Match Report Premier League

၁၀၀ ရာခိုင္ႏွဳန္း မွတ္တမ္းကို ထိန္းသိမ္းၿပီး အဆင့္ ၂ ေနရာကို ျပန္ေရာက္လာတဲ့ ဗီလာ

အက္စတန္ဗီလာအသင္းကေတာ့ သူတုိ႔ရဲ႕ ကစားၿပီးသမွ် ေလးပြဲမွာ ေလးပြဲစလုံးအႏုိင္ရခဲ့တဲ့ ၁၀၀ ရာခိုင္ႏွဳန္း မွတ္တမ္းကို ဆက္လက္ ထိန္းသိမ္းၿပီး ဒီေန႔မွာလည္း လက္စတာအသင္းကို ေနာက္က်အႏုိင္ဂိုးနဲ႔ ကင္းပါဝါကြင္းမွာ ရလဒ္ေကာင္းရယူၿပီး အသင္းသားေတြရဲ႕ ႀကဳိးစားမွဳကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။

ဂိုးသမား မာတီနက္ဇ္နဲ႔ ဗဟိုခံစစ္သမားေတြျဖစ္ၾကတဲ့ မင္းစ္၊ ကြန္ဆာတုိ႔ရဲ႕ ခံစစ္က မာေက်ာသလို ကြင္းလယ္အဖ်က္ ဘရာဇီးလ္သား ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကလည္း သူတုိ႔ကို ကာကြယ္ေပးခဲ့ခ်ိန္မွာ လက္စတာတုိ႔ဘက္က ဗာဒီမပါႏုိင္ခဲ့တဲ့ တုိက္စစ္ကေတာ့ ထိုးေဖာက္ဖို႔ ခက္ခဲ့တာပါ။

လက္စတာစီးတီးနဲ႔ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ ဇာတာကေတာ့ က်ဆင္းလာခဲ့သလို လုပ္ျပႏုိင္သမွ်က ဒီေလာက္ပဲျဖစ္ၿပီး ဒီေန႔မွာ ပုိၿပီး အံ့ၾသစရာ ေကာင္းခဲ့တာကေတာ့ ဒင္းန္ စမစ္ရဲ႕ ဗီလာဟာ ရာနီေရးရီရဲ႕ လက္စတာလို တန္းဆင္းခါနီးအေနအထားကေန မထင္မွတ္တာေတြ လုပ္ျပႏုိင္မလား ဆုိတာပါပဲ။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့တဲ့အတြက္ ဖန္တီးမွဳအားနည္းတဲ့ ပရက္အစား မက္ဒီဆန္ ဝင္လာခဲ့ေပမယ့္ ဗီလာေနာက္တန္းကိုေတာ့ မေက်ာ္ႏုိင္ခဲ့ဘဲ အီဟန္နာခ်ဳိအစား ဝင္လာခဲ့တဲ့ ဆလီမာနီကလည္း ဒီမာ႐ိုင္ ဂေရးေလာက္ေတာင္ စိတ္လွဳပ္ရွားမွဳေတြကို မေပးစြမ္းႏုိင္ခဲ့သလို ဆန္ငစ္ အြန္ဒါကို မသုံးခဲ့တာကလည္း ေမးခြန္းထုတ္စရာ ဆုံးျဖတ္ခ်က္တစ္ခုပဲျဖစ္ခဲ့ပါတယ္။

ဗီလာကေတာ့ သူတုိ႔ရဲ႕ ပြဲထြက္လူစာရင္းကို လူစားလဲမွဳတစ္ခုသာ ျပဳလုပ္ခဲ့ၿပီး ခ်ဲလ္ဆီးကစားသမားေဟာင္း ဘာထရန္ ထရာအုိေရးကို ထေရဇီေဂးေနရာမွာ ထည့္သြင္းခဲ့တဲ့အတြက္ လက္စတာဘယ္ျခမ္းကို ဖိအားေပးႏုိင္ခဲ့သလို ေနရာလြတ္ေတြလည္း ပုိရွာေဖြလာႏုိင္ခဲ့ပါတယ္။

ပြဲက သေရက်ေတာ့မယ္လုိ႔ ထင္ေနတုန္းမွာပဲ တန္ျပန္တုိက္စစ္ကေန တားဂက္ ယူလာတဲ့ ေဘာလုံးကို မက္ဂင္းက ျပန္ရသြားၿပီး အလယ္မွာ အဆင္သင့္ရွိေနတဲ့ ဘာကလီကို ခ်ေပးလုိက္တာမွာ အဂၤလန္ကြင္းလယ္လူက ၂၅ ကိုက္အေနအထားကေန အေဝးကန္ခ်က္နဲ႔ ကန္သြင္းခဲ့ရာမွာ လက္စတာဂိုးသမား ရွမုိက္ကယ္ မကာကြယ္ႏုိင္ခဲ့ဘဲ အႏုိင္ဂိုးကို နာက်င္အခ်ိန္ပို တစ္မိနစ္မွာ ခြင့္ျပဳလုိက္ရတာပါ။

