Premier League

အသင်းဖော်ကို လေးစားမှု လုံးဝမရှိဘူးလို့ အပြောခံနေရတဲ့ ဒါလော့တ်

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ဒါလော့တ်ဟာ ဘုန်းမောက်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အသင်းဖော်အပေါ်မှာ မလေးမစား ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အန်ဒိုနီ အီရာအိုလာရဲ့အသင်းကို စနေနေ့ည အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပထမပိုင်း ၅ မိနစ်မှာပဲ ဆိုလန်ကီက အဖွင့်ဂိုး သွင်းယူခဲ့ပြီးနောက် ဘီလ်လင်းနဲ့ ဆီနီဆီတို့က နောက်ထပ် ဦးဆောင်ဂိုးတွေ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အဲရစ် တန်ဟက်ရဲ့ တုံ့ပြန်မှုဟာ ပြောစရာဖြစ်ခဲ့ပေမယ့်လည်း မာ့ခ် ဂိုးဘရစ်ချ်ရဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးရှုံးပွဲအပေါ် သုံးသပ်ချက်က ဖြစ်ခဲ့သမျှအားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်စေခဲ့တာဖြစ်ပါတယ်။ Match of the Day အစီအစဉ်မှာ စကားပြောဆိုချိန်အတွင်း ဂယ်ရီ လိုင်နီကာနဲ့ အီယန် ရိုက်တို့ဟာ ရာ့စ်မွတ် ဟွိုင်လွန်း ပါဝင်ခဲ့တဲ့ အခိုက်အတန့်ကို အဓိကထားပြီး ပြောဆိုခဲ့ချိန်မှာ ဒါလော့တ်ကို ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်က ၁-၀ နဲ့ နောက်ကနေ လိုက်ကစားနေရတဲ့ ၆၇ မိနစ်မှာ ပေါ်တူဂီနောက်ခံလူဟာ ဂိုးရှေ့ကို ညာတောင်ပံကနေ ဘောလုံးဆွဲပြေးသွားခဲ့ပြီး ပင်နယ်တီဧရိယာထဲမှာ ဒိန်းမတ်တိုက်စစ်မှူးကလည်း အတူ လိုက်ပါလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါလော့တ်က ဟွိုင်လွန်းကို တစ်ချက်ထိ ပိတ်သွင်းယူနိုင်အောင် ဘောလုံးခင်းပေးရမယ့်အစား ကိုယ်တိုင် ကန်သွင်းယူခဲ့တာကြောင့် ဂိုးပိုက်ဘေးကိုသာ ထိမှန်သွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်တို့အတွက် ကြီးမားတဲ့နစ်နာမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘောလုံးကို အသင်းဖော်ဆီမပေးဘဲ ကိုယ်တိုင် ကန်သွင်းယူခဲ့တဲ့ ဒါလော့တ်ရဲ့ ဆုံးဖြတ်ချက်ဟာ အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး အီယန် ရိုက်ကို ဒေါသထွက်စေခဲ့ပြီး အဲဒီဖြစ်စဉ်ဟာ ပေါ်တူဂီနောက်ခံလူဟာ အသင်းဖော်အပေါ် လေးစားမှုမရှိကြောင်း ပြသလိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လိုင်နီကာက “မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဘာကြောင့် အရာအားလုံးက မျှော်လင့်ထားသလိုမဖြစ်လာဘဲ တစ်လွဲဖြစ်သွားခဲ့တာလဲဆိုတာကို တစ်ကြိမ်တည်းနဲ့ ပြသခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်။”

