Bundesliga Match Report Premier League UCL&UEL

လိုက်ပ်ဇစ်ကို ပထမပိုင်း ပေးပျော်ပြီး ပွဲပြီးခါနီးမှ ဒေါက်ဖြုတ်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အာကန်ဂျီ၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ရီကို လူးဝစ္စ၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကိုပဲ တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် RB လိုက်ပ်ဇစ်တို့ကတော့ ဂိုးသမား ဘလာစ်ဗစ်ချ်၊ ခံစစ်မှာ ဆီမာကန်၊ ကလိုစတာမန်း၊ လူကာဘာ၊ ဟိုက်ဒါရာနဲ့ ရောင်းမ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ရှလာဂါ၊ ဆီးဗဲလ်ဒ်နဲ့ ဖော့စ်ဘတ်တို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ ဇာဗီ ဆီမွန်စ်နဲ့ အိုပင်ဒါတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ လိုက်ပ်ဇစ်တို့တွေ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နေရာလွတ်တွေ မကြာခဏ ပေးနေတဲ့ မန်စီးတီးခံစစ်ပေါ်ကို ဂိုးသမား ဘလာစ်ဗစ်ချ်က လှမ်းကန်တင်ပေးခဲ့ရာမှာ နောက်ပိုင်းပွဲတွေမှာ အသုံးမကျဘဲဖြစ်နေတဲ့ အာကန်ဂျီရဲ့ ညံ့ဖျင်းမှုကနေ လွတ်ထွက်သွားခဲ့တဲ့ အိုပင်ဒါက ဂိုးသမား အော်တေဂါနဲ့ တစ်ဦးချင်းအတွေ့မှာ အနိမ့်ဘော ချိုးကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ လိုက်ပ်ဇစ်တို့ကပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဇာဗီ ဆီမွန်စ်က ဘယ်တောင်ပံကို ခင်းပေးလိုက်တဲ့ ဘောလုံးကို မဖျက်နိုင်ဘဲ ညံ့ဖျင်းခဲ့တဲ့ ရူဘင် ဒီယက်စ်ကြောင့် လွတ်ထွက်သွားပြန်ခဲ့တဲ့ အိုပင်ဒါကပဲ ဂိုးရှေ့ အရောက်မှာ ဂွါဒီယောလ်ကို တစ်ချက်ခေါက်ပြီးမှ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းအပြီးမှာတော့ RB လိုက်ပ်ဇစ်တို့က မန်စီးတီးတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ အိမ်ရှင်တွေဘက်က ခပ်ညံ့ညံ့ ရူဘင် ဒီယက်စ်ကို အာကေနဲ့ လဲကစားလာခဲ့သလို အလုပ်မဖြစ်တဲ့ တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့အတွက် ဝေါ်လ်ကာနဲ့ ဂရီးလစ်ရှ်တို့အစား အယ်လ်ဗာရက်ဇ်နဲ့ ဒိုကူးတို့ကိုလဲပြီး 4 Back ပြန်ပြောင်းသွားခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ မန်စီးတီးတို့ ပထမ ချေပဂိုးကို ပြန်လည်ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးပြန်ရလာတဲ့ ဖိုဒန်က ဧရိယာထိပ်ကို ခင်းပေးခဲ့ရာမှာ လူကျွံထောင်ချောက်ကို ကျော်ဖြတ်သွားခဲ့တဲ့ ဟားလန်းက ဂိုးသမား ဘလာစ်ဗစ်ချ်နဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင်ကန်ပြီး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို မန်စီးတီးတို့ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာခဲ့တဲ့ ဂွါဒီယောလ်က ဧရိယာထိပ်ကို ချိုးအပေးမှာ ဖိုဒန် ပြန်ရပြီး လိုက်ပ်ဇစ်နောက်ခံလူနှစ်ယောက်ကြားကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဆွဲယူပြီးမှ အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ ပြီးပြည့်စုံတဲ့ Come Back အဖြစ် တတိယဂိုးကို အိမ်ရှင်တွေ ဖန်တီးနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဒိုကူးက ဧရိယာထဲ ဖြတ်ချိုးပေးတာကို ဖိုဒန်က ကန်မလိုနဲ့ မကန်ဘဲ ဂိုးရှေ့ကို အနိမ့်ဘော ခင်းပေးခဲ့တဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က လူကပ်ပုံ မသေသပ်တဲ့ လိုက်ပ်ဇစ်ခံစစ်ကြားကနေ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က RB လိုက်ပ်ဇစ်တို့ကို နောက်ကနေ လိုက်ကြိတ်ပြီး အုပ်စုတွင်း နိုင်ပွဲရာနှုန်းပြည့်မှတ်တမ်းကို သုံးဂိုး-နှစ်ဂိုးနဲ့ ထိန်းသိမ်းသွားခဲ့သလို အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်သွားနိုင်ခဲ့ကြပြီး ဂျာမန်သားတွေကတော့ ဒုတိယနေရာကနေ နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာလည်းဖြစ်ကြောင်း‌ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အာကန္ဂ်ီ၊ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ ရီကို လူးဝစၥ၊ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းကိုပဲ တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ RB လိုက္ပ္ဇစ္တို႔ကေတာ့ ဂိုးသမား ဘလာစ္ဗစ္ခ်္၊ ခံစစ္မွာ ဆီမာကန္၊ ကလိုစတာမန္း၊ လူကာဘာ၊ ဟိုက္ဒါရာနဲ႔ ေရာင္းမ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရွလာဂါ၊ ဆီးဗဲလ္ဒ္နဲ႔ ေဖာ့စ္ဘတ္တို႔ကို ကစားေစခဲ့သလို တိုက္စစ္မွာေတာ့ ဇာဗီ ဆီမြန္စ္နဲ႔ အိုပင္ဒါတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာ လိုက္ပ္ဇစ္တို႔ေတြ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေနရာလြတ္ေတြ မၾကာခဏ ေပးေနတဲ့ မန္စီးတီးခံစစ္ေပၚကို ဂိုးသမား ဘလာစ္ဗစ္ခ်္က လွမ္းကန္တင္ေပးခဲ့ရာမွာ ေနာက္ပိုင္းပြဲေတြမွာ အသုံးမက်ဘဲျဖစ္ေနတဲ့ အာကန္ဂ်ီရဲ႕ ညံ့ဖ်င္းမႈကေန လြတ္ထြက္သြားခဲ့တဲ့ အိုပင္ဒါက ဂိုးသမား ေအာ္ေတဂါနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အနိမ့္ေဘာ ခ်ိဳးကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ လိုက္ပ္ဇစ္တို႔ကပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဇာဗီ ဆီမြန္စ္က ဘယ္ေတာင္ပံကို ခင္းေပးလိုက္တဲ့ ေဘာလုံးကို မဖ်က္ႏိုင္ဘဲ ညံ့ဖ်င္းခဲ့တဲ့ ႐ူဘင္ ဒီယက္စ္ေၾကာင့္ လြတ္ထြက္သြားျပန္ခဲ့တဲ့ အိုပင္ဒါကပဲ ဂိုးေရွ႕ အေရာက္မွာ ဂြါဒီေယာလ္ကို တစ္ခ်က္ေခါက္ၿပီးမွ ဘယ္ဘက္တိုင္ေျခကို ကန္သြင္းယူသြားခဲ့တာပါ။

ပထမပိုင္းအၿပီးမွာေတာ့ RB လိုက္ပ္ဇစ္တို႔က မန္စီးတီးတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ အိမ္ရွင္ေတြဘက္က ခပ္ညံ့ညံ့ ႐ူဘင္ ဒီယက္စ္ကို အာေကနဲ႔ လဲကစားလာခဲ့သလို အလုပ္မျဖစ္တဲ့ တိုက္စစ္ပိုင္းကို ျပင္ဆင္ဖို႔အတြက္ ေဝၚလ္ကာနဲ႔ ဂရီးလစ္ရွ္တို႔အစား အယ္လ္ဗာရက္ဇ္နဲ႔ ဒိုကူးတို႔ကိုလဲၿပီး 4 Back ျပန္ေျပာင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ ပထမ ေခ်ပဂိုးကို ျပန္လည္ရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးျပန္ရလာတဲ့ ဖိုဒန္က ဧရိယာထိပ္ကို ခင္းေပးခဲ့ရာမွာ လူကြၽံေထာင္ေခ်ာက္ကို ေက်ာ္ျဖတ္သြားခဲ့တဲ့ ဟားလန္းက ဂိုးသမား ဘလာစ္ဗစ္ခ်္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အပိုင္ကန္ၿပီး အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ သေရက်ေစမယ့္ ဒုတိယ ေခ်ပဂိုးကို မန္စီးတီးတို႔ သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဘာလုံးရလာခဲ့တဲ့ ဂြါဒီေယာလ္က ဧရိယာထိပ္ကို ခ်ိဳးအေပးမွာ ဖိုဒန္ ျပန္ရၿပီး လိုက္ပ္ဇစ္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဆြဲယူၿပီးမွ အနိမ့္ေဘာ ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ၿပီးျပည့္စုံတဲ့ Come Back အျဖစ္ တတိယဂိုးကို အိမ္ရွင္ေတြ ဖန္တီးႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ဒိုကူးက ဧရိယာထဲ ျဖတ္ခ်ိဳးေပးတာကို ဖိုဒန္က ကန္မလိုနဲ႔ မကန္ဘဲ ဂိုးေရွ႕ကို အနိမ့္ေဘာ ခင္းေပးခဲ့တဲ့ ေဘာလုံးကို အယ္လ္ဗာရက္ဇ္က လူကပ္ပုံ မေသသပ္တဲ့ လိုက္ပ္ဇစ္ခံစစ္ၾကားကေန ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က RB လိုက္ပ္ဇစ္တို႔ကို ေနာက္ကေန လိုက္ႀကိတ္ၿပီး အုပ္စုတြင္း ႏိုင္ပြဲရာႏႈန္းျပည့္မွတ္တမ္းကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ ထိန္းသိမ္းသြားခဲ့သလို အဆင့္ ၁ ေနရာမွာ ဆက္လက္ရပ္တည္သြားႏိုင္ခဲ့ၾကၿပီး ဂ်ာမန္သားေတြကေတာ့ ဒုတိယေနရာကေန ေနာက္တစ္ဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့တာလည္းျဖစ္ေၾကာင္း‌ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.