Saudi League

ရန်လာစတဲ့ အယ်လ်ဟီလာလ်ကစားသမားကို ပညာသားပါပါတုံ့ပြန်ခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၎င်းကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ အယ်လ်ဟီလာလ်ကစားသမားကို ရယ်မောဖွယ်ကောင်းတဲ့တုံ့ပြန်မှု ပြုလုပ်ခဲ့ပါတယ်။

သောကြာနေ့ညမှာ အယ်လ်ဟီလာလ်ဟာ ဒီရာသီရဲ့ ပထမဆုံး ရီယက်ဒ်ဒါဘီအဖြစ် King Fahd ကွင်းမှာ အယ်လ်နာဆာနဲ့ တွေ့ဆုံယှဉ်ပြိုင်ခဲ့ပြီး အစဉ်အလာပြိုင်ဘက်တွေဖြစ်တာကြောင့် တင်းမာမှုတွေ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေဟာ ဒီပွဲစဉ်မတိုင်ခင် ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားမှာ အယ်လ်နာဆာရဲ့အထက်မှာ ရပ်တည်နေတာဖြစ်ပြီး အယ်လ်ဟီလာလ်ကစားသမားတစ်ဦးဟာ ပထမပိုင်းမှာ ရော်နယ်လ်ဒိုကို ထိပ်တိုက်တွေ့ဆုံပြီး ကွင်းထဲမှာ တင်းမာမှုတွေ မြင့်တက်လာတော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

အလီ အယ်လ်-ဘူလေဟီဟာ ပေါ်တူဂီကြယ်ပွင့်ကို ဒေါသတကြီး ထိပ်တိုက်ရင်ဆိုင်ခဲ့တာ ဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ နားကို လက်နဲ့ ကပ်ပြီး အယ်လ်ဟီလာလ်ကစားသမားရဲ့ တိုက်ခိုက်မှုကို မကြားရဟန်နဲ့ အေးအေးဆေးဆေး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေးမှာ လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ပြီး ပရိသတ်တစ်ဦးက “ဘယ်ကမှန်းမသိတဲ့ကောင်က ရော်နယ်လ်ဒိုနဲ့ တန်းညှိဖို့ ကြိုးစားချင်နေတာ”လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “အဲဒီ လူပြက်ကောင်က ဘယ်သူလဲ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၎ကို တိုက္ခိုက္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ အယ္လ္ဟီလာလ္ကစားသမားကို ရယ္ေမာဖြယ္ေကာင္းတဲ့တုံ႔ျပန္မႈ ျပဳလုပ္ခဲ့ပါတယ္။

ေသာၾကာေန႔ညမွာ အယ္လ္ဟီလာလ္ဟာ ဒီရာသီရဲ႕ ပထမဆုံး ရီယက္ဒ္ဒါဘီအျဖစ္ King Fahd ကြင္းမွာ အယ္လ္နာဆာနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ၿပီး အစဥ္အလာၿပိဳင္ဘက္ေတြျဖစ္တာေၾကာင့္ တင္းမာမႈေတြ ျမင့္တက္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြဟာ ဒီပြဲစဥ္မတိုင္ခင္ ေဆာ္ဒီပ႐ိုလိဂ္အမွတ္ေပးဇယားမွာ အယ္လ္နာဆာရဲ႕အထက္မွာ ရပ္တည္ေနတာျဖစ္ၿပီး အယ္လ္ဟီလာလ္ကစားသမားတစ္ဦးဟာ ပထမပိုင္းမွာ ေရာ္နယ္လ္ဒိုကို ထိပ္တိုက္ေတြ႕ဆုံၿပီး ကြင္းထဲမွာ တင္းမာမႈေတြ ျမင့္တက္လာေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။

အလီ အယ္လ္-ဘူေလဟီဟာ ေပၚတူဂီၾကယ္ပြင့္ကို ေဒါသတႀကီး ထိပ္တိုက္ရင္ဆိုင္ခဲ့တာ ျဖစ္ၿပီး ဘလြန္ေဒါ ၅ ဆုရွင္ဟာ နားကို လက္နဲ႔ ကပ္ၿပီး အယ္လ္ဟီလာလ္ကစားသမားရဲ႕ တိုက္ခိုက္မႈကို မၾကားရဟန္နဲ႔ ေအးေအးေဆးေဆး တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြဟာ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ေပးမွာ လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၿပီး ပရိသတ္တစ္ဦးက “ဘယ္ကမွန္းမသိတဲ့ေကာင္က ေရာ္နယ္လ္ဒိုနဲ႔ တန္းညႇိဖို႔ ႀကိဳးစားခ်င္ေနတာ”လို႔ ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးက “အဲဒီ လူျပက္ေကာင္က ဘယ္သူလဲ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.