Premier League

ဂန်းနားကြယ်ပွင့် ၂ ဦးကို ပေါက်ကရလုပ်ခဲ့လို့ ပြစ်တင်ခံခဲ့ရတဲ့ အာတီတာ

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်က အာဆင်နယ်နည်းပြ အာတီတာကို ဂိုးသမားတွေဖြစ်တဲ့ အာရွန် ရမ်းစ်ဒေးလ်နဲ့ ဒေးဗစ် ရာယာတို့ကို တလွဲဖြစ်အောင် လုပ်ခဲ့တဲ့အတွက် ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

အာတီတာဟာ ယခုနွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကနေ ဒေးဗစ် ရာယာကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စပိန်ဂိုးသမားဟာ အမ်းမရိတ်စ်ကို ရောက်ရှိလာတဲ့အချိန်ကတည်းက ရမ်းစ်ဒေးလ်ရဲ့ ပွဲထွက်ဂိုးသမားနေရာကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒေးဗစ် ရာယာဟာ ယခုရာသီမှာ အမှားတွေ ဆက်တိုက် ကျူးလွန်နေပြီး အာတီတာကလည်း ပြီးခဲ့တဲ့ရာသီမှာ ဂန်းနားတွေအတွက် အထင်ကြီးဖွယ် လက်စွမ်းပြခဲ့တဲ့ ရမ်းစ်ဒေးလ်အပေါ် ဆက်ဆံပုံကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရတာဖြစ်ပါတယ်။

အက်စတန် ဗီလာကို စနေနေ့ညက ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရှမိုက်ကယ်က “ကျွန်တော်တို့ မြင်နေရတာတွေက ပြဿနာတွေ တော်တော်များများပဲလို့ ထင်တယ်။ တစ်ခုက အာတီတာကိုယ်တိုင် အာဆင်နယ်မှာ ဖန်တီးခဲ့တဲ့ အခြေအနေတွေပါ။ ကစားသမား ၂ ဦးကို နံပါတ် ၁ နေရာအတွက် ယှဉ်ပြိုင်စေချင်တယ်။ အဲဒါက ပွဲထွက်ခွင့်နေရာနဲ့ပတ်သက်ပြီး နားလည်မှုကင်းမဲ့ခြင်းကို ပြသနေတာပဲ။ ဂိုးသမားတွေက ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေ နောက်အပတ် ကစားရဦးမှာပဲဆိုတဲ့ ယုံကြည်ချက်မျိုး ရဖို့ လိုတယ်။ခင်ဗျား ဂိုးသမားကို ဒီမှာ ဟိုမှာ နေရာတိုင်းမှာ ခုန်ပျံနေပြီး သူက ပြိုင်ပွဲထက်တောင် ပိုကောင်းတယ်ဆိုတာကို နည်းပြကို ပြသဖို့ ကြိုးပမ်းတာမျိုး ဖြစ်စေချင်မှာမဟုတ်ပါဘူး။ အာတီတာက ရာယာရော ရမ်းစ်ဒေးလ်ရဲ့စိတ်ထဲမှာပါ အဲဒါကို မျိုးစေ့ချခဲ့တာပဲ”

အာတီတာဟာ လူတန်တောင်းကို အင်္ဂါနေ့က ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ၂ ဂိုး ပေးခဲ့ရတဲ့အထိ အမှားကျူးလွန်ခဲ့တဲ့ ရာယာကို ကာကွယ်ခဲ့ပြီး ရှမိုက်ကယ်က စပိန်ဂိုးသမားမှားတဲ့အမှားဟာ နစ်ခ်ပုပ်ဆိုရင် ပုံမှန်ကာကွယ်နေကျကိစ္စဖြစ်တယ်လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

“ပထမအလုံးက နည်းစနစ်ပိုင်းအမှားပါ။ ဘောလုံးကို ထွက်ဆွဲရမယ့်အစား သူ စောင့်နေခဲ့တယ်။ အဲဒါနဲ့ အဒီဘာယိုက ခေါင်းဝင်တိုက်သွားတာ။ အဲဒီတော့ သူ အမှားလုပ်မိခဲ့ပြီဆိုတာ သိလိုက်တယ်။ အဲဒီမှာပဲ သူပျာသွားတယ်။ သူ့စိတ်က မရှင်းလင်းတော့ဘူး။ ဘယ်လိုဖြစ်နေလဲဆိုတာ ငါ နည်းပြကို ပြသဖို့ လိုတယ်ဆိုပြီးတော့ပေါ့။ ဒုတိယအမှားမှာ ၁၀၀ ရာခိုင်နှုန်း အာရုံစူးစိုက်မှုမရှိခဲ့လို့ပါ။ ဘာကြောင့် သူ့ခြေထောက်နဲ့ ကန်ချက်ကို မပိတ်ဆို့ခဲ့တာလဲ။ နစ်ခ်ပုပ်ဆိုရင် အဲဒီလို အမြဲတမ်း လုပ်နေခဲ့တာပါ။ ပုပ်က အဲဒီလိုမျိုး ပုံစံနဲ့ ကာကွယ်မှု ပြုလုပ်ခဲ့တဲ့ ပထမဆုံးသောဂိုးသမားပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ဂိုးသမားႀကီး ပီတာ ရွမိုက္ကယ္က အာဆင္နယ္နည္းျပ အာတီတာကို ဂိုးသမားေတြျဖစ္တဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္နဲ႔ ေဒးဗစ္ ရာယာတို႔ကို တလြဲျဖစ္ေအာင္ လုပ္ခဲ့တဲ့အတြက္ ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

