Premier League

ဇန်နဝါရီမှာ မာတစ်နေရာမှာ အစားထိုးမယ့်သူနဲ့ပတ်သက်ပြီး စိုးရိမ်နေတဲ့ ပရိသတ်များ

လီဗာပူးလ်နောက်ခံလူ ဂျိုရယ် မာတစ်ဟာ ဒူးရွတ်အရှေ့ပိုင်း စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီးနောက် တစ်ရာသီလုံး လွဲချော်တော့မှာဖြစ်ပြီး ပရိသတ်တွေဟာ ၎င်းရဲ့ နေရာမှာ အစားထိုးခေါ်ယူမယ့်သူနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်ခဲ့ကြပါတယ်။

ကင်မရွန်းနောက်ခံလူဟာ ဖူလ်ဟမ်ကို အန်းဖီးမှာ ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာရသွားတဲ့အချိန်မှာပဲ တော်တော်လေး ပြင်းထန်တဲ့ပုံစံပေါ်တာကြောင့် စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်ရဲ့ အကြောက်ရွံ့ဆုံးအရာက မာတစ်ဟာ ဒူးရွတ်စုတ်ပြဲသွားတာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တဲ့အချိန်မှာ အမှန်တကယ်ဖြစ်လာခဲ့တာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် နောက်ခံကစားသမားဟာ ဒီလာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အသင်းအတွက် နောက်ဆုံးပွဲပါဝင်ကစားပေးခဲ့တာတောင် ဖြစ်နိုင်ပါတယ်။

ကလော့ပ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးလ်အတွက် ဇန်နဝါရီလမှာ မာတစ်နေရာမှာ အစားထိုးခေါ်ယူမှုပြုလုပ်ဖို့က ခက်ခဲလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး အသင်းမှာရှိနေပြီးသားကစားသမားတွေကိုပဲ ရှာဖွေရမှာဖြစ်နိုင်ပါတယ်။

ဂျရဲလ် ကွမ်ဆာနဲ့ အီဘရာဟီမာ ကိုနာတီတို့ဟာ ဗဟိုခံစစ် ညာခြမ်းတာဝန်ကို မျှဝေယူနေတာဖြစ်ပြီး ဗန်ဒိုက် ကစားနေတဲ့ ဘယ်ခြမ်းအတွက်တော့ ကာဗာလုပ်ပေးနိုင်မယ့်သူ မရှိတဲ့အနေအထားဖြစ်နေတာဖြစ်ပါတယ်။ ဗဟိုခံစစ်ဘယ်ခြမ်းကို ပုံမှန် ဖြည့်ကစားပေးခဲ့တဲ့ ကစားသမားတစ်ဦးကတော့ ၂၀၂၀-၂၀၂၁ ရာသီတုန်းက ဒဏ်ရာပြဿနာအကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတုန်းက နတ် ဖိလစ် ကစားပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ အဲဒီနောက်ပိုင်း ပရီးမီးယားလိဂ် ၂ ပွဲသာ ပါဝင်ကစားပေးခဲ့ပြီး ဒီရာသီမှာ ဆဲလ်တစ်ကို အငှားထွက်ကစားရာမှာလည်း လိဂ်ပွဲ ၅ ပွဲသာ ကစားထားရသေးတာဖြစ်ပါတယ်။

နတ် ဖိလစ်နဲ့ ဆဲလ်တစ်ရဲ့ အငှားစာချုပ်ဟာ ပထမရာသီဝက်ထိသာ ချုပ်ဆိုထားတာကြောင့် ဇန်နဝါရီမှာ အန်းဖီးကို ပြန်လာတော့မှာဖြစ်ပြီး ပရိသတ်တွေဟာ မာတစ်ရဲ့နေရာမှာ လီဗာပူးလ်က အခြားကစားသမားတစ်ဦး အစားထိုးခေါ်ယူမှုမလုပ်နိုင်ရင် နတ် ဖိလစ်နဲ့ပဲ နှစ်ပါးသွားရတော့မှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ေနာက္ခံလူ ဂ်ိဳရယ္ မာတစ္ဟာ ဒူး႐ြတ္အေရွ႕ပိုင္း စုတ္ၿပဲဒဏ္ရာရရွိခဲ့ၿပီးေနာက္ တစ္ရာသီလုံး လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ပရိသတ္ေတြဟာ ၎ရဲ႕ ေနရာမွာ အစားထိုးေခၚယူမယ့္သူနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္ခဲ့ၾကပါတယ္။

