Match Report Premier League

ဂွတ်ဒီဆန်ပါ့ခ်ကို ဟန်နဲ့ပန်နဲ့သွားပြီး တော်ဖီနှစ်တောင့် အထည့်ခံခဲ့ရတဲ့ ညီမလေး

အဲဗာတန်အသင်းကတော့ ပရီးမီးယားလိဂ်သာ ပေါပေါပဲပဲနဲ့ ပြစ်ဒဏ်မချရင် ဥရောပဝင်ခွင့်တောင် မျှော်နိုင်မှာဖြစ်ကြောင်းကို အိမ်ကွင်းမှာ နှစ်ပွဲဆက်တိုက်နိုင်ပွဲနဲ့ ခပ်ကြောင်ကြောင် ပိုချက်တီနိုရဲ့ ချဲလ်ဆီးကို ရိုက်ခွဲလိုက်ပြီး သက်သေပြလိုက်သလို သူတို့တွေအပေါ် လူတွေရဲ့ အထင်သေးမှုကို နည်းပြ ရှောင်ဒိုက်ချ်နဲ့အတူ ချေဖျက်သွားနိုင်ခဲ့ပါတယ်။

အိမ်ရှင် တော်ဖီတွေအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ဘရန့်ဝိတ်၊ အက်ရှ်လီယန်းနဲ့ မစ်ကိုလန်ကိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂေးယီ၊ ဂါနာ၊ ဟာရီဆန်၊ မက်နီးလ်နဲ့ ဒူကူရေးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂိုးမသွင်းတော့ဘူးလို့ ကျိန်ဆိုထားပုံရတဲ့ ကဲလ်ဗတ်-လူဝင်ကိုပဲ တင်ကစားလာခဲ့တာပါ။

ဧည့်သည် ချဲလ်ဆီးတို့ကတော့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်၊ ခံစစ်မှာ ဒီဆာဆီ၊ ဘာဒီယာရှီးလ်၊ ရီးစ် ဂျိမ်းစ်နဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဂါလာဂါတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ပါးလ်မား၊ မူဒရစ်ခ်နဲ့ ဘရိုယာတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပထမပိုင်းမှာ အားရင် နာနေတဲ့ ရီးစ် ဂျိမ်းစ်ကို ကောလ်ဝဲလ်နဲ့ လဲခဲ့ရတဲ့ ချဲလ်ဆီးတို့က ဒိန်းဂျားတွေ ပိုလုပ်နိုင်ခဲ့ပေမယ့် ဂိုးသမား ပစ်ခ်ဖို့ဒ် ကာကွယ်သွားနိုင်ခဲ့ပြီး အဲဗာတန်တို့ကတော့ တန်ပြန်ခြိမ်းခြောက်ခဲ့ပေမယ့် သိပ်တော့ ရင်ခုန်စရာမရှိခဲ့တာကြောင့် ဂိုးမရှိသရေဖြစ်နေခဲ့ကြသလို စတာလင်ကို အရန်ခုံမှာ ထားခဲ့တဲ့ ဧည့်သည်တွေ အနေနဲ့ သုံးထားတဲ့ ငွေနဲ့ ခြေစွမ်းက လိုက်ဖက်မှု မရှိခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ အဲဗာတန်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မက်နီးလ်က ဘောလုံးဆွဲလာပြီး ဧရိယာထဲကို ခင်းပေးရာမှာ ကဲလ်ဗတ်-လူဝင်က ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့ပြီး ကန်တာ မဝင်ဘဲ ပြန်ထွက်လာခဲ့တာကို နောက်က ပြေးတက်လာခဲ့တဲ့ ဒူကူရေးက အနိမ့်ဘော အပြင်းကန်သွင်းသွားနိုင်ခဲ့တာပါ။

