Match Report Premier League

အစက စပါးစ္… အဆုံးက ဝက္စ္ဟမ္း… သေရရလဒ္က ႏွစ္သင္းလုံးအတြက္ျဖစ္ခဲ့တဲ့ပြဲ

ဒီေန႔ပြဲမွာေတာ့ စပါးစ္အသင္းဟာ ေစာေစာစီးစီး ဦးေဆာင္ဂိုးေတြ သြင္းယူႏိုင္ခဲ့ၿပီး ပြဲအစကတည္းက ဝက္စ္ဟမ္းအသင္းဘက္ကို လႊမ္းမုိးထားႏုိင္ခဲ့ေပမယ့္လည္း ပြဲရဲ႕ေနာက္ဆုံးအခ်ိန္ေတြမွာ ခံစစ္ပုိင္း ေပါ့ေလ်ာ့မွဳနဲ႔ တုိက္စစ္က ဖိဖိစီးစီး မကစားမွဳတုိ႔ေၾကာင့္ ဂိုးေတြ ျပန္ေပးရၿပီး ႏုိင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ပြဲအစ ၄၅ စကၠန္႔မွာပဲ တန္ျပန္တုိက္စစ္ကေန စပါးစ္ကြင္းျခမ္းမွာ ေဘာလုံးရခဲ့တဲ့ ဟာရီကိန္းက တကယ့္ကြင္းလယ္ဖန္တီးရွင္တစ္ေယာက္ရဲ႕ အေဝးေဘာေပးပုိ႔မွဳမ်ဳိးနဲ႔ သူ႕ရဲ႕ ဒီရာသီဖန္တီးမွဳ ၇ ႀကိမ္ေျမာက္အျဖစ္ ဘယ္ျခမ္း ဆြန္ေဟာင္မင္းရဲ႕ ေျပးလမ္းေၾကာင္းထဲကို ကြက္တိ တင္ေပးခဲ့ရာမွာ ဆြန္က သူ႕ရဲ႕ ဒီရာသီ ၇ ဂိုးေျမာက္အျဖစ္ စတင္သြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈ မိနစ္မွာေတာ့ ဟာရီကိန္းက သူ႕ကို ပိတ္ဆုိ႔ထားတဲ့ ဝက္စ္ဟမ္းကစားသမားႏွစ္ေယာက္ကို ေနရာက်ဥ္းက်ဥ္းထဲမွာ လွည့္ထြက္ၿပီး ညာေျခနဲ႔ ေျမလွိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ လူၾကားထဲက ထြက္လာခဲ့တာကို ဂိုးသမား ဖာဘီယန္စကီး အခ်ိန္မီ မတုံ႔ျပန္ႏုိင္ခဲ့လို႔ စပါးစ္တုိ႔ ဒုတိယဂိုး ထပ္ရခဲ့ပါတယ္။

တတိယဂိုးကိုေတာ့ ပြဲခ်ိန္ ၁၆ မိနစ္မွာ ဆြန္ေဟာင္မင္က ဆြဲေျပးၿပီး ေနာက္ကို ျပန္ခ်ေပးတာကို လုိက္တက္လာတဲ့ ဘယ္ေနာက္ခံလူ ရက္ဂီလြန္က ျဖတ္တင္ေပးခဲ့တာမွာ ဟာရီကိန္းက ေခါင္းတုိက္ၿပီး သူ႕ရဲ႕ ပရီးမီးယားလိဂ္ ၅ ပြဲမွာ ၅ ဂိုးေျမာက္အျဖစ္ သြင္းယူခဲ့ၿပီး ဒီရာသီမွာ သူ႕အေနနဲ႔ စပါးစ္အသင္းရဲ႕ သြင္းဂိုး ၁၂ ဂိုးမွာ တိုက္႐ိုက္ပါဝင္ပတ္သက္ထားႏိုင္ခဲ့ပါတယ္။