ကင္မ႐ြန္းေနာက္ခံလူဟာ ဖူလ္ဟမ္ကို အန္းဖီးမွာ ၄-၃ နဲ႔ အႏိုင္ရခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ဒဏ္ရာရသြားတဲ့အခ်ိန္မွာပဲ ေတာ္ေတာ္ေလး ျပင္းထန္တဲ့ပုံစံေပၚတာေၾကာင့္ စိုးရိမ္ခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္ရဲ႕ အေၾကာက္႐ြံ႕ဆုံးအရာက မာတစ္ဟာ ဒူး႐ြတ္စုတ္ၿပဲသြားတာျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့တဲ့အခ်ိန္မွာ အမွန္တကယ္ျဖစ္လာခဲ့တာျဖစ္ၿပီး အသက္ ၃၂ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ဒီလာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ အသင္းအတြက္ ေနာက္ဆုံးပြဲပါဝင္ကစားေပးခဲ့တာေတာင္ ျဖစ္ႏိုင္ပါတယ္။

ကေလာ့ပ္က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ လီဗာပူးလ္အတြက္ ဇန္နဝါရီလမွာ မာတစ္ေနရာမွာ အစားထိုးေခၚယူမႈျပဳလုပ္ဖို႔က ခက္ခဲလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး အသင္းမွာရွိေနၿပီးသားကစားသမားေတြကိုပဲ ရွာေဖြရမွာျဖစ္ႏိုင္ပါတယ္။

ဂ်ရဲလ္ ကြမ္ဆာနဲ႔ အီဘရာဟီမာ ကိုနာတီတို႔ဟာ ဗဟိုခံစစ္ ညာျခမ္းတာဝန္ကို မွ်ေဝယူေနတာျဖစ္ၿပီး ဗန္ဒိုက္ ကစားေနတဲ့ ဘယ္ျခမ္းအတြက္ေတာ့ ကာဗာလုပ္ေပးႏိုင္မယ့္သူ မရွိတဲ့အေနအထားျဖစ္ေနတာျဖစ္ပါတယ္။ ဗဟိုခံစစ္ဘယ္ျခမ္းကို ပုံမွန္ ျဖည့္ကစားေပးခဲ့တဲ့ ကစားသမားတစ္ဦးကေတာ့ ၂၀၂၀-၂၀၂၁ ရာသီတုန္းက ဒဏ္ရာျပႆနာအၾကပ္အတည္းနဲ႔ ရင္ဆိုင္ခဲ့ရတုန္းက နတ္ ဖိလစ္ ကစားေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၂၆ ႏွစ္အ႐ြယ္ ကစားသမားဟာ အဲဒီေနာက္ပိုင္း ပရီးမီးယားလိဂ္ ၂ ပြဲသာ ပါဝင္ကစားေပးခဲ့ၿပီး ဒီရာသီမွာ ဆဲလ္တစ္ကို အငွားထြက္ကစားရာမွာလည္း လိဂ္ပြဲ ၅ ပြဲသာ ကစားထားရေသးတာျဖစ္ပါတယ္။

နတ္ ဖိလစ္နဲ႔ ဆဲလ္တစ္ရဲ႕ အငွားစာခ်ဳပ္ဟာ ပထမရာသီဝက္ထိသာ ခ်ဳပ္ဆိုထားတာေၾကာင့္ ဇန္နဝါရီမွာ အန္းဖီးကို ျပန္လာေတာ့မွာျဖစ္ၿပီး ပရိသတ္ေတြဟာ မာတစ္ရဲ႕ေနရာမွာ လီဗာပူးလ္က အျခားကစားသမားတစ္ဦး အစားထိုးေခၚယူမႈမလုပ္ႏိုင္ရင္ နတ္ ဖိလစ္နဲ႔ပဲ ႏွစ္ပါးသြားရေတာ့မွာကို စိုးရိမ္ေနၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.