ချဲလ်ဆီးတို့အနေနဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဘရိုယာတို့အစား စတာလင်၊ ဂျက်ဆန်တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် သိပ်တော့ ထူးမလာခဲ့ဘဲ မူဒရစ်ခ်လိုမျိုး အသင်းနဲ့ အစေးမကပ်တဲ့ ကစားသမားတွေကြောင့် အလုပ်မဖြစ်ခဲ့ဘူးလို့ပဲ ပြောရမှာဖြစ်သလို နာကျင်အချိန်ပိုအထိ ကြိုးစားနေခဲ့ပေမယ့် ဂိုးထပ်ပေးဖို့ပဲ ဖြစ်လာခဲ့ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ အဲဗာတန်တို့က အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို ကွင်းလယ်လူ ဂါနာက ကန်ပို့ပေးရာမှာ လူစားဝင် ဂိုးသမား ပက်ထရိုဗစ်ချ် ပုတ်ထုတ်လို့ ဧရိယာထဲမှာ ပြန်ကျလာခဲ့တဲ့ ဘောလုံးကို လူငယ်တိုက်စစ်မှူး ဒေါ့ဘင်က သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးအဖြစ် အနိမ့်ဘော အပိုင်ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အဲဗာတန်လို အသင်းလောက်ကိုတော့ဖြင့် နိုင်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် အသက်ငယ်ငယ်၊ ဈေးကြီးကြီးနဲ့ လခကြီးကြီး လူငယ်တွေချင်း အစေးမကပ်မှု Personalities Contrast တွေနဲ့ ချဲလ်ဆီးတို့ မရှုမလှပဲ နဖူးကွဲခဲ့ရတာဖြစ်ပြီး တော်ဖီနှစ်တောင့် အထည့်ခံခဲ့ရတဲ့ ညီမလေးတို့ ဒီတစ်ပတ်မှာလည်း ဒူးနဲ့ မျက်ရည်ဆက်သုတ်ခဲ့ကြရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္အသင္းကေတာ့ ပရီးမီးယားလိဂ္သာ ေပါေပါပဲပဲနဲ႔ ျပစ္ဒဏ္မခ်ရင္ ဥေရာပဝင္ခြင့္ေတာင္ ေမွ်ာ္ႏိုင္မွာျဖစ္ေၾကာင္းကို အိမ္ကြင္းမွာ ႏွစ္ပြဲဆက္တိုက္ႏိုင္ပြဲနဲ႔ ခပ္ေၾကာင္ေၾကာင္ ပိုခ်က္တီႏိုရဲ႕ ခ်ဲလ္ဆီးကို ႐ိုက္ခြဲလိုက္ၿပီး သက္ေသျပလိုက္သလို သူတို႔ေတြအေပၚ လူေတြရဲ႕ အထင္ေသးမႈကို နည္းျပ ေရွာင္ဒိုက္ခ်္နဲ႔အတူ ေခ်ဖ်က္သြားႏိုင္ခဲ့ပါတယ္။

အိမ္ရွင္ ေတာ္ဖီေတြအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ဘရန႔္ဝိတ္၊ အက္ရွ္လီယန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂးယီ၊ ဂါနာ၊ ဟာရီဆန္၊ မက္နီးလ္နဲ႔ ဒူကူေရးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂိုးမသြင္းေတာ့ဘူးလို႔ က်ိန္ဆိုထားပုံရတဲ့ ကဲလ္ဗတ္-လူဝင္ကိုပဲ တင္ကစားလာခဲ့တာပါ။

