Match Report Premier League

ငှက်ကျားလောက်တော့ ကြက်သမားတွေက မဖြုံဘူးဆိုပြီး နိုင်ပွဲပြန်ရှာခဲ့တဲ့ စပါး

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဘန်ဒေးဗီးစ်၊ ပက်ဒရို ပေါ်ရိုနဲ့ အူဒိုဂီတို့နဲ့ လူစုံလုနီးပါး ပြန်ဖြစ်လာခဲ့သလို ကွင်းလယ်မှာတော့ ဘီဆူးမား၊ ပါပီ မာတာ ဆားရ်တို့အတွဲကို ပြန်ထိုင်ခဲ့ပြီး တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဘရင်နန် ဂျွန်ဆန်၊ ဆွန်ဟောင်မင်နဲ့ ရစ်ချာလစ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အရန်ခုံမှာ လူမရှိတဲ့ နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ လာဆဲလ်စ်၊ ရှား၊ ထရစ်ပီယာနဲ့ လီဗရာမင်တို့တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ မိုင်လီတို့ကိုပဲ ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲချိန် ၂၆ မိနစ်မှာ စပါးစ်တို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နောက်မှာချည်း ထိုင်ခံနေတဲ့ နယူးကာဆယ်လ်တို့ကို စိတ်ကြိုက် ကစားနေတဲ့ အိမ်ရှင်တွေဘက်က အူဒိုဂီက ကွင်းလယ်ကနေ ဆွန်ဟောင်မင်ရဲ့ တောင်ပံကို ပေးပြီး ဂိုးရှေ့ ပြေးတက်သွားခဲ့ချိန်မှာ ကိုရီးယားကပ္ပတိန်က အနိမ့်ဘော ချိုးပေးတဲ့ ဖန်တီးမှုကို သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးအဖြစ် လွတ်လွတ်ကျွတ်ကျွတ် အနီးကပ် ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာလည်း စပါးစ်တို့ကပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာတဲ့ ဆွန်ဟောင်မင်က တစ်ကိုယ်တော်အစွမ်းနဲ့ ဧရိယာထဲကို ဆွဲဝင်ပြီး ဂိုးတိုင်နားရောက်မှ ဂိုးရှေ့ကို ခင်းပေးရာမှာ ရစ်ချာလစ်ဆန်က အနီးကပ် အနေအထားကနေ ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဂိုးသွင်းခဲလှတဲ့ ရစ်ချာလစ်ဆန်ကပဲ သူ့ရဲ့ ဒုတိယဂိုးနဲ့ စပါးစ်တို့အတွက် တတိယဂိုးကို ရယူပေးခဲ့ပြီး ဒီဂိုးကိုတော့ ညာတောင်ပံကနေ ပေါ်ရိုက ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ လေးလံထိုင်းမှိုင်းလှတဲ့ နယူးကာဆယ်လ်ခံစစ်မှူး လာဆဲလ်စ်ကို ကျော်ကျလာခဲ့တဲ့‌ ဘောလုံးကို ရစ်ချာလစ်ဆန်က တစ်ချက်ထိန်းပြီး Volley ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာ စပါးစ်တို့ပဲ ပြတ်ပြတ်သားသားဖြစ်စေမယ့် စတုတ္ထဂိုးကို ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဧရိယာထဲ ဆွဲဝင်လာခဲ့တဲ့ ဆွန်ဟောင်မင်ကို ခြေချိတ်လှဲခဲ့မိတဲ့ ငှက်ကျားဂိုးသမား ဒူဘရက်ဗ်ကာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဒီနေ့ပွဲမှာ ဂိုးရသင့်နေပြီ ဖြစ်တဲ့ ကိုရီးယားသားကပဲ ဘယ်ဘက်တိုင်ခြေကို ကိုယ်တိုင်ကန်သွင်းယူခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အရှက်ပြေ ချေပဂိုးတစ်ဂိုးကို ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဘောလုံးပြန်ရလာခဲ့တဲ့ လူစားဝင်တိုက်စစ်မှူး ဝီလ်ဆန်က ကန်မလိုလိုနဲ့ ဘယ်ဘက်ကို ခင်းပေးခဲ့ရာမှာ ဧရိယာထဲမှာ လွတ်နေတဲ့ ဂျိုလင်တန်က အနိမ့်ဘော အပြင်းကန်သွင်းပြီး စပါးစ်တို့ကို Clean Sheet ပျက်စေခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာ သရေရထားပြီး ၃ ပွဲအထိ ရှုံးနိမ့်ထားခဲ့တဲ့ စပါးစ်တို့အနေနဲ့ အိမ်ကွင်းမှာ နယူးကာဆယ်လ်ကို လေးဂိုး-တစ်ဂိုးနဲ့ ချေမှုန်းသွားနိုင်ခဲ့ကြပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ခြေကုတ်ပြန်ယူနိုင်ခဲ့သလို လာမယ့်ပွဲတွေအတွက် လူပြန်စုံလာမှုနဲ့အတူ အားတက်စရာလည်းဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဗီကာရီယို၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဘန္ေဒးဗီးစ္၊ ပက္ဒ႐ို ေပၚ႐ိုနဲ႔ အူဒိုဂီတို႔နဲ႔ လူစုံလုနီးပါး ျပန္ျဖစ္လာခဲ့သလို ကြင္းလယ္မွာေတာ့ ဘီဆူးမား၊ ပါပီ မာတာ ဆားရ္တို႔အတြဲကို ျပန္ထိုင္ခဲ့ၿပီး တိုက္စစ္မွာေတာ့ ကူလူရွက္ဗ္စကီး၊ ဘရင္နန္ ဂြၽန္ဆန္၊ ဆြန္ေဟာင္မင္နဲ႔ ရစ္ခ်ာလစ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အရန္ခုံမွာ လူမရွိတဲ့ နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား ဒူဘရက္ဗ္ကာ၊ ခံစစ္မွာ လာဆဲလ္စ္၊ ရွား၊ ထရစ္ပီယာနဲ႔ လီဗရာမင္တို႔တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဂ်ိဳလင္တန္နဲ႔ မိုင္လီတို႔ကိုပဲ ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာ စပါးစ္တို႔ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေနာက္မွာခ်ည္း ထိုင္ခံေနတဲ့ နယူးကာဆယ္လ္တို႔ကို စိတ္ႀကိဳက္ ကစားေနတဲ့ အိမ္ရွင္ေတြဘက္က အူဒိုဂီက ကြင္းလယ္ကေန ဆြန္ေဟာင္မင္ရဲ႕ ေတာင္ပံကို ေပးၿပီး ဂိုးေရွ႕ ေျပးတက္သြားခဲ့ခ်ိန္မွာ ကိုရီးယားကပၸတိန္က အနိမ့္ေဘာ ခ်ိဳးေပးတဲ့ ဖန္တီးမႈကို သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးအျဖစ္ လြတ္လြတ္ကြၽတ္ကြၽတ္ အနီးကပ္ ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာလည္း စပါးစ္တို႔ကပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဘာလုံးရလာတဲ့ ဆြန္ေဟာင္မင္က တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဧရိယာထဲကို ဆြဲဝင္ၿပီး ဂိုးတိုင္နားေရာက္မွ ဂိုးေရွ႕ကို ခင္းေပးရာမွာ ရစ္ခ်ာလစ္ဆန္က အနီးကပ္ အေနအထားကေန ဘယ္ေျခနဲ႔ ကန္သြင္းယူခဲ့တာေၾကာင့္ ပထမပိုင္းမွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဂိုးသြင္းခဲလွတဲ့ ရစ္ခ်ာလစ္ဆန္ကပဲ သူ႔ရဲ႕ ဒုတိယဂိုးနဲ႔ စပါးစ္တို႔အတြက္ တတိယဂိုးကို ရယူေပးခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံကေန ေပၚ႐ိုက ဂိုးေရွ႕ကို ျဖတ္တင္ေပးရာမွာ ေလးလံထိုင္းမႈိင္းလွတဲ့ နယူးကာဆယ္လ္ခံစစ္မႉး လာဆဲလ္စ္ကို ေက်ာ္က်လာခဲ့တဲ့‌ ေဘာလုံးကို ရစ္ခ်ာလစ္ဆန္က တစ္ခ်က္ထိန္းၿပီး Volley ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာ စပါးစ္တို႔ပဲ ျပတ္ျပတ္သားသားျဖစ္ေစမယ့္ စတုတၳဂိုးကို ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဧရိယာထဲ ဆြဲဝင္လာခဲ့တဲ့ ဆြန္ေဟာင္မင္ကို ေျခခ်ိတ္လွဲခဲ့မိတဲ့ ငွက္က်ားဂိုးသမား ဒူဘရက္ဗ္ကာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဒီေန႔ပြဲမွာ ဂိုးရသင့္ေနၿပီ ျဖစ္တဲ့ ကိုရီးယားသားကပဲ ဘယ္ဘက္တိုင္ေျခကို ကိုယ္တိုင္ကန္သြင္းယူခဲ့တာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ အရွက္ေျပ ေခ်ပဂိုးတစ္ဂိုးကို ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ေဘာလုံးျပန္ရလာခဲ့တဲ့ လူစားဝင္တိုက္စစ္မႉး ဝီလ္ဆန္က ကန္မလိုလိုနဲ႔ ဘယ္ဘက္ကို ခင္းေပးခဲ့ရာမွာ ဧရိယာထဲမွာ လြတ္ေနတဲ့ ဂ်ိဳလင္တန္က အနိမ့္ေဘာ အျပင္းကန္သြင္းၿပီး စပါးစ္တို႔ကို Clean Sheet ပ်က္ေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေနာက္ဆုံး ၄ ပြဲမွာ ၁ ပြဲသာ သေရရထားၿပီး ၃ ပြဲအထိ ရႈံးနိမ့္ထားခဲ့တဲ့ စပါးစ္တို႔အေနနဲ႔ အိမ္ကြင္းမွာ နယူးကာဆယ္လ္ကို ေလးဂိုး-တစ္ဂိုးနဲ႔ ေခ်မႈန္းသြားႏိုင္ခဲ့ၾကၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာမွာ ေျခကုတ္ျပန္ယူႏိုင္ခဲ့သလို လာမယ့္ပြဲေတြအတြက္ လူျပန္စုံလာမႈနဲ႔အတူ အားတက္စရာလည္းျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.