အီယန် ရိုက်က ကြားဝင်ပြီး “ကျွန်တော့်အတွက်တော့ ကျွန်တော် အဲဒါကို မြင်ခဲ့တယ်။ အဲဒါက ဒါလော့တ်ပဲ။ ၁-၀ ဖြစ်နေတဲ့အချိန်။ ကျွန်တော်တို့က ဟွိုင်လွန်းအကြောင်း ပြောနေခဲ့ကြတယ်။ လုပ်စမ်းပါ။ သူ့အခွင့်အရေးကို သူ လိုချင်မယ်လို့။ သူတို့ဆီကနေ ကောင်းမွန်တဲ့ကစားပုံဖြစ်ခဲ့ပါတယ်။ သူ ပင်နယ်တီဧရိယာထဲကို ဝင်လာတယ်။ သူ ဒီဘောလုံးကို ခင်းပေးလိုက်ရမှာ။ သူ့ဆီကို ခင်းပေးလိုက်ရမှာ။ ဒါက သူ့အတွက်တော့ လေးစားမှု လုံးဝ ကင်းမဲ့မှုလို့ ထင်တယ်။ သူက သူ ရှိနေမှန်းတောင် မသိသလိုပဲ။ သူ့ကို ကြည့်လိုက်။ ရယ်စရာအကောင်းဆုံး ထောင့်ကျဉ်းအနေအထားကနေ ဘောလုံးကို ကန်ခဲ့တယ်။ ပြီးတော့ သူက သူ့ကိုယ်သူတောင် စိတ်ပျက်နေသေးတယ်။ ဒါပေမယ့် သူ ဟွိုင်လွန်းကို တစ်ချက်တောင်မကြည့်ဘူးနော်။ ကြောင်တောင်တောင်နိုင်တဲ့ ကန်ချက်ပဲ။ ပြီးတော့ နောက်ထပ်မိနစ်အနည်းငယ်ကြာတော့ ဘုန်းမောက်က သွင်းသွားရော။ ဟွိုင်လွန်းက သူ့ကို အဲဒီအကြောင်းနဲ့ပတ်သက်ပြီး အဝတ်လဲခန်းထဲမှာ ဆွဲပြီး လုပ်စမ်းပါကွာဆိုပြီး ပြောရမှာပါ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရာ့စ်မွတ် ဟွိုင်လွန်းဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးမှ ရရှိခြင်းမရှိသေးပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ ၅ ဂိုး သွင်းယူထားပြီးဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမား ဒါေလာ့တ္ဟာ ဘုန္းေမာက္ကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း အသင္းေဖာ္အေပၚမွာ မေလးမစား ျပဳလုပ္ခဲ့တယ္လို႔ စြပ္စြဲခံေနရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အန္ဒိုနီ အီရာအိုလာရဲ႕အသင္းကို စေနေန႔ည အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ပထမပိုင္း ၅ မိနစ္မွာပဲ ဆိုလန္ကီက အဖြင့္ဂိုး သြင္းယူခဲ့ၿပီးေနာက္ ဘီလ္လင္းနဲ႔ ဆီနီဆီတို႔က ေနာက္ထပ္ ဦးေဆာင္ဂိုးေတြ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အဲရစ္ တန္ဟက္ရဲ႕ တုံ႔ျပန္မႈဟာ ေျပာစရာျဖစ္ခဲ့ေပမယ့္လည္း မာ့ခ္ ဂိုးဘရစ္ခ်္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေနာက္ဆုံးရႈံးပြဲအေပၚ သုံးသပ္ခ်က္က ျဖစ္ခဲ့သမွ်အားလုံးကို ကြက္ကြက္ကြင္းကြင္း ျမင္ေစခဲ့တာျဖစ္ပါတယ္။ Match of the Day အစီအစဥ္မွာ စကားေျပာဆိုခ်ိန္အတြင္း ဂယ္ရီ လိုင္နီကာနဲ႔ အီယန္ ႐ိုက္တို႔ဟာ ရာ့စ္မြတ္ ဟြိဳင္လြန္း ပါဝင္ခဲ့တဲ့ အခိုက္အတန႔္ကို အဓိကထားၿပီး ေျပာဆိုခဲ့ခ်ိန္မွာ ဒါေလာ့တ္ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္က ၁-၀ နဲ႔ ေနာက္ကေန လိုက္ကစားေနရတဲ့ ၆၇ မိနစ္မွာ ေပၚတူဂီေနာက္ခံလူဟာ ဂိုးေရွ႕ကို ညာေတာင္ပံကေန