Premier League

ဒီရာသီ ထိပ်ဆုံး ၄ နေရာဝင်၊ မဝင်ပြောလိုက်တဲ့ ပိုချက်တီနို

ပူရီဆီယို ပိုချက်တီနိုဟာ ချဲလ်ဆီက ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုုံးမယ့် အသင်း မဟုတ်ကောင်း မဟုတ်နိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဗုဒ္ဒဟူးနေ့ညက မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရာသီအဖွင့် ၁၅ ပွဲကစားပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး ပိုချက်တီနိုရဲ့အသင်းဟာ အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၁၁ မှတ်အထိ ကွာဟနေခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၁၂ နေရာမှာ ဆိုးဆိုးရွားရွား ရာသီပြီးဆုံးခဲ့ပြီးနောက် ဒီနွေရာသီမှာ ချဲလ်ဆီးကို ရောက်လာခဲ့တဲ့ ပိုချက်တီနိုက ချဲလ်ဆီးအနေနဲ့ ဒီရာသီမှာလည်း ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးနိုင်မှာမဟုတ်လောက်ဘူးလို့ ပြောခဲ့ပေမယ့်လည်း အရာအားလုံးကို ပြောင်းလဲပစ်ဖို့ အချိန်ပေးခြင်းခံရမယ်ဆိုရင်တော့ ထိပ်ဆုံး ၄ နေရာထဲ ဝင်နိုင်အောင် လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ထိပ်ဆုံး ၄ နေရာအတွက် စိန်ခေါ်သွားမှာပါ။ ဟုတ်ပါတယ်။ အခုမဟုတ်သေးတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ သေချာပါတယ်။ ဘယ်အချိန်လဲဆိုတာ ဘယ်သူသိနိုင်မလဲ။ ကျွန်တော်ကတော့ တတ်နိုင်သမျှ မြန်မြန်ဖြစ်ဖို့ မျှော်လင့်ပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပူရီဆီယို ပိုခ်က္တီႏိုဟာ ခ်ဲလ္ဆီက ပရီးမီးယားလိဂ္ ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုုံးမယ့္ အသင္း မဟုတ္ေကာင္း မဟုတ္ႏိုင္ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ဗုဒၵဟူးေန႔ညက မန္ခ်က္စတာယူႏိုက္တက္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ရာသီအဖြင့္ ၁၅ ပြဲကစားၿပီးေနာက္ အမွတ္ေပးဇယား အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနရတာျဖစ္ၿပီး ပိုခ်က္တီႏိုရဲ႕အသင္းဟာ အဆင့္ ၄ ေနရာက မန္စီးတီးနဲ႔ ၁၁ မွတ္အထိ ကြာဟေနခဲ့ၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၁၂ ေနရာမွာ ဆိုးဆိုး႐ြား႐ြား ရာသီၿပီးဆုံးခဲ့ၿပီးေနာက္ ဒီေႏြရာသီမွာ ခ်ဲလ္ဆီးကို ေရာက္လာခဲ့တဲ့ ပိုခ်က္တီႏိုက ခ်ဲလ္ဆီးအေနနဲ႔ ဒီရာသီမွာလည္း ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးႏိုင္မွာမဟုတ္ေလာက္ဘူးလို႔ ေျပာခဲ့ေပမယ့္လည္း အရာအားလုံးကို ေျပာင္းလဲပစ္ဖို႔ အခ်ိန္ေပးျခင္းခံရမယ္ဆိုရင္ေတာ့ ထိပ္ဆုံး ၄ ေနရာထဲ ဝင္ႏိုင္ေအာင္ လုပ္ဖို႔ အစီအစဥ္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ထိပ္ဆုံး ၄ ေနရာအတြက္ စိန္ေခၚသြားမွာပါ။ ဟုတ္ပါတယ္။ အခုမဟုတ္ေသးတာျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အနာဂတ္မွာေတာ့ ေသခ်ာပါတယ္။ ဘယ္အခ်ိန္လဲဆိုတာ ဘယ္သူသိႏိုင္မလဲ။ ကြၽန္ေတာ္ကေတာ့ တတ္ႏိုင္သမွ် ျမန္ျမန္ျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.