တဲ့ တနင်္ဂနွေနေ့မှာ အိမ်ရှင်တွေ ဖြစ်ကြတဲ့ ဟန်ဆာကို ရှော်ကေးက ၂-၀ နဲ့ အဖိုးတန်နိုင်ပွဲရရှိခဲ့ပြီးနောက် တန်းဆင်းဇုန်နဲ့ ၈ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဟန်ဆာဘက်က ဂျူနီယာ ဘရူမာဒိုရဲ့ အနီကတ်နဲ့ ပထမပိုင်းမပြီးခင် ထုတ်ပယ်ခံခဲ့ရမှုကြောင့် ပွဲအခြေအနေက သိသာသွားခဲ့တာဖြစ်ပြီး ရှော်ကေးဟာ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အခွင့်အရေးအများအပြား ဖန်တိးနိုင်ခဲ့တဲ့အတွက် နောက်ဆုံးမှာ အီဒရီဇီနဲ့ ကာရာမန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သက်တောင့်သက်သာ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရှော်ကေးဟာ ဒီရာသီမှာ ဒုတိယမြောက် အဝေးကွင်းနိုင်ပွဲကို ရယူနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်ခဲ့မှာဖြစ်ပေမယ့်လည်း ပွဲစဉ်က ပထမပိုင်းကို မိနစ် ၇၀ ကျော်တဲ့အထိ ဆက်ကစားနေခဲ့တာကြောင့် ဘောလုံးလောကတစ်ခုလုံးရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

နာမည်ကျော် ရှော်ကေး ပရိသတ်ဖြစ်တဲ့ ယူကျူဘာ စီယာရန် ကာလင်က လူမှုကွန်ရက် X ပေါ်မှာ “ဒါကို ဘယ်လို ရှင်းပြရမလဲမသိဘူး။ ဒါပေမယ့် တကယ်တော့ ခုက ပထမပိုင်း ကစားနေတုန်းပဲ ရှိသေးတယ်”ဆိုတဲ့ စာသားနဲ့အတူ ပွဲကစားချိန် ၇၈ မိနစ်ရှိနေတဲ့ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

ဒီလို ထူးဆန်းတဲ့ အဖြစ်အပျက်ကို ရှင်းပြဖို့ ဝိုင်းမေးခြင်းခံခဲ့ရချိန်မှာ ကာလင်က “ပွဲက ကျွန်တော်တို့နဲ့ ဟန်ဆာ ပရိသတ်တွေက သူတို့ကြားက မှန်အချို့ကို ခွဲခဲ့တဲ့အတွက် ၃၈ မိနစ်မှာ နာရီဝက်လောက် ရပ်တန့်ခဲ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် အသံအကျယ်ကြီးလည်း ကြားလိုက်ရတယ်ဆိုတော့ မီးရှူးမီးပန်းတွေနဲ့ပါ ပစ်ခဲ့ကြတယ်လို့ ထင်တယ်။ အချိန်ကတော့ ဆက်သွားနေတယ်။ ပွဲက ပြန်ကစားခဲ့တယ်။ ဟန်ဆာက ချက်ချင်းပဲ VAR ရဲ့ အနီကတ်ပြခံခဲ့ရပြီး အခု ကျွန်တော်တို့မှာ နာကျင်အချိန်ပို ၅ မိနစ်ရခဲ့တယ်။ ဟားဟား။ ဂိုးသာသွင်းလိုက်ရင် ပထမပိုင်း မိနစ် ၈၀မှာ ပထမဆုံးသွင်းယူခဲ့တဲ့ဂိုး ဖြစ်ခဲ့မှာ”လို့ ရှင်းပြခဲ့တာဖြစ်ပါတယ်။

ရှော်ကေးနဲ့ ဟန်ဆာတို့ပွဲက ဖြစ်စဉ်ကြောင့် ဘောလုံးသမိုင်းမှာ အရှည်လျားဆုံး ပွဲကစားချိန် ရပ်တန့်ခဲ့ရမှုကို ပြန်လည်အမှတ်ရစေခဲ့ပြီး အဲဒီပွဲစဉ်ကတော့ ၁၉၄၆ ခုနှစ် မတ်လ ၃၀ ရက်နေ့က စတော့ခ်ပို့တ် ကောင်တီနဲ့ ဒွန်ကတ်စတာ ရိုးဗားစ်တို့ ကစားခဲ့တဲ့ပွဲဖြစ်ပါတယ်။

