Match Report Premier League

အိမ်တိုင်ယာရောက်အလှူမှာ ငှက်ကျားဆီက ဝက်သားနဲ့ သုံးပွဲစားတဲ့ အဲဗာတန်

အဲဗာတန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ဘရန့်ဝိတ်၊ ကိုးလ်မန်းနဲ့ မစ်ကိုလန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂေးယီ၊ ဒူကူရေး၊ အက်ရှ်လီယန်း၊ မက်နီးလ်နဲ့ ဟာရီဆန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကဲလ်ဗတ်-လူဝင် တစ်ဦးတည်း ထားပြီး ၄-၄-၁-၁ ပုံစံနဲ့ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ လာဆဲလ်စ်၊ ရှား၊ ထရစ်ပီယာနဲ့ လီဗရာမင်တို့တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ မိုင်လီနဲ့ ဂျိုလင်တန်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

အိမ်ရှင် အဲဗာတန်တို့အနေနဲ့ ဘောလုံးကိုင်ဖို့ကို စွန့်လွှတ်ပြီး အမှားမရှိဖို့ကိုပဲ ဦးစားပေးသွားခဲ့သလို ရှောင်ဒိုက်ချ်ရဲ့ ဘန်လေစတိုင်နဲ့ ပိတ်ဆို့ပြီး ကောင်တာပဲ ချောင်းကစားသွားခဲ့လို့ ပွဲကို ထိန်းချုပ်ထားတဲ့ နယူးကာဆယ်လ်တို့ထက်တောင်မှ ဂိုးပေါက်ကန်ခွင့်တွေ ပိုရခဲ့ချိန်မှာ ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နယူးကာဆယ်လ်တို့ ဘောလုံးကိုင်ထားနိုင်တာသာ ရှိပြီး အပြောင်းအလဲလုပ်စရာ အရန်ခုံမှာ လူကောင်းတွေ မပါတဲ့ အက်ဒီဟောင်းအနေနဲ့ အဲဗာတန်တို့ရဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်နိုင်ဖို့ ခက်နေခဲ့သလို ဂိုးသမားပိုင်းမှာလည်း နစ်ခ် ပုပ် မပါနိုင်ချိန်မှာ ဒူဘရက်ဗ်ကာပါ လစ်သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရသေးတာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ အဲဗာတန်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လက်ဆောင်ပေးချင်ရင်လဲ ပွင့်ပွင့်လင်းလင်း မပြောဘူးလို့ ဆိုရမယ့် ငှက်ကျားနောက်ခံလူ ထရစ်ပီယာရဲ့ အမှားကနေ ဘောလုံးပြန်လုယူသွားနိုင်ခဲ့တဲ့ မက်နီးလ်က ဘယ်တောင်ပံကနေ အတွင်းကို ဆွဲဝင်ပြီး ဧရိယာထဲ အရောက်မှာ အပြင်းကန်သွင်းနိုင်ခဲ့လို့ ဒူဘရက်ဗ်ကာ ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာ တစ်ဂိုးရပြီး ကောင်တာချောင်းနေတဲ့ အဲဗာတန်တို့ပဲ ဒုတိယ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဒူးချောင်နေပုံရတဲ့ ထရစ်ပီယာပဲ ဘောလုံးပျက်ရာကနေ ဟာရစ်ဆန်က ပြန်ရသွားပြီး ဘယ်တောင်ပံကနေ ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ မက်နီးလ်က လွဲချော်သွားခဲ့ပေမယ့် ဘေးက ရှိနေတဲ့ ဒူကူရေးက အပြင်းကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၆ မိနစ်မှာတော့ ဘာမှ မလုပ်တတ်တော့တဲ့ ငှက်ကျားတွေကို အဲဗာတန်တို့ တတိယအကြိမ် ထိုးနှက်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ညာတောင်ပံကနေ ပက်တာဆန် ခင်းပေးလိုက်တဲ့ ဘောလုံးကို လူစားဝင်တိုက်စစ်မှူး ဘီတိုက လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြီး ညာခြမ်းကနေ ဧရိယာထဲ ဆွဲဝင်ပြီးမှ ထောင့်ကျဉ်းထဲကို ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အမှတ်လျှော့ ပြစ်ဒဏ်အပြီးမှာ အဲဗာတန်တို့ နယူးကာဆယ်လ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး နောက်ဆုံး နှစ်ပွဲဆက်တိုက် အနိုင်ရခဲ့တာကြောင့် တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ခဲ့သလို အဆင့် ၁၇ မှာ ရပ်တည်သွားခဲ့ချိန်မှာ ငှက်ကျားလေးတွေကတော့ လူမစုံ ဒိုင်မကူဘဲ ပွဲခံလို့ မရဘူးဆိုတာ သင်ခန်းစာရသွားခဲ့ကြကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ဘရန႔္ဝိတ္၊ ကိုးလ္မန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂးယီ၊ ဒူကူေရး၊ အက္ရွ္လီယန္း၊ မက္နီးလ္နဲ႔ ဟာရီဆန္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ကဲလ္ဗတ္-လူဝင္ တစ္ဦးတည္း ထားၿပီး ၄-၄-၁-၁ ပုံစံနဲ႔ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ နယူးကာဆယ္လ္တို႔ကေတာ့ ဂိုးသမား ဒူဘရက္ဗ္ကာ၊ ခံစစ္မွာ လာဆဲလ္စ္၊ ရွား၊ ထရစ္ပီယာနဲ႔ လီဗရာမင္တို႔တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ မိုင္လီနဲ႔ ဂ်ိဳလင္တန္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