အာတီတာဟာ ယခုေႏြရာသီမွာ ဘရန႔္တ္ဖို႔ဒ္ကေန ေဒးဗစ္ ရာယာကို ေခၚယူဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး စပိန္ဂိုးသမားဟာ အမ္းမရိတ္စ္ကို ေရာက္ရွိလာတဲ့အခ်ိန္ကတည္းက ရမ္းစ္ေဒးလ္ရဲ႕ ပြဲထြက္ဂိုးသမားေနရာကို ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဒးဗစ္ ရာယာဟာ ယခုရာသီမွာ အမွားေတြ ဆက္တိုက္ က်ဴးလြန္ေနၿပီး အာတီတာကလည္း ၿပီးခဲ့တဲ့ရာသီမွာ ဂန္းနားေတြအတြက္ အထင္ႀကီးဖြယ္ လက္စြမ္းျပခဲ့တဲ့ ရမ္းစ္ေဒးလ္အေပၚ ဆက္ဆံပုံေၾကာင့္ ျပစ္တင္ေဝဖန္ခံခဲ့ရတာျဖစ္ပါတယ္။

အက္စတန္ ဗီလာကို စေနေန႔ညက ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ရွမိုက္ကယ္က “ကြၽန္ေတာ္တို႔ ျမင္ေနရတာေတြက ျပႆနာေတြ ေတာ္ေတာ္မ်ားမ်ားပဲလို႔ ထင္တယ္။ တစ္ခုက အာတီတာကိုယ္တိုင္ အာဆင္နယ္မွာ ဖန္တီးခဲ့တဲ့ အေျခအေနေတြပါ။ ကစားသမား ၂ ဦးကို နံပါတ္ ၁ ေနရာအတြက္ ယွဥ္ၿပိဳင္ေစခ်င္တယ္။ အဲဒါက ပြဲထြက္ခြင့္ေနရာနဲ႔ပတ္သက္ၿပီး နားလည္မႈကင္းမဲ့ျခင္းကို ျပသေနတာပဲ။ ဂိုးသမားေတြက ဘယ္လိုပဲျဖစ္ျဖစ္ သူတို႔ေတြ ေနာက္အပတ္ ကစားရဦးမွာပဲဆိုတဲ့ ယုံၾကည္ခ်က္မ်ိဳး ရဖို႔ လိုတယ္။ခင္ဗ်ား ဂိုးသမားကို ဒီမွာ ဟိုမွာ ေနရာတိုင္းမွာ ခုန္ပ်ံေနၿပီး သူက ၿပိဳင္ပြဲထက္ေတာင္ ပိုေကာင္းတယ္ဆိုတာကို နည္းျပကို ျပသဖို႔ ႀကိဳးပမ္းတာမ်ိဳး ျဖစ္ေစခ်င္မွာမဟုတ္ပါဘူး။ အာတီတာက ရာယာေရာ ရမ္းစ္ေဒးလ္ရဲ႕စိတ္ထဲမွာပါ အဲဒါကို မ်ိဳးေစ့ခ်ခဲ့တာပဲ”

အာတီတာဟာ လူတန္ေတာင္းကို အဂၤါေန႔က ၄-၃ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ၂ ဂိုး ေပးခဲ့ရတဲ့အထိ အမွားက်ဴးလြန္ခဲ့တဲ့ ရာယာကို ကာကြယ္ခဲ့ၿပီး ရွမိုက္ကယ္က စပိန္ဂိုးသမားမွားတဲ့အမွားဟာ နစ္ခ္ပုပ္ဆိုရင္ ပုံမွန္ကာကြယ္ေနက်ကိစၥျဖစ္တယ္လို႔ ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္။

“ပထမအလုံးက နည္းစနစ္ပိုင္းအမွားပါ။ ေဘာလုံးကို ထြက္ဆြဲရမယ့္အစား သူ ေစာင့္ေနခဲ့တယ္။ အဲဒါနဲ႔ အဒီဘာယိုက ေခါင္းဝင္တိုက္သြားတာ။ အဲဒီေတာ့ သူ အမွားလုပ္မိခဲ့ၿပီဆိုတာ သိလိုက္တယ္။ အဲဒီမွာပဲ သူပ်ာသြားတယ္။ သူ႔စိတ္က မရွင္းလင္းေတာ့ဘူး။ ဘယ္လိုျဖစ္ေနလဲဆိုတာ ငါ နည္းျပကို ျပသဖို႔ လိုတယ္ဆိုၿပီးေတာ့ေပါ့။ ဒုတိယအမွားမွာ ၁၀၀ ရာခိုင္ႏႈန္း အာ႐ုံစူးစိုက္မႈမရွိခဲ့လို႔ပါ။ ဘာေၾကာင့္ သူ႔ေျခေထာက္နဲ႔ ကန္ခ်က္ကို မပိတ္ဆို႔ခဲ့တာလဲ။ နစ္ခ္ပုပ္ဆိုရင္ အဲဒီလို အၿမဲတမ္း လုပ္ေနခဲ့တာပါ။ ပုပ္က အဲဒီလိုမ်ိဳး ပုံစံနဲ႔ ကာကြယ္မႈ ျပဳလုပ္ခဲ့တဲ့ ပထမဆုံးေသာဂိုးသမားပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.