ပထမပုိင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ စပါးစ္တုိ႔ ဦးေဆာင္ခဲ့ၿပီး ဝက္စ္ဟမ္းတုိ႔ ျပန္လည္တုိက္စစ္ဆင္ကစားလာခဲ့ပါတယ္။ ေမာ္ရင္ညဳိနဲ႔ စပါးစ္ရဲ႕ ခံစစ္ကေတာ့ ေျပာေလာက္ေအာင္ ေကာင္းမြန္ျခင္းမရွိသလို အန္တိုနီယိုနဲ႔ ဟမ္းမားတုိက္စစ္က လြဲေခ်ာ္ေနခဲ့လို႔သာ သက္သာခဲ့တာျဖစ္ၿပီး ဟာရီကိန္းနဲ႔ အဖြဲ႕ကလည္း စတုတၳေျမာက္သြင္းဂိုးကို မရယူႏုိင္ခဲ့တာက အိမ္ရွင္ေတြ ကံဆုိးဖို႔ ျဖစ္လာခဲ့ပါတယ္။

ဂါရက္ေဘးလ္နဲ႔ ဟာရီ ဝင့္ခ္စ္ကို ထည့္သြင္းလုိက္တာက အသင္းရဲ႕ စုဖြဲ႕မွဳကို ထိခိုက္ေစခဲ့ၿပီး ဒီကေန ဝက္စ္ဟမ္းတုိ႔ ပုိမုိထုိးေဖာက္လာႏုိင္ခဲ့ သလို ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ အျမင့္ႀကီးခုန္ၿပီး အလုပ္မျဖစ္တဲ့ ေဒဗင္ဆန္ ဆန္ခ်က္ဇ္ရဲ႕ တုိင္မင္လြဲတာကေန ပါရာေဂြးသား ဘယ္လ္ေဘြနာက ဧည့္သည္ေတြအတြက္ ေခ်ပဂိုး စတင္ရယူခဲ့ပါတယ္။

ပြဲက တျဖည္းျဖည္းနဲ႔ ဧည့္သည္ ဟမ္းမားေတြရဲ႕ပြဲ ျဖစ္လာခဲ့ၿပီး စပါးစ္ေနာက္တန္းရဲ႕ ဆုိးရြားမွဳကေတာ့ ဒီေလာက္နဲ႔ မေက်နပ္ေသးဘဲ ပြဲခ်ိန္ ၈၅ မိနစ္မွာ ညာေနာက္ခံလူ ကူဖယ္လ္ရဲ႕ ျဖတ္တင္ေဘာကို အစိုးရိမ္လြန္တဲ့ ဆန္ခ်က္ဇ္ကပဲ ေခါင္းတုိက္ၿပီး ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့ျပန္ပါတယ္။