ဧည့္သည္ ခ်ဲလ္ဆီးတို႔ကေတာ့ ဂိုးသမား ေရာဘတ္ ဆန္းခ်က္ဇ္၊ ခံစစ္မွာ ဒီဆာဆီ၊ ဘာဒီယာရွီးလ္၊ ရီးစ္ ဂ်ိမ္းစ္နဲ႔ ကူကူရဲလားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ဂါလာဂါတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ပါးလ္မား၊ မူဒရစ္ခ္နဲ႔ ဘ႐ိုယာတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ပထမပိုင္းမွာ အားရင္ နာေနတဲ့ ရီးစ္ ဂ်ိမ္းစ္ကို ေကာလ္ဝဲလ္နဲ႔ လဲခဲ့ရတဲ့ ခ်ဲလ္ဆီးတို႔က ဒိန္းဂ်ားေတြ ပိုလုပ္ႏိုင္ခဲ့ေပမယ့္ ဂိုးသမား ပစ္ခ္ဖို႔ဒ္ ကာကြယ္သြားႏိုင္ခဲ့ၿပီး အဲဗာတန္တို႔ကေတာ့ တန္ျပန္ၿခိမ္းေျခာက္ခဲ့ေပမယ့္ သိပ္ေတာ့ ရင္ခုန္စရာမရွိခဲ့တာေၾကာင့္ ဂိုးမရွိသေရျဖစ္ေနခဲ့ၾကသလို စတာလင္ကို အရန္ခုံမွာ ထားခဲ့တဲ့ ဧည့္သည္ေတြ အေနနဲ႔ သုံးထားတဲ့ ေငြနဲ႔ ေျခစြမ္းက လိုက္ဖက္မႈ မရွိခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ အဲဗာတန္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန မက္နီးလ္က ေဘာလုံးဆြဲလာၿပီး ဧရိယာထဲကို ခင္းေပးရာမွာ ကဲလ္ဗတ္-လူဝင္က ဂိုးသမားနဲ႔ တစ္ဦးခ်င္းေတြ႕ၿပီး ကန္တာ မဝင္ဘဲ ျပန္ထြက္လာခဲ့တာကို ေနာက္က ေျပးတက္လာခဲ့တဲ့ ဒူကူေရးက အနိမ့္ေဘာ အျပင္းကန္သြင္းသြားႏိုင္ခဲ့တာပါ။

ခ်ဲလ္ဆီးတို႔အေနနဲ႔ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ဘ႐ိုယာတို႔အစား စတာလင္၊ ဂ်က္ဆန္တို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ သိပ္ေတာ့ ထူးမလာခဲ့ဘဲ မူဒရစ္ခ္လိုမ်ိဳး အသင္းနဲ႔ အေစးမကပ္တဲ့ ကစားသမားေတြေၾကာင့္ အလုပ္မျဖစ္ခဲ့ဘူးလို႔ပဲ ေျပာရမွာျဖစ္သလို နာက်င္အခ်ိန္ပိုအထိ ႀကိဳးစားေနခဲ့ေပမယ့္ ဂိုးထပ္ေပးဖို႔ပဲ ျဖစ္လာခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ အဲဗာတန္တို႔က အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို သြင္းယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကို ကြင္းလယ္လူ ဂါနာက ကန္ပို႔ေပးရာမွာ လူစားဝင္ ဂိုးသမား ပက္ထ႐ိုဗစ္ခ်္ ပုတ္ထုတ္လို႔ ဧရိယာထဲမွာ ျပန္က်လာခဲ့တဲ့ ေဘာလုံးကို လူငယ္တိုက္စစ္မႉး ေဒါ့ဘင္က သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးအျဖစ္ အနိမ့္ေဘာ အပိုင္ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အဲဗာတန္လို အသင္းေလာက္ကိုေတာ့ျဖင့္ ႏိုင္ႏိုင္မယ္လို႔ ထင္ခဲ့ေပမယ့္ အသက္ငယ္ငယ္၊ ေဈးႀကီးႀကီးနဲ႔ လခႀကီးႀကီး လူငယ္ေတြခ်င္း အေစးမကပ္မႈ Personalities Contrast ေတြနဲ႔ ခ်ဲလ္ဆီးတို႔ မရႈမလွပဲ နဖူးကြဲခဲ့ရတာျဖစ္ၿပီး ေတာ္ဖီႏွစ္ေတာင့္ အထည့္ခံခဲ့ရတဲ့ ညီမေလးတို႔ ဒီတစ္ပတ္မွာလည္း ဒူးနဲ႔ မ်က္ရည္ဆက္သုတ္ခဲ့ၾကရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.