Premier League

ကန်ထုတ်ရမယ့်ကစားသမား ၁၀ ဦးစာရင်း ရထားတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ရွိုင် ကီးန်က လာမယ့်နွေရာသီမှာ အသင်းကို စွန့်ခွာသင့်တဲ့ ကစားသမား အနည်းဆုံး ၁၀ ဦးအထိ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဗုဒ္ဓဟူးနေ့ညနေက ချဲလ်ဆီးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး တန်ဟက်က ဒီရာသီမှာ အသင်းရဲ့ ခြေစွမ်းပိုင်းမတည်ငြိမ်မှုနဲ့ပတ်သက်ပြီး အပြင်းအထန် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

ရွိုင် ကီးန်က တန်ဟက်ရဲ့ လူစာရင်းထဲက ကစားသမားအများအပြားဟာ ကောင်းသင့်သလောက် မကောင်းမွန်ဘူးလို့ ယုံကြည်နေပြီး မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီနဗီးကလည်း Stick to Football Podcast မှာ လက်ရှိလူစာရင်းထဲက ကစားသမားတွေအားလုံးနီးပါးကို ရောင်းထုတ်ဖို့ ပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ရွိုင် ကီးန်ကတော့ လက်ရှိ လူစာရင်းထဲက ထိန်းသိမ်းရမယ့်သူ၊ နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရမယ့်သူ၊ ကန်ထုတ်ရမယ့်သူဆိုပြီး အမျိုးအစားခွဲခြားပေးခဲ့တာဖြစ်ပါတယ်။

ရွိုင် ကီးန်ရဲ့ ကန်ထုတ်ရမယ့် စာရင်းထဲမှာ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ဗာရွမ်း၊ ဒါလော့တ်၊ အီဗန်စ်၊ ခရစ္စရှန် အဲရစ်ဆင်၊ အန်တိုနီ၊ မာစီယယ်လ်၊ ဆန်ချိုတို့ ပါဝင်နေပြီး နောက်ဆုံးအချိန်အထိ စောင့်ကြည့်ရမယ့်စာရင်းထဲမှာ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ အမ်မရာဘတ်ကလည်း တန်ဟက်ရဲ့ လူစာရင်းထဲမှာ တစ်နေရာ မရသင့်တဲ့သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။

နောက်ဆုံးအခွင့်အရေးပေးပြီး စောင့်ကြည်ရမယ့်စာရင်းထဲမှာတော့ အိုနာနာ၊ လုခ်ရှော၊ ဘစ်ဆာကာ၊ မက်တော်မီနေးတို့ ပါဝင်နေတာဖြစ်ပြီး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ကာလရှည်အနာဂတ်ကိုတော့ ရွိုင် ကီးန်က ပြောဖို့ တွန့်ဆုတ်နေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မားကပ်စ်နဲ့ပတ်သက်ပြီး မသေချာဘူး။ သူ့မှာရှိတဲ့အရာအားလုံး။ ကိုယ်ရည်ကိုယ်သွေး၊ စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားတယ်။ သူက အရည်အချင်းရှိတဲ့ကစားသမားပါ။ ဒါပေမယ့် ခင်ဗျား ပြင်းပြင်းထန်ထန် အလုပ်မကြိုးစားဘူးဆိုရင် အခုလိုမျိုး ခြေစွမ်းကျဆင်းမှုတွေက အခုလည်းဖြစ်မယ်၊ နောင်လည်းဖြစ်နေဦးမှာပဲ။ သူ့ရဲ့ယုံကြည်ချက်နဲ့ပတ်သက်ပြီး အားလုံးပြောနေကြတယ်။ ကွင်းပြင်ပကိစ္စတွေကြောင့်လည်း ပါတယ်။ သူက အပတ်တိုင်း အသင်းကိုလာပြီး အလုပ်လုပ်နေရုံပဲ။ မားကပ်စ်က အသက် ၂၆ ပဲ ရှိသေးတယ်။ သူ့အတွက် ဘယ်အချိန်မှာမှ အသိတရားရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ကြင္းလယ္ကစားသမား ႐ြိဳင္ ကီးန္က လာမယ့္ေႏြရာသီမွာ အသင္းကို စြန႔္ခြာသင့္တဲ့ ကစားသမား အနည္းဆုံး ၁၀ ဦးအထိ ရွိေနတယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဗုဒၶဟူးေန႔ညေနက ခ်ဲလ္ဆီးကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ လက္ရွိ ပရီးမီးယားလိဂ္မွာ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး တန္ဟက္က ဒီရာသီမွာ အသင္းရဲ႕ ေျခစြမ္းပိုင္းမတည္ၿငိမ္မႈနဲ႔ပတ္သက္ၿပီး အျပင္းအထန္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

