Article Premier League

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ႏုိင္ပြဲနဲ႔အတူ ထင္ရွားခဲ့တဲ့ မာတာရဲ႕ ေျခစြမ္း

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ၿပီးခဲ့တဲ့ပြဲမွာ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွား ေျပာတဲ့အတုိင္းပဲ အသင္းရဲ႕ ခ်ိန္ခြင္လွ်ာကို ထိန္းညႇိခဲ့တာျဖစ္ၿပီး ကြင္းလယ္အထိုင္ကို ခံစစ္ပိုေကာင္းတဲ့ ကစားသမားေတြကို သုံးစြဲခဲ့သလို တုိက္စစ္မွာ ဘ႐ူႏုိ ဖာနန္ဒက္စ္ကို သုံးစြဲခဲ့ခ်ိန္မွာ ေပါ့ဘာအတြက္ ေလ်ာ့က်သြားတဲ့ ဖန္တီးမွဳကိုေတာ့ ကစားသမားတစ္ေယာက္ဆီက ျပန္လည္ရယူခဲ့ၿပီး သူကေတာ့ ဟြမ္ မာတာပဲျဖစ္ပါတယ္။

ဝါရင့္ကစားသမား မာတာက ညာျခမ္းကေန ေဘာလုံးကိုင္ကစားၿပီး မသိဘူး ေျပးမယ္ဆုိတဲ့ ဒန္နီယယ္လ္ ဂ်ိမ္းစ္က အေထာင္ကစားတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ကူညီၿပီး နယူးကာဆယ္လ္ေနာက္တန္းကို တိုးေပးခဲ့ခ်ိန္မွာ ကြင္းလယ္စိုးမိုးမွဳနဲ႔ပါ ဖိကစားႏုိင္ခဲ့ၿပီး ပထမပုိင္းမွာ မက္ဂြဳိင္းယားရဲ႕ ေခ်ပဂိုးအတြက္ စပိန္သားက ထိထိေရာက္ေရာက္ ပါဝင္မွဳနဲ႔အတူ ယုံၾကည္မွဳကိုလည္း တစ္သင္းလုံး ပုိင္ဆုိင္ႏုိင္ခဲ့တာပါ။

ယူႏုိက္တက္ကို ေရာက္လာခဲ့ၿပီး လူးဝစ္ ဗန္ဟားလ္လက္ထက္မွာ Playmaking Right Winger အျဖစ္ စတင္သီးပြင့္လာခဲ့တဲ့ မာတာဟာ သူ႕ရဲ႕ ေနရာေဟာင္းမွာ လူငယ္တုိက္စစ္မွဴး ဂရင္းဝုဒ္ မပါဝင္ႏုိင္ခ်ိန္မွာ ေျခစြမ္းျပႏုိင္ခဲ့ၿပီး ဆုိးလ္ရွားရဲ႕ ကစားကြက္နဲ႔ အဆင္ေျပမယ္လို႔ ဘယ္သူကမွ ေမွ်ာ္လင့္မထားေပမယ့္ စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာ ျပတ္သားထက္ျမက္မွဳကို ျပသႏုိင္ခဲ့ပါတယ္။

ဒီပြဲမွာ မာတာရဲ႕ စြမ္းေဆာင္ရည္ကေတာ့ ေဘာလုံးေပးပုိ႔မွဳ ၆၃ ႀကိမ္မွာ ၅၉ ႀကိမ္ (၉၄%) ေအာင္ျမင္ခဲ့ၿပီး တုိက္စစ္ကို ေပးပုိ႔တဲ့ ၃၂ ႀကိမ္မွာ ၂၈ ႀကိမ္ (၈၈%) တိက်ခဲ့သလို ေဘးကိုေပးတဲ့ ၂၂ ႀကိမ္နဲ႔ ေနာက္ျပန္ေပးတဲ့ ၉ ႀကိမ္ကေတာ့ ရာႏွဳန္းျပည့္ ေပးပို႔ႏိုင္ခဲ့တယ္လုိ႔လည္း မွတ္တမ္းေတြက ေဖာ္ျပခဲ့ပါတယ္။