သုံးဂိုး-ႏွစ္ဂိုးနဲ႔ျဖစ္ေနခ်ိန္မွာ စပါးစ္တုိ႔ ႏိုင္မယ္အထင္နဲ႔ အပိုင္အခြင့္အေရးတစ္ႀကိမ္ကို ေဘးလ္က ေဘးကန္ခဲ့အၿပီးမွာေတာ့ နာက်င္အခ်ိန္ပို ၄ မိနစ္မွာ ဝင့္ခ္စ္ရဲ႕ ေဘာလုံးရယူမွဳကို ေအာ့ဘြန္နာက တာဆီးေပးခဲ့ခ်ိန္မွာ လန္ဇီနီက အျပင္းကန္သြင္းခဲ့ၿပီး ဂိုးသမား လိုရစ္ရဲ႕ အေဝးတိုင္ေထာင့္ကို ဝင္သြားခဲ့တာေၾကာင့္ သုံးဂိုးစီသေရနဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ပြဲမတုိင္ခင္မွာ ပရီးမီးယားလိဂ္ကိုပါ ရယူႏုိင္ဖို႔ ေလလုံးထြားထားခဲ့တဲ့ ေမာ္ရင္ညဳိအတြက္ကေတာ့ ေနာက္ဆုံး ၁၀ မိနစ္အတြင္းမွာ မ်က္ႏွာ ပ်က္ခဲ့ရတာျဖစ္ၿပီး ခုလို အိတ္ေပါက္နဲ႔ ဖားေကာက္ေနဦးမယ္ဆုိရင္ေတာ့ စပါးစ္တုိ႔အတြက္ ယူ႐ိုပါလိဂ္ဝင္ခြင့္ကပဲ ေနာက္ဆုံးတုိက္ပြဲျဖစ္ေနဦးမယ္လို႔ သုံးသပ္ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာတော့ စပါးစ်အသင်းဟာ စောစောစီးစီး ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ပွဲအစကတည်းက ဝက်စ်ဟမ်းအသင်းဘက်ကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့်လည်း ပွဲရဲ့နောက်ဆုံးအချိန်တွေမှာ ခံစစ်ပိုင်း ပေါ့လျော့မှုနဲ့ တိုက်စစ်က ဖိဖိစီးစီး မကစားမှုတို့ကြောင့် ဂိုးတွေ ပြန်ပေးရပြီး နိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

ပွဲအစ ၄၅ စက္ကန့်မှာပဲ တန်ပြန်တိုက်စစ်ကနေ စပါးစ်ကွင်းခြမ်းမှာ ဘောလုံးရခဲ့တဲ့ ဟာရီကိန်းက တကယ့်ကွင်းလယ်ဖန်တီးရှင်တစ်ယောက်ရဲ့ အဝေးဘောပေးပို့မှုမျိုးနဲ့ သူ့ရဲ့ ဒီရာသီဖန်တီးမှု ၇ ကြိမ်မြောက်အဖြစ် ဘယ်ခြမ်း ဆွန်ဟောင်မင်းရဲ့ ပြေးလမ်းကြောင်းထဲကို ကွက်တိ တင်ပေးခဲ့ရာမှာ ဆွန်က သူ့ရဲ့ ဒီရာသီ ၇ ဂိုးမြောက်အဖြစ် စတင်သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈ မိနစ်မှာတော့ ဟာရီကိန်းက သူ့ကို ပိတ်ဆို့ထားတဲ့ ဝက်စ်ဟမ်းကစားသမားနှစ်ယောက်ကို နေရာကျဉ်းကျဉ်းထဲမှာ လှည့်ထွက်ပြီး ညာခြေနဲ့ မြေလှိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ လူကြားထဲက ထွက်လာခဲ့တာကို ဂိုးသမား ဖာဘီယန်စကီး အချိန်မီ မတုံ့ပြန်နိုင်ခဲ့လို့ စပါးစ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။

တတိယဂိုးကိုတော့ ပွဲချိန် ၁၆ မိနစ်မှာ ဆွန်ဟောင်မင်က ဆွဲပြေးပြီး နောက်ကို ပြန်ချပေးတာကို လိုက်တက်လာတဲ့ ဘယ်နောက်ခံလူ ရက်ဂီလွန်က ဖြတ်တင်ပေးခဲ့တာမှာ ဟာရီကိန်းက ခေါင်းတိုက်ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၅ ဂိုးမြောက်အဖြစ် သွင်းယူခဲ့ပြီး ဒီရာသီမှာ သူ့အနေနဲ့ စပါးစ်အသင်းရဲ့ သွင်းဂိုး ၁၂ ဂိုးမှာ တိုက်ရိုက်ပါဝင်ပတ်သက်ထားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ စပါးစ်တို့ ဦးဆောင်ခဲ့ပြီး ဝက်စ်ဟမ်းတို့ ပြန်လည်တိုက်စစ်ဆင်ကစားလာခဲ့ပါတယ်။ မော်ရင်ညိုနဲ့ စပါးစ်ရဲ့ ခံစစ်ကတော့ ပြောလောက်အောင် ကောင်းမွန်ခြင်းမရှိသလို အန်တိုနီယိုနဲ့ ဟမ်းမားတိုက်စစ်က လွဲချော်နေခဲ့လို့သာ သက်သာခဲ့တာဖြစ်ပြီး ဟာရီကိန်းနဲ့ အဖွဲ့ကလည်း စတုတ္ထမြောက်သွင်းဂိုးကို မရယူနိုင်ခဲ့တာက အိမ်ရှင်တွေ ကံဆိုးဖို့ ဖြစ်လာခဲ့ပါတယ်။

ဂါရက်ဘေးလ်နဲ့ ဟာရီ ဝင့်ခ်စ်ကို ထည့်သွင်းလိုက်တာက အသင်းရဲ့ စုဖွဲ့မှုကို ထိခိုက်စေခဲ့ပြီး ဒီကနေ ဝက်စ်ဟမ်းတို့ ပိုမိုထိုးဖောက်လာနိုင်ခဲ့ သလို ပွဲချိန် ၈၂ မိနစ်မှာတော့ အမြင့်ကြီးခုန်ပြီး အလုပ်မဖြစ်တဲ့ ဒေဗင်ဆန် ဆန်ချက်ဇ်ရဲ့ တိုင်မင်လွဲတာကနေ ပါရာဂွေးသား ဘယ်လ်ဘွေနာက ဧည့်သည်တွေအတွက် ချေပဂိုး စတင်ရယူခဲ့ပါတယ်။

ပွဲက တဖြည်းဖြည်းနဲ့ ဧည့်သည် ဟမ်းမားတွေရဲ့ပွဲ ဖြစ်လာခဲ့ပြီး စပါးစ်နောက်တန်းရဲ့ ဆိုးရွားမှုကတော့ ဒီလောက်နဲ့ မကျေနပ်သေးဘဲ ပွဲချိန် ၈၅ မိနစ်မှာ ညာနောက်ခံလူ ကူဖယ်လ်ရဲ့ ဖြတ်တင်ဘောကို အစိုးရိမ်လွန်တဲ့ ဆန်ချက်ဇ်ကပဲ ခေါင်းတိုက်ပြီး ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ပြန်ပါတယ်။

သုံးဂိုး-နှစ်ဂိုးနဲ့ဖြစ်နေချိန်မှာ စပါးစ်တို့ နိုင်မယ်အထင်နဲ့ အပိုင်အခွင့်အရေးတစ်ကြိမ်ကို ဘေးလ်က ဘေးကန်ခဲ့အပြီးမှာတော့ နာကျင်အချိန်ပို ၄ မိနစ်မှာ ဝင့်ခ်စ်ရဲ့ ဘောလုံးရယူမှုကို အော့ဘွန်နာက တာဆီးပေးခဲ့ချိန်မှာ လန်ဇီနီက အပြင်းကန်သွင်းခဲ့ပြီး ဂိုးသမား လိုရစ်ရဲ့ အဝေးတိုင်ထောင့်ကို ဝင်သွားခဲ့တာကြောင့် သုံးဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ပွဲမတိုင်ခင်မှာ ပရီးမီးယားလိဂ်ကိုပါ ရယူနိုင်ဖို့ လေလုံးထွားထားခဲ့တဲ့ မော်ရင်ညိုအတွက်ကတော့ နောက်ဆုံး ၁၀ မိနစ်အတွင်းမှာ မျက်နှာ ပျက်ခဲ့ရတာဖြစ်ပြီး ခုလို အိတ်ပေါက်နဲ့ ဖားကောက်နေဦးမယ်ဆိုရင်တော့ စပါးစ်တို့အတွက် ယူရိုပါလိဂ်ဝင်ခွင့်ကပဲ နောက်ဆုံးတိုက်ပွဲဖြစ်နေဦးမယ်လို့ သုံးသပ်ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.