႐ြိဳင္ ကီးန္က တန္ဟက္ရဲ႕ လူစာရင္းထဲက ကစားသမားအမ်ားအျပားဟာ ေကာင္းသင့္သေလာက္ မေကာင္းမြန္ဘူးလို႔ ယုံၾကည္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီနဗီးကလည္း Stick to Football Podcast မွာ လက္ရွိလူစာရင္းထဲက ကစားသမားေတြအားလုံးနီးပါးကို ေရာင္းထုတ္ဖို႔ ေျပာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူေဟာင္း ႐ြိဳင္ ကီးန္ကေတာ့ လက္ရွိ လူစာရင္းထဲက ထိန္းသိမ္းရမယ့္သူ၊ ေနာက္ဆုံးအခ်ိန္အထိ ေစာင့္ၾကည့္ရမယ့္သူ၊ ကန္ထုတ္ရမယ့္သူဆိုၿပီး အမ်ိဳးအစားခြဲျခားေပးခဲ့တာျဖစ္ပါတယ္။

႐ြိဳင္ ကီးန္ရဲ႕ ကန္ထုတ္ရမယ့္ စာရင္းထဲမွာ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယား၊ ဗာ႐ြမ္း၊ ဒါေလာ့တ္၊ အီဗန္စ္၊ ခရစၥရွန္ အဲရစ္ဆင္၊ အန္တိုနီ၊ မာစီယယ္လ္၊ ဆန္ခ်ိဳတို႔ ပါဝင္ေနၿပီး ေနာက္ဆုံးအခ်ိန္အထိ ေစာင့္ၾကည့္ရမယ့္စာရင္းထဲမွာ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ အမ္မရာဘတ္ကလည္း တန္ဟက္ရဲ႕ လူစာရင္းထဲမွာ တစ္ေနရာ မရသင့္တဲ့သူအျဖစ္ သတ္မွတ္ခဲ့ပါတယ္။

ေနာက္ဆုံးအခြင့္အေရးေပးၿပီး ေစာင့္ၾကည္ရမယ့္စာရင္းထဲမွာေတာ့ အိုနာနာ၊ လုခ္ေရွာ၊ ဘစ္ဆာကာ၊ မက္ေတာ္မီေနးတို႔ ပါဝင္ေနတာျဖစ္ၿပီး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ကာလရွည္အနာဂတ္ကိုေတာ့ ႐ြိဳင္ ကီးန္က ေျပာဖို႔ တြန႔္ဆုတ္ေနခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ မားကပ္စ္နဲ႔ပတ္သက္ၿပီး မေသခ်ာဘူး။ သူ႔မွာရွိတဲ့အရာအားလုံး။ ကိုယ္ရည္ကိုယ္ေသြး၊ စိတ္ေနစိတ္ထားေတြ ေျပာင္းလဲသြားတယ္။ သူက အရည္အခ်င္းရွိတဲ့ကစားသမားပါ။ ဒါေပမယ့္ ခင္ဗ်ား ျပင္းျပင္းထန္ထန္ အလုပ္မႀကိဳးစားဘူးဆိုရင္ အခုလိုမ်ိဳး ေျခစြမ္းက်ဆင္းမႈေတြက အခုလည္းျဖစ္မယ္၊ ေနာင္လည္းျဖစ္ေနဦးမွာပဲ။ သူ႔ရဲ႕ယုံၾကည္ခ်က္နဲ႔ပတ္သက္ၿပီး အားလုံးေျပာေနၾကတယ္။ ကြင္းျပင္ပကိစၥေတြေၾကာင့္လည္း ပါတယ္။ သူက အပတ္တိုင္း အသင္းကိုလာၿပီး အလုပ္လုပ္ေန႐ုံပဲ။ မားကပ္စ္က အသက္ ၂၆ ပဲ ရွိေသးတယ္။ သူ႔အတြက္ ဘယ္အခ်ိန္မွာမွ အသိတရားရမွာလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.