ေဘာလုံးဆြဲေျပးသြားခဲ့ၿပီး ပင္နယ္တီဧရိယာထဲမွာ ဒိန္းမတ္တိုက္စစ္မႉးကလည္း အတူ လိုက္ပါလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒါေလာ့တ္က ဟြိဳင္လြန္းကို တစ္ခ်က္ထိ ပိတ္သြင္းယူႏိုင္ေအာင္ ေဘာလုံးခင္းေပးရမယ့္အစား ကိုယ္တိုင္ ကန္သြင္းယူခဲ့တာေၾကာင့္ ဂိုးပိုက္ေဘးကိုသာ ထိမွန္သြားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔အတြက္ ႀကီးမားတဲ့နစ္နာမႈျဖစ္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးကို အသင္းေဖာ္ဆီမေပးဘဲ ကိုယ္တိုင္ ကန္သြင္းယူခဲ့တဲ့ ဒါေလာ့တ္ရဲ႕ ဆုံးျဖတ္ခ်က္ဟာ အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး အီယန္ ႐ိုက္ကို ေဒါသထြက္ေစခဲ့ၿပီး အဲဒီျဖစ္စဥ္ဟာ ေပၚတူဂီေနာက္ခံလူဟာ အသင္းေဖာ္အေပၚ ေလးစားမႈမရွိေၾကာင္း ျပသလိုက္တာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လိုင္နီကာက “မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ ဘာေၾကာင့္ အရာအားလုံးက ေမွ်ာ္လင့္ထားသလိုမျဖစ္လာဘဲ တစ္လြဲျဖစ္သြားခဲ့တာလဲဆိုတာကို တစ္ႀကိမ္တည္းနဲ႔ ျပသခဲ့တဲ့ ျဖစ္စဥ္ရွိခဲ့တယ္။”

အီယန္ ႐ိုက္က ၾကားဝင္ၿပီး “ကြၽန္ေတာ့္အတြက္ေတာ့ ကြၽန္ေတာ္ အဲဒါကို ျမင္ခဲ့တယ္။ အဲဒါက ဒါေလာ့တ္ပဲ။ ၁-၀ ျဖစ္ေနတဲ့အခ်ိန္။ ကြၽန္ေတာ္တို႔က ဟြိဳင္လြန္းအေၾကာင္း ေျပာေနခဲ့ၾကတယ္။ လုပ္စမ္းပါ။ သူ႔အခြင့္အေရးကို သူ လိုခ်င္မယ္လို႔။ သူတို႔ဆီကေန ေကာင္းမြန္တဲ့ကစားပုံျဖစ္ခဲ့ပါတယ္။ သူ ပင္နယ္တီဧရိယာထဲကို ဝင္လာတယ္။ သူ ဒီေဘာလုံးကို ခင္းေပးလိုက္ရမွာ။ သူ႔ဆီကို ခင္းေပးလိုက္ရမွာ။ ဒါက သူ႔အတြက္ေတာ့ ေလးစားမႈ လုံးဝ ကင္းမဲ့မႈလို႔ ထင္တယ္။ သူက သူ ရွိေနမွန္းေတာင္ မသိသလိုပဲ။ သူ႔ကို ၾကည့္လိုက္။ ရယ္စရာအေကာင္းဆုံး ေထာင့္က်ဥ္းအေနအထားကေန ေဘာလုံးကို ကန္ခဲ့တယ္။ ၿပီးေတာ့ သူက သူ႔ကိုယ္သူေတာင္ စိတ္ပ်က္ေနေသးတယ္။ ဒါေပမယ့္ သူ ဟြိဳင္လြန္းကို တစ္ခ်က္ေတာင္မၾကည့္ဘူးေနာ္။ ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ ကန္ခ်က္ပဲ။ ၿပီးေတာ့ ေနာက္ထပ္မိနစ္အနည္းငယ္ၾကာေတာ့ ဘုန္းေမာက္က သြင္းသြားေရာ။ ဟြိဳင္လြန္းက သူ႔ကို အဲဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး အဝတ္လဲခန္းထဲမွာ ဆြဲၿပီး လုပ္စမ္းပါကြာဆိုၿပီး ေျပာရမွာပါ။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရာ့စ္မြတ္ ဟြိဳင္လြန္းဟာ ဒုတိယပိုင္းမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး တစ္ဂိုးမွ ရရွိျခင္းမရွိေသးေပမယ့္လည္း ခ်န္ပီယံလိဂ္မွာေတာ့ ၅ ဂိုး သြင္းယူထားၿပီးျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.