ပရိသတ္ေတြကေတာ့ ဘ႐ူႏုိ ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔အျပင္ မာတာကိုပါ အထူးအသိအမွတ္ျပဳ ခ်ီးက်ဴးသြားခဲ့ၿပီး ဦးေႏွာက္က သူမ်ားေတြထက္ ႏွစ္လွမ္းသုံးလွမ္းေလာက္ ေရွ႕ေရာက္ေနတယ္လို႔ ဆုိခဲ့ၾကၿပီး တကယ့္စိန္တုံးတစ္တုံးလို ထက္ျမက္ေတာက္ပေနတဲ့ ကစားသမားလို႔ ေရးသားခဲ့ၾကပါတယ္။

နည္းျပ ဆုိးလ္ရွားကေတာ့ “ဟြမ္ဟာ ဘယ္လိုကစားသမားလဲ အားလုံးသိၾကပါတယ္။ ကၽြန္ေတာ့္အျမင္ေတာ့ တကယ္ ပေရာ္ဖက္ရွင္နယ္ ပီသတဲ့ ကစားသမားတစ္ဦးျဖစ္သလို သူ႕အတြက္ အခြင့္အေရးကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆုိင္းခဲ့ၿပီး ေျခစြမ္းျပႏုိင္ခဲ့တယ္”လုိ႔ ပြဲအၿပီးမွာ ေျပာၾကားခဲ့ၿပီး ေဘာလုံးပရိသတ္ေတြအားလုံးကလည္း အသိအမွတ္ျပဳခဲ့ၾကတာပါ။

mata james

၂၀၁၄ ခုႏွစ္ ေဆာင္းရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးအသင္းကေန မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေရာက္ရွိလာခဲ့တဲ့ အသက္ ၃၂ ႏွစ္အရြယ္ ကစားသမားအေနနဲ႔ လက္ရွိအခ်ိန္အထိ အသင္းနဲ႔အတူ ၂၅၈ ပြဲ ကစားေပးထားၿပီး ဂိုး ၅၀ သြင္း၊ ၄၆ ဂိုး ဖန္တီးေပးထားခ်ိန္မွာ သူပါဝင္တဲ့ ပြဲေတြမွာ အသင္းအေနနဲ႔ ပ်မ္းမွ်ရမွတ္ ၁.၉၃ မွတ္ ရရွိထားေၾကာင္းလည္း သိရွိရပါတယ္။

REF: UTD ARENA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ပွဲမှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား ပြောတဲ့အတိုင်းပဲ အသင်းရဲ့ ချိန်ခွင်လျှာကို ထိန်းညှိခဲ့တာဖြစ်ပြီး ကွင်းလယ်အထိုင်ကို ခံစစ်ပိုကောင်းတဲ့ ကစားသမားတွေကို သုံးစွဲခဲ့သလို တိုက်စစ်မှာ ဘရူနို ဖာနန်ဒက်စ်ကို သုံးစွဲခဲ့ချိန်မှာ ပေါ့ဘာအတွက် လျော့ကျသွားတဲ့ ဖန်တီးမှုကိုတော့ ကစားသမားတစ်ယောက်ဆီက ပြန်လည်ရယူခဲ့ပြီး သူကတော့ ဟွမ် မာတာပဲဖြစ်ပါတယ်။

