Premier League

ဝက်စ်ဟမ်းကို ရှုံး ဆွန်လည်း ကုန်းသွားလို့ စမုံတုံးနေတဲ့ ပိုစတီကိုဂလူ

အန်ဂီ ပိုစတီကိုဂလူဟာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဒဏ်ရာရရှိသွားခဲ့တဲ့ ဆွန်ဟောင်မင်ရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်နေရပြီဖြစပါတယ်။

စပါးစ်ရဲ့ နိုင်ပွဲမရှိစံချိန်ဟာ ကြာသပတေးနေ့ညမှာ ဝက်စ်ဟမ်းတို့က နောက်ကနေ ၂-၁ နဲ့ အနိုင်ပြန်ယူသွားခဲ့ပြီးနောက် ၅ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပြီး ရိုမဲရိုးက ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ ဂျားရော့ ဘိုဝင်နဲ့ ဝါ့ဒ်-ပရောက်စ်တို့က ဝက်စ်ဟမ်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးသွားခဲ့ပြီးနောက် တော့တင်ဟမ်ဟော့စပါးအတွက် နောက်ဆုံး ၅ ပွဲမှာ ၁ မှတ်သာ ရယူနိုင်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဖြစ်နေတဲ့အခြေအနေတွေဟာ ပိုစတီကိုဂလူအတွက် အလွန်စိုးရိမ်စရာ လက္ခဏာတွေဖြစ်နေတဲ့အထဲ ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာရရှိသွားမှုက နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

တောင်ကိုရီးယားကြယ်ပွင့်တိုက်စစ်မှူးဟာ ပွဲကစားချိန် ၈၈ မိနစ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူငယ်ကြယ်ပွင့် အလီဟို ဗီလစ်ဇ်နဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာ ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရချိန်မှာ ပိုစတီကိုဂလူက “ကျွန်တော် မသိဘူး။ ကျွန်တော် သေချာမသိဘူး။ ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ရာသီအစောပိုင်းမှာ အမှတ်ပေးဇယား ဦးဆောင်သူဖြစ်ခဲ့ပေမယ့်လည်း ရလဒ်တွေ ဆက်တိုက် ဆိုးရွားလာခဲ့ပြီးနောက် အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ကျဆင်းသွားခဲ့ပြီး ဆွန်က မက်ဒီဆင်၊ ဗန်ဒဗင်၊ ဘန်တန်ကာတို့နဲ့အတူ ဒဏ်ရာရစာရင်းထဲ ပါဝင်လာခဲ့ပြီဖြစ်တာကြောင့် ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ဖို့တောင် လက်ရှိမှာ ခက်ခဲသွားပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္ဂီ ပိုစတီကိုဂလူဟာ ဝက္စ္ဟမ္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ဒဏ္ရာရရွိသြားခဲ့တဲ့ ဆြန္ေဟာင္မင္ရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္ေနရၿပီျဖစပါတယ္။

စပါးစ္ရဲ႕ ႏိုင္ပြဲမရွိစံခ်ိန္ဟာ ၾကာသပေတးေန႔ညမွာ ဝက္စ္ဟမ္းတို႔က ေနာက္ကေန ၂-၁ နဲ႔ အႏိုင္ျပန္ယူသြားခဲ့ၿပီးေနာက္ ၅ ပြဲအထိ ရွိလာခဲ့ၿပီျဖစ္ၿပီး ႐ိုမဲ႐ိုးက ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒုတိယပိုင္းမွာ ဂ်ားေရာ့ ဘိုဝင္နဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔က ဝက္စ္ဟမ္းအတြက္ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြ သြင္းယူေပးသြားခဲ့ၿပီးေနာက္ ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ ေနာက္ဆုံး ၅ ပြဲမွာ ၁ မွတ္သာ ရယူႏိုင္ခဲ့တယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိ ျဖစ္ေနတဲ့အေျခအေနေတြဟာ ပိုစတီကိုဂလူအတြက္ အလြန္စိုးရိမ္စရာ လကၡဏာေတြျဖစ္ေနတဲ့အထဲ ဆြန္ေဟာင္မင္ရဲ႕ ဒဏ္ရာရရွိသြားမႈက ႏူရာဝဲစြဲ လဲရာသူခိုးေထာင္းဆိုသလို ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ေတာင္ကိုရီးယားၾကယ္ပြင့္တိုက္စစ္မႉးဟာ ပြဲကစားခ်ိန္ ၈၈ မိနစ္မွာ ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ လူငယ္ၾကယ္ပြင့္ အလီဟို ဗီလစ္ဇ္နဲ႔ လူစားလဲလွယ္ျခင္း ခံခဲ့ရတာျဖစ္ၿပီး ပြဲအၿပီးမွာ ဆြန္ေဟာင္မင္ရဲ႕ ဒဏ္ရာအေျခအေနနဲ႔ပတ္သက္ၿပီး ေမးျမန္းခံခဲ့ရခ်ိန္မွာ ပိုစတီကိုဂလူက “ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္ ေသခ်ာမသိဘူး။ ”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ရာသီအေစာပိုင္းမွာ အမွတ္ေပးဇယား ဦးေဆာင္သူျဖစ္ခဲ့ေပမယ့္လည္း ရလဒ္ေတြ ဆက္တိုက္ ဆိုး႐ြားလာခဲ့ၿပီးေနာက္ အမွတ္ေပးဇယား အဆင့္ ၅ ေနရာအထိ က်ဆင္းသြားခဲ့ၿပီး ဆြန္က မက္ဒီဆင္၊ ဗန္ဒဗင္၊ ဘန္တန္ကာတို႔နဲ႔အတူ ဒဏ္ရာရစာရင္းထဲ ပါဝင္လာခဲ့ၿပီျဖစ္တာေၾကာင့္ ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ဖို႔ေတာင္ လက္ရွိမွာ ခက္ခဲသြားၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.