ပွဲကစားချိန်ဟာ ထူးထူးခြားခြားပဲ ၃ နာရီရဲ့ ၂၃ မိနစ်အထိ ကြာမြင့်ခဲ့ပြီး မိနစ် ၉၀ မှာ တစ်ဖက် ၂ ဂိုးစီ သရေကျနေခဲ့ကြပြီးနောက် အချိန်ပို ဆက်ကန်ခဲ့ပေမယ့်လည်း ဂိုးမသွင်းနိုင်ခဲ့ကြတာ ဖြစ်ပြီး ပင်နယ်တီ အဆုံးအဖြတ် မခံယူခင်က ပွဲချိန် မိနစ် ၁၂၀ ပြည့်လို့ အနိုင်အရှုံးမပေါ်ရင် အကြွေစေ့လှန်တဲ့စနစ်နဲ့ အနိုင်အရှုံး ဆုံးဖြတ်ခဲ့ပေမယ့် ဒီပွဲမှာတော့ အနိုင်ရတဲ့အထိ ပြန်ကစားစေခဲ့တာဖြစ်ပါတယ်။

ပွဲကို ပြန်ကစားခဲ့ရာမှာ ဒွန်ကတ်စတာ ရိုးဗားစ်က ၄-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး စုစုပေါင်း ပွဲကစားချိန်ကလည်း ၃ နာရီကျော် ကြာမြင့်ခဲ့တာဖြစ်ပါတယ်။(ယနေ့ခေတ်လို အချိန်ပို မိနစ် ၃၀ ကန့်သတ်ချက်မရှိ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေရွာ္ေကးရဲ႕ ဘြန္ဒက္စ္လီဂါဒုတိယတန္းပြဲစဥ္ျဖစ္တဲ့ ဟန္ဆာနဲ႔ပြဲစဥ္ဟာ ပထမပိုင္း ၄၅ မိနစ္ေက်ာ္လြန္သြားၿပီးေနာက္မွာေတာင္ ၇၈ မိနစ္အထိ ဆက္လက္ကစားခဲ့ၾကပါတယ္။

အျဖစ္အပ်က္ေတြ အမ်ားအျပား ျဖစ္ခဲ့တဲ့ တနဂၤေႏြေန႔မွာ အိမ္ရွင္ေတြ ျဖစ္ၾကတဲ့ ဟန္ဆာကို ေရွာ္ေကးက ၂-၀ နဲ႔ အဖိုးတန္ႏိုင္ပြဲရရွိခဲ့ၿပီးေနာက္ တန္းဆင္းဇုန္နဲ႔ ၈ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဟန္ဆာဘက္က ဂ်ဴနီယာ ဘ႐ူမာဒိုရဲ႕ အနီကတ္နဲ႔ ပထမပိုင္းမၿပီးခင္ ထုတ္ပယ္ခံခဲ့ရမႈေၾကာင့္ ပြဲအေျခအေနက သိသာသြားခဲ့တာျဖစ္ၿပီး ေရွာ္ေကးဟာ ေဘာလုံးပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးေနာက္ အခြင့္အေရးအမ်ားအျပား ဖန္တိးႏိုင္ခဲ့တဲ့အတြက္ ေနာက္ဆုံးမွာ အီဒရီဇီနဲ႔ ကာရာမန္းတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ သက္ေတာင့္သက္သာ ဦးေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေရွာ္ေကးဟာ ဒီရာသီမွာ ဒုတိယေျမာက္ အေဝးကြင္းႏိုင္ပြဲကို ရယူႏိုင္ခဲ့တဲ့အတြက္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ခဲ့မွာျဖစ္ေပမယ့္လည္း ပြဲစဥ္က ပထမပိုင္းကို မိနစ္ ၇၀ ေက်ာ္တဲ့အထိ ဆက္ကစားေနခဲ့တာေၾကာင့္ ေဘာလုံးေလာကတစ္ခုလုံးရဲ႕ အာ႐ုံစိုက္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

နာမည္ေက်ာ္ ေရွာ္ေကး ပရိသတ္ျဖစ္တဲ့ ယူက်ဴဘာ စီယာရန္ ကာလင္က လူမႈကြန္ရက္ X ေပၚမွာ “ဒါကို ဘယ္လို ရွင္းျပရမလဲမသိဘူး။ ဒါေပမယ့္ တကယ္ေတာ့ ခုက ပထမပိုင္း ကစားေနတုန္းပဲ ရွိေသးတယ္”ဆိုတဲ့ စာသားနဲ႔အတူ ပြဲကစားခ်ိန္ ၇၈ မိနစ္ရွိေနတဲ့ပုံကို တင္ခဲ့တာျဖစ္ပါတယ္။