ဒီပြဲကို အႏုိင္ရရွိခဲ့တဲ့ ဗီလာကေတာ့ တစ္ပြဲေလွ်ာ့ကစားၿပီး ထိပ္ဆုံးက အဲဗာတန္နဲ႔ တစ္မွတ္အကြာ ဒုတိယေနရာမွာ ရမွတ္ ၁၂ မွတ္နဲ႔ ရပ္တည္ေနခဲ့သလို အသင္းရဲ႕ ရာႏွဳန္းျပည့္ႏုိင္ပြဲမွတ္တမ္းကို ဆက္လက္ထိန္းသိမ္းၿပီး လာမယ့္အပတ္မွာ လိဒ္စ္နဲ႔ ေတြ႕ဆုံေနရာမို႔ ပုံစံေကာင္းနဲ႔အတူ ထိပ္ဆုံးေနရာကို စိန္ေခၚႏုိင္မလား ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အက်စတန်ဗီလာအသင်းကတော့ သူတို့ရဲ့ ကစားပြီးသမျှ လေးပွဲမှာ လေးပွဲစလုံးအနိုင်ရခဲ့တဲ့ ၁၀၀ ရာခိုင်နှုန်း မှတ်တမ်းကို ဆက်လက် ထိန်းသိမ်းပြီး ဒီနေ့မှာလည်း လက်စတာအသင်းကို နောက်ကျအနိုင်ဂိုးနဲ့ ကင်းပါဝါကွင်းမှာ ရလဒ်ကောင်းရယူပြီး အသင်းသားတွေရဲ့ ကြိုးစားမှုကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဂိုးသမား မာတီနက်ဇ်နဲ့ ဗဟိုခံစစ်သမားတွေဖြစ်ကြတဲ့ မင်းစ်၊ ကွန်ဆာတို့ရဲ့ ခံစစ်က မာကျောသလို ကွင်းလယ်အဖျက် ဘရာဇီးလ်သား ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကလည်း သူတို့ကို ကာကွယ်ပေးခဲ့ချိန်မှာ လက်စတာတို့ဘက်က ဗာဒီမပါနိုင်ခဲ့တဲ့ တိုက်စစ်ကတော့ ထိုးဖောက်ဖို့ ခက်ခဲ့တာပါ။

လက်စတာစီးတီးနဲ့ ဘရန်ဒန် ရော့ဂျားစ်ရဲ့ ဇာတာကတော့ ကျဆင်းလာခဲ့သလို လုပ်ပြနိုင်သမျှက ဒီလောက်ပဲဖြစ်ပြီး ဒီနေ့မှာ ပိုပြီး အံ့သြစရာ ကောင်းခဲ့တာကတော့ ဒင်းန် စမစ်ရဲ့ ဗီလာဟာ ရာနီရေးရီရဲ့ လက်စတာလို တန်းဆင်းခါနီးအနေအထားကနေ မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာပါပဲ။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တဲ့အတွက် ဖန်တီးမှုအားနည်းတဲ့ ပရက်အစား မက်ဒီဆန် ဝင်လာခဲ့ပေမယ့် ဗီလာနောက်တန်းကိုတော့ မကျော်နိုင်ခဲ့ဘဲ အီဟန်နာချိုအစား ဝင်လာခဲ့တဲ့ ဆလီမာနီကလည်း ဒီမာရိုင် ဂရေးလောက်တောင် စိတ်လှုပ်ရှားမှုတွေကို မပေးစွမ်းနိုင်ခဲ့သလို ဆန်ငစ် အွန်ဒါကို မသုံးခဲ့တာကလည်း မေးခွန်းထုတ်စရာ ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ခဲ့ပါတယ်။

ဗီလာကတော့ သူတို့ရဲ့ ပွဲထွက်လူစာရင်းကို လူစားလဲမှုတစ်ခုသာ ပြုလုပ်ခဲ့ပြီး ချဲလ်ဆီးကစားသမားဟောင်း ဘာထရန် ထရာအိုရေးကို ထရေဇီဂေးနေရာမှာ ထည့်သွင်းခဲ့တဲ့အတွက် လက်စတာဘယ်ခြမ်းကို ဖိအားပေးနိုင်ခဲ့သလို နေရာလွတ်တွေလည်း ပိုရှာဖွေလာနိုင်ခဲ့ပါတယ်။

ပွဲက သရေကျတော့မယ်လို့ ထင်နေတုန်းမှာပဲ တန်ပြန်တိုက်စစ်ကနေ တားဂက် ယူလာတဲ့ ဘောလုံးကို မက်ဂင်းက ပြန်ရသွားပြီး အလယ်မှာ အဆင်သင့်ရှိနေတဲ့ ဘာကလီကို ချပေးလိုက်တာမှာ အင်္ဂလန်ကွင်းလယ်လူက ၂၅ ကိုက်အနေအထားကနေ အဝေးကန်ချက်နဲ့ ကန်သွင်းခဲ့ရာမှာ လက်စတာဂိုးသမား ရှမိုက်ကယ် မကာကွယ်နိုင်ခဲ့ဘဲ အနိုင်ဂိုးကို နာကျင်အချိန်ပို တစ်မိနစ်မှာ ခွင့်ပြုလိုက်ရတာပါ။

ဒီပွဲကို အနိုင်ရရှိခဲ့တဲ့ ဗီလာကတော့ တစ်ပွဲလျှော့ကစားပြီး ထိပ်ဆုံးက အဲဗာတန်နဲ့ တစ်မှတ်အကွာ ဒုတိယနေရာမှာ ရမှတ် ၁၂ မှတ်နဲ့ ရပ်တည်နေခဲ့သလို အသင်းရဲ့ ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းကို ဆက်လက်ထိန်းသိမ်းပြီး လာမယ့်အပတ်မှာ လိဒ်စ်နဲ့ တွေ့ဆုံနေရာမို့ ပုံစံကောင်းနဲ့အတူ ထိပ်ဆုံးနေရာကို စိန်ခေါ်နိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.