ဝါရင့်ကစားသမား မာတာက ညာခြမ်းကနေ ဘောလုံးကိုင်ကစားပြီး မသိဘူး ပြေးမယ်ဆိုတဲ့ ဒန်နီယယ်လ် ဂျိမ်းစ်က အထောင်ကစားတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ကူညီပြီး နယူးကာဆယ်လ်နောက်တန်းကို တိုးပေးခဲ့ချိန်မှာ ကွင်းလယ်စိုးမိုးမှုနဲ့ပါ ဖိကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ မက်ဂွိုင်းယားရဲ့ ချေပဂိုးအတွက် စပိန်သားက ထိထိရောက်ရောက် ပါဝင်မှုနဲ့အတူ ယုံကြည်မှုကိုလည်း တစ်သင်းလုံး ပိုင်ဆိုင်နိုင်ခဲ့တာပါ။

ယူနိုက်တက်ကို ရောက်လာခဲ့ပြီး လူးဝစ် ဗန်ဟားလ်လက်ထက်မှာ Playmaking Right Winger အဖြစ် စတင်သီးပွင့်လာခဲ့တဲ့ မာတာဟာ သူ့ရဲ့ နေရာဟောင်းမှာ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ် မပါဝင်နိုင်ချိန်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဆိုးလ်ရှားရဲ့ ကစားကွက်နဲ့ အဆင်ပြေမယ်လို့ ဘယ်သူကမှ မျှော်လင့်မထားပေမယ့် စိန့်ဂျိမ်းစ်ပါ့ခ်မှာ ပြတ်သားထက်မြက်မှုကို ပြသနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ မာတာရဲ့ စွမ်းဆောင်ရည်ကတော့ ဘောလုံးပေးပို့မှု ၆၃ ကြိမ်မှာ ၅၉ ကြိမ် (၉၄%) အောင်မြင်ခဲ့ပြီး တိုက်စစ်ကို ပေးပို့တဲ့ ၃၂ ကြိမ်မှာ ၂၈ ကြိမ် (၈၈%) တိကျခဲ့သလို ဘေးကိုပေးတဲ့ ၂၂ ကြိမ်နဲ့ နောက်ပြန်ပေးတဲ့ ၉ ကြိမ်ကတော့ ရာနှုန်းပြည့် ပေးပို့နိုင်ခဲ့တယ်လို့လည်း မှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။

ပရိသတ်တွေကတော့ ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့အပြင် မာတာကိုပါ အထူးအသိအမှတ်ပြု ချီးကျူးသွားခဲ့ပြီး ဦးနှောက်က သူများတွေထက် နှစ်လှမ်းသုံးလှမ်းလောက် ရှေ့ရောက်နေတယ်လို့ ဆိုခဲ့ကြပြီး တကယ့်စိန်တုံးတစ်တုံးလို ထက်မြက်တောက်ပနေတဲ့ ကစားသမားလို့ ရေးသားခဲ့ကြပါတယ်။

နည်းပြ ဆိုးလ်ရှားကတော့ “ဟွမ်ဟာ ဘယ်လိုကစားသမားလဲ အားလုံးသိကြပါတယ်။ ကျွန်တော့်အမြင်တော့ တကယ် ပရော်ဖက်ရှင်နယ် ပီသတဲ့ ကစားသမားတစ်ဦးဖြစ်သလို သူ့အတွက် အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တယ်”လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပြီး ဘောလုံးပရိသတ်တွေအားလုံးကလည်း အသိအမှတ်ပြုခဲ့ကြတာပါ။

mata james

၂၀၁၄ ခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ကစားသမားအနေနဲ့ လက်ရှိအချိန်အထိ အသင်းနဲ့အတူ ၂၅၈ ပွဲ ကစားပေးထားပြီး ဂိုး ၅၀ သွင်း၊ ၄၆ ဂိုး ဖန်တီးပေးထားချိန်မှာ သူပါဝင်တဲ့ ပွဲတွေမှာ အသင်းအနေနဲ့ ပျမ်းမျှရမှတ် ၁.၉၃ မှတ် ရရှိထားကြောင်းလည်း သိရှိရပါတယ်။

REF: UTD ARENA
PHOTOS CREDIT TO OWNERS
SPORTS A2Z.