Premier League

မက်ဆီကို ခေါ်ပေးရင် ပျော်မိမယ်လို့ ပြောလိုက်တဲ့ ဘရန့်တ်ဖို့ဒ် နည်းပြ

ဘရန့်တ်ဖို့ဒ်အသင်းပိုင်ရှင် မက်သယူး ဘန်ဟမ်က အသင်းရဲ့ ရှယ်ယာအချို့ကို ရောင်းထုတ်ချင်တဲ့ဆန္ဒရှိနေတယ်လို့ ကြေညာခဲ့ပြီး ရင်းနှီးမြှုပ်နှံသူဖြစ်လာနိုင်တဲ့ နာမည်အများအပြားလည်း သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဲဒီလို သတင်းတွေ ထွက်ပေါ်လာတဲ့ နာမည်တွေထဲမှာ အင်တာ မိုင်ယာမီ အသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ဟမ်းက ထိပ်ဆုံးကဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဖြစ်ပေမယ့်လည်း သားဖြစ်သူ ရိုမီယိုက ဘရန့်တ်ဖို့ဒ် ဘီအသင်းမှာ ကစားနေတာဖြစ်ပါတယ်။

ဒါကြောင့် ဒေးဗစ် ဘက်ဟမ်းအနေနဲ့ ဘရန့်တ်ဖို့ဒ်ရဲ့ ရှယ်ယာတချို့တဝက်ကို ဝယ်ယူနိုင်တယ်ဆိုတဲ့ ကောလာဟလတွေက ပိုမို အားကောင်းနေပြီး နည်းပြ သောမတ်စ် ဖရန့်ခ်က ရင်းနှီးမြှုပ်နှံမှု ကောလာဟလတွေနဲ့ပတ်သက်ပြီး ၎င်းရဲ့ အမြင်ကို မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

သောမတ်စ် ဖရန့်ခ်က နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေက ဘရန့်တ်ဖို့ဒ်ရဲ့ အရည်အချင်းရှိ ကစားသမားတွေကိုခေါ်ယူနိုင်မှုအပေါ်မှာ အကျိုးသက်ရောက်မှုရှိနိုင်မယ်လို့ ယုံကြည်လားလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဖရန့်ခ်က အဲဒီမေးခွန်းကို ရယ်ရယ်မောမောပဲ “တကယ်လို့ သူသာ မက်ဆီကို ခေါ်ယူပေးမယ်ဆိုရင် ကျွန်တော် အရမ်းပျော်ရွှင်မိမှာပါ။ အဲဒီကျရင် ကျွန်တော် ခေါ်လိုက်ပါလို့ ပြောမှာပါ။ ကျွန်တော် မက်သယူးကို ဖုန်းခေါ်မယ်။ အဲဒီကိစ္စ ဖြစ်အောင်လုပ်ပေးဖို့ပေါ့။ ကောလာဟလတွေကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဟုတ်ပါတယ်။ မက်သယူးက အသင်းပိုင်ရှင်ပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရန႔္တ္ဖို႔ဒ္အသင္းပိုင္ရွင္ မက္သယူး ဘန္ဟမ္က အသင္းရဲ႕ ရွယ္ယာအခ်ိဳ႕ကို ေရာင္းထုတ္ခ်င္တဲ့ဆႏၵရွိေနတယ္လို႔ ေၾကညာခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူျဖစ္လာႏိုင္တဲ့ နာမည္အမ်ားအျပားလည္း သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

အဲဒီလို သတင္းေတြ ထြက္ေပၚလာတဲ့ နာမည္ေတြထဲမွာ အင္တာ မိုင္ယာမီ အသင္း ပူးတြဲပိုင္ရွင္ ေဒးဗစ္ဘက္ဟမ္းက ထိပ္ဆုံးကျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ျဖစ္ေပမယ့္လည္း သားျဖစ္သူ ႐ိုမီယိုက ဘရန႔္တ္ဖို႔ဒ္ ဘီအသင္းမွာ ကစားေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ ေဒးဗစ္ ဘက္ဟမ္းအေနနဲ႔ ဘရန႔္တ္ဖို႔ဒ္ရဲ႕ ရွယ္ယာတခ်ိဳ႕တဝက္ကို ဝယ္ယူႏိုင္တယ္ဆိုတဲ့ ေကာလာဟလေတြက ပိုမို အားေကာင္းေနၿပီး နည္းျပ ေသာမတ္စ္ ဖရန႔္ခ္က ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာလာဟလေတြနဲ႔ပတ္သက္ၿပီး ၎ရဲ႕ အျမင္ကို ေမးျမန္းျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

ေသာမတ္စ္ ဖရန႔္ခ္က ေနာက္ထပ္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ဘရန႔္တ္ဖို႔ဒ္ရဲ႕ အရည္အခ်င္းရွိ ကစားသမားေတြကိုေခၚယူႏိုင္မႈအေပၚမွာ အက်ိဳးသက္ေရာက္မႈရွိႏိုင္မယ္လို႔ ယုံၾကည္လားလို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဖရန႔္ခ္က အဲဒီေမးခြန္းကို ရယ္ရယ္ေမာေမာပဲ “တကယ္လို႔ သူသာ မက္ဆီကို ေခၚယူေပးမယ္ဆိုရင္ ကြၽန္ေတာ္ အရမ္းေပ်ာ္႐ႊင္မိမွာပါ။ အဲဒီက်ရင္ ကြၽန္ေတာ္ ေခၚလိုက္ပါလို႔ ေျပာမွာပါ။ ကြၽန္ေတာ္ မက္သယူးကို ဖုန္းေခၚမယ္။ အဲဒီကိစၥ ျဖစ္ေအာင္လုပ္ေပးဖို႔ေပါ့။ ေကာလာဟလေတြကို ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ ဟုတ္ပါတယ္။ မက္သယူးက အသင္းပိုင္ရွင္ပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.