ဒီလို ထူးဆန္းတဲ့ အျဖစ္အပ်က္ကို ရွင္းျပဖို႔ ဝိုင္းေမးျခင္းခံခဲ့ရခ်ိန္မွာ ကာလင္က “ပြဲက ကြၽန္ေတာ္တို႔နဲ႔ ဟန္ဆာ ပရိသတ္ေတြက သူတို႔ၾကားက မွန္အခ်ိဳ႕ကို ခြဲခဲ့တဲ့အတြက္ ၃၈ မိနစ္မွာ နာရီဝက္ေလာက္ ရပ္တန႔္ခဲ့ရတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ အသံအက်ယ္ႀကီးလည္း ၾကားလိုက္ရတယ္ဆိုေတာ့ မီးရႉးမီးပန္းေတြနဲ႔ပါ ပစ္ခဲ့ၾကတယ္လို႔ ထင္တယ္။ အခ်ိန္ကေတာ့ ဆက္သြားေနတယ္။ ပြဲက ျပန္ကစားခဲ့တယ္။ ဟန္ဆာက ခ်က္ခ်င္းပဲ VAR ရဲ႕ အနီကတ္ျပခံခဲ့ရၿပီး အခု ကြၽန္ေတာ္တို႔မွာ နာက်င္အခ်ိန္ပို ၅ မိနစ္ရခဲ့တယ္။ ဟားဟား။ ဂိုးသာသြင္းလိုက္ရင္ ပထမပိုင္း မိနစ္ ၈၀မွာ ပထမဆုံးသြင္းယူခဲ့တဲ့ဂိုး ျဖစ္ခဲ့မွာ”လို႔ ရွင္းျပခဲ့တာျဖစ္ပါတယ္။

ေရွာ္ေကးနဲ႔ ဟန္ဆာတို႔ပြဲက ျဖစ္စဥ္ေၾကာင့္ ေဘာလုံးသမိုင္းမွာ အရွည္လ်ားဆုံး ပြဲကစားခ်ိန္ ရပ္တန႔္ခဲ့ရမႈကို ျပန္လည္အမွတ္ရေစခဲ့ၿပီး အဲဒီပြဲစဥ္ကေတာ့ ၁၉၄၆ ခုႏွစ္ မတ္လ ၃၀ ရက္ေန႔က စေတာ့ခ္ပို႔တ္ ေကာင္တီနဲ႔ ဒြန္ကတ္စတာ ႐ိုးဗားစ္တို႔ ကစားခဲ့တဲ့ပြဲျဖစ္ပါတယ္။

ပြဲကစားခ်ိန္ဟာ ထူးထူးျခားျခားပဲ ၃ နာရီရဲ႕ ၂၃ မိနစ္အထိ ၾကာျမင့္ခဲ့ၿပီး မိနစ္ ၉၀ မွာ တစ္ဖက္ ၂ ဂိုးစီ သေရက်ေနခဲ့ၾကၿပီးေနာက္ အခ်ိန္ပို ဆက္ကန္ခဲ့ေပမယ့္လည္း ဂိုးမသြင္းႏိုင္ခဲ့ၾကတာ ျဖစ္ၿပီး ပင္နယ္တီ အဆုံးအျဖတ္ မခံယူခင္က ပြဲခ်ိန္ မိနစ္ ၁၂၀ ျပည့္လို႔ အႏိုင္အရႈံးမေပၚရင္ အေႂကြေစ့လွန္တဲ့စနစ္နဲ႔ အႏိုင္အရႈံး ဆုံးျဖတ္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ အႏိုင္ရတဲ့အထိ ျပန္ကစားေစခဲ့တာျဖစ္ပါတယ္။

ပြဲကို ျပန္ကစားခဲ့ရာမွာ ဒြန္ကတ္စတာ ႐ိုးဗားစ္က ၄-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး စုစုေပါင္း ပြဲကစားခ်ိန္ကလည္း ၃ နာရီေက်ာ္ ၾကာျမင့္ခဲ့တာျဖစ္ပါတယ္။(ယေန႔ေခတ္လို အခ်ိန္ပို မိနစ္ ၃၀ ကန႔္သတ္ခ်က္မရွိ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.