အိမ္ရွင္ အဲဗာတန္တို႔အေနနဲ႔ ေဘာလုံးကိုင္ဖို႔ကို စြန႔္လႊတ္ၿပီး အမွားမရွိဖို႔ကိုပဲ ဦးစားေပးသြားခဲ့သလို ေရွာင္ဒိုက္ခ်္ရဲ႕ ဘန္ေလစတိုင္နဲ႔ ပိတ္ဆို႔ၿပီး ေကာင္တာပဲ ေခ်ာင္းကစားသြားခဲ့လို႔ ပြဲကို ထိန္းခ်ဳပ္ထားတဲ့ နယူးကာဆယ္လ္တို႔ထက္ေတာင္မွ ဂိုးေပါက္ကန္ခြင့္ေတြ ပိုရခဲ့ခ်ိန္မွာ ပထမပိုင္းမွာေတာ့ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း နယူးကာဆယ္လ္တို႔ ေဘာလုံးကိုင္ထားႏိုင္တာသာ ရွိၿပီး အေျပာင္းအလဲလုပ္စရာ အရန္ခုံမွာ လူေကာင္းေတြ မပါတဲ့ အက္ဒီေဟာင္းအေနနဲ႔ အဲဗာတန္တို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကို တြန္းလွန္ႏိုင္ဖို႔ ခက္ေနခဲ့သလို ဂိုးသမားပိုင္းမွာလည္း နစ္ခ္ ပုပ္ မပါႏိုင္ခ်ိန္မွာ ဒူဘရက္ဗ္ကာပါ လစ္သြားႏိုင္တဲ့ အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ အဲဗာတန္တို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လက္ေဆာင္ေပးခ်င္ရင္လဲ ပြင့္ပြင့္လင္းလင္း မေျပာဘူးလို႔ ဆိုရမယ့္ ငွက္က်ားေနာက္ခံလူ ထရစ္ပီယာရဲ႕ အမွားကေန ေဘာလုံးျပန္လုယူသြားႏိုင္ခဲ့တဲ့ မက္နီးလ္က ဘယ္ေတာင္ပံကေန အတြင္းကို ဆြဲဝင္ၿပီး ဧရိယာထဲ အေရာက္မွာ အျပင္းကန္သြင္းႏိုင္ခဲ့လို႔ ဒူဘရက္ဗ္ကာ ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာ တစ္ဂိုးရၿပီး ေကာင္တာေခ်ာင္းေနတဲ့ အဲဗာတန္တို႔ပဲ ဒုတိယ အႏိုင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဒူးေခ်ာင္ေနပုံရတဲ့ ထရစ္ပီယာပဲ ေဘာလုံးပ်က္ရာကေန ဟာရစ္ဆန္က ျပန္ရသြားၿပီး ဘယ္ေတာင္ပံကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ မက္နီးလ္က လြဲေခ်ာ္သြားခဲ့ေပမယ့္ ေဘးက ရွိေနတဲ့ ဒူကူေရးက အျပင္းကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၆ မိနစ္မွာေတာ့ ဘာမွ မလုပ္တတ္ေတာ့တဲ့ ငွက္က်ားေတြကို အဲဗာတန္တို႔ တတိယအႀကိမ္ ထိုးႏွက္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံကေန ပက္တာဆန္ ခင္းေပးလိုက္တဲ့ ေဘာလုံးကို လူစားဝင္တိုက္စစ္မႉး ဘီတိုက လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ၿပီး ညာျခမ္းကေန ဧရိယာထဲ ဆြဲဝင္ၿပီးမွ ေထာင့္က်ဥ္းထဲကို ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အမွတ္ေလွ်ာ့ ျပစ္ဒဏ္အၿပီးမွာ အဲဗာတန္တို႔ နယူးကာဆယ္လ္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၿပီး ေနာက္ဆုံး ႏွစ္ပြဲဆက္တိုက္ အႏိုင္ရခဲ့တာေၾကာင့္ တန္းဆင္းဇုန္ကေန ႐ုန္းထြက္ႏိုင္ခဲ့သလို အဆင့္ ၁၇ မွာ ရပ္တည္သြားခဲ့ခ်ိန္မွာ ငွက္က်ားေလးေတြကေတာ့ လူမစုံ ဒိုင္မကူဘဲ ပြဲခံလို႔ မရဘူးဆိုတာ သင္ခန္းစာရသြားခဲ့ၾကေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.