Premier League

စပါးစ်ကို အကွက်ဝင်တုန်း နှိပ်ကွပ်ပြီး ဂန်းနားတွေကို ချစ်မြတ်နိုးဆဲဆိုတာ ပြသခဲ့တဲ့ အိုဇေးလ်

အာဆင်နယ်ကြယ်ပွင့်ဟောင်း မီဆွတ် အိုဇေးလ်ဟာ ပြိုင်ဘက်ဟောင်းတွေဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကို Bottle Job FC(ဖိအားတွေအောက်မှာ လဲပြိုတတ်သူများလို့ အဓိပ္ပာယ်ရ)လို့ လှောင်ပြောင်ခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ကြာသပတေးနေ့က မြောက်လန်ဒန်မှာ ဝက်စ်ဟမ်းကို ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီးမှ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တတိယမြောက် အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ ၅ ပွဲဆက်တိုက် ဦးဆောင်ဂိုးရပြီးမှ ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ကလပ်အသင်းဆိုတဲ့ စံချိန်ဆိုးကိုလည်း ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ပိုစတီကိုဂလူရဲ့အသင်းဟာ ဒီရာသီကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီးနောက် အောက်တိုဘာလနှောင်းပိုင်းအထိ ဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်း စိတ်ပျက်စရာရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးကို အိမ်ကွင်းမှာ ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ ရမှတ် ၁ မှတ်သာ ရယူထားနိုင်သေးပြီး ဝုလ်ဗ်စ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ပြီးနောက် အက်စတန် ဗီလာကို အိမ်ကွင်းမှာ ထပ်မံရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ ပြီးခဲ့တဲ့အပတ်က အစ်တီဟတ်မှာ မန်ချက်စတာစီးတီးနဲ့ ၃-၃ သရေကျခဲ့တာဖြစ်ပြီး သောကြာနေ့ညက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ နောက်ထပ်တစ်ကြိမ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်း အိုဇေးလ်က အဓိကပြိုင်ဘက်ဟောင်းတွေရဲ့ ရှုံးပွဲကြောင့် ပျော်ရွှင်နေခဲ့ပုံပေါ်ပြီး တော့တင်ဟမ်ဟော့စပါးရဲ့ စိတ်ပျက်စရာရလဒ်တွေအကြောင်း ဖော်ပြထားတဲ့ ပို့စ်ကို ရှဲပြီး “ဒီစံချိန်ကို ဘယ်သူကများ ရိုက်ချိုးနိုင်မလဲ။ Bottle Job FC ပြန်လာပြီ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ၾကယ္ပြင့္ေဟာင္း မီဆြတ္ အိုေဇးလ္ဟာ ၿပိဳင္ဘက္ေဟာင္းေတြျဖစ္တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးကို Bottle Job FC(ဖိအားေတြေအာက္မွာ လဲၿပိဳတတ္သူမ်ားလို႔ အဓိပၸာယ္ရ)လို႔ ေလွာင္ေျပာင္ခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ ၾကာသပေတးေန႔က ေျမာက္လန္ဒန္မွာ ဝက္စ္ဟမ္းကို ၁-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၿပီးမွ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ တတိယေျမာက္ အိမ္ကြင္းရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ ၅ ပြဲဆက္တိုက္ ဦးေဆာင္ဂိုးရၿပီးမွ ရႈံးနိမ့္ခဲ့တဲ့ ပထမဆုံးေသာ ပရီးမီးယားလိဂ္ကလပ္အသင္းဆိုတဲ့ စံခ်ိန္ဆိုးကိုလည္း ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ပိုစတီကိုဂလူရဲ႕အသင္းဟာ ဒီရာသီကို အေကာင္းဆုံးစတင္ႏိုင္ခဲ့ၿပီးေနာက္ ေအာက္တိုဘာလေႏွာင္းပိုင္းအထိ ဇယားထိပ္ဆုံးမွာ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း အဲဒီေနာက္ပိုင္း စိတ္ပ်က္စရာရလဒ္ေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကို အိမ္ကြင္းမွာ ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း လက္ရွိအခ်ိန္အထိ ရမွတ္ ၁ မွတ္သာ ရယူထားႏိုင္ေသးၿပီး ဝုလ္ဗ္စ္ကို အေဝးကြင္းမွာ ရႈံးနိမ့္ၿပီးေနာက္ အက္စတန္ ဗီလာကို အိမ္ကြင္းမွာ ထပ္မံရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးဟာ ၿပီးခဲ့တဲ့အပတ္က အစ္တီဟတ္မွာ မန္ခ်က္စတာစီးတီးနဲ႔ ၃-၃ သေရက်ခဲ့တာျဖစ္ၿပီး ေသာၾကာေန႔ညက ဝက္စ္ဟမ္းကို အိမ္ကြင္းမွာ ေနာက္ထပ္တစ္ႀကိမ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေဟာင္း အိုေဇးလ္က အဓိကၿပိဳင္ဘက္ေဟာင္းေတြရဲ႕ ရႈံးပြဲေၾကာင့္ ေပ်ာ္႐ႊင္ေနခဲ့ပုံေပၚၿပီး ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕ စိတ္ပ်က္စရာရလဒ္ေတြအေၾကာင္း ေဖာ္ျပထားတဲ့ ပို႔စ္ကို ရွဲၿပီး “ဒီစံခ်ိန္ကို ဘယ္သူကမ်ား ႐ိုက္ခ်ိဳးႏိုင္မလဲ။ Bottle Job FC ျပန္လာၿပီ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.