Premier League

ဖင်ပြောင်နဲ့ ဂိုးဖန်တီးမှုပြုလုပ်ဖူးတဲ့ ပထမဆုံးကစားသမားဖြစ်လာတဲ့ အာနိုး

လီဗာပူးလ်နောက်ခံကစားသမား အလက်ဇန်းဒါး အာနိုးဟာ ရှက်ဖီးယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ လှပတဲ့ ဂိုးဖန်တီးမှုကို ပြုလုပ်ပေးခဲ့ပေမယ့် အဲဒီရုပ်သံအနှေးပြကွက်ကို ပြန်ကြည့်ချင်မှာ မဟုတ်လောက်ပါဘူး။

အင်္ဂလန်နောက်ခံကစားသမားဟာ လီဗာပူးလ်အသင်းရဲ့ အဖွင့်ဂိုးအတွက် အလွန်ကောင်းမွန်တဲ့ ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာနိုးရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို ဗန်ဒိုက်က ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာနိုးဟာ ထောင့်ကန်ဘော ကန်တင်မပေးပို့မှုမှာ ဘောလုံးပေးပို့ဖို့ လမ်းကြောင်းကို ခါးထောက် ကြည့်ရှုနေခဲ့ပြီး ကံဆိုးစွာနဲ့ပဲ ဘောင်းဘီက တင်ပါးတစ်ဝက်လောက်အထိ လျှောကျနေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာနိုးရဲ့ နောက် ပွဲကြည့်စင်ပေါ်က ပရိသတ်တွေဟာ ဘောလုံးကို ကြည့်ရမလား၊ အာနိုး ဖင်ပေါ်နေတာကိုပဲ ကြည့်ရမလား မသဲကွဲဘူးဖြစ်ခဲ့ကြတာဖြစ်ပြီး ပရိသတ်တွေက ပွဲအပြီး လူမှုကွန်ရက်ပေါ်မှာ လီဗာပူးလ်နောက်ခံကစားသမားဟာ ဖင်ပြောင်နဲ့တောင် ဂိုးဖန်တီးမှု ပြုလုပ်နိုင်တဲ့ကစားသမားလို့ နောက်ပြောင်ကျီစယ်ခဲ့ကြပါတယ်။

“ထရင့်က ဖင်ပြောင်ကြီးနဲ့ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တယ်။ သူက ဘယ်လိုပဲနေနေ ဂိုးဖန်တီးမှုကို တကယ်လုပ်နိုင်တာပဲ”လို့ လူမှုကွန်ရက်ပေါ်က ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “အာနိုးရဲ့ ဂိုးဖန်တီးမှုမှာ ဖင်ကိုလည်း ထည့်ရမယ်”လို့ ဟာသဖောက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ေနာက္ခံကစားသမား အလက္ဇန္းဒါး အာႏိုးဟာ ရွက္ဖီးယူႏိုက္တက္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဗုဒၶဟူးေန႔ညပြဲစဥ္မွာ လွပတဲ့ ဂိုးဖန္တီးမႈကို ျပဳလုပ္ေပးခဲ့ေပမယ့္ အဲဒီ႐ုပ္သံအေႏွးျပကြက္ကို ျပန္ၾကည့္ခ်င္မွာ မဟုတ္ေလာက္ပါဘူး။

အဂၤလန္ေနာက္ခံကစားသမားဟာ လီဗာပူးလ္အသင္းရဲ႕ အဖြင့္ဂိုးအတြက္ အလြန္ေကာင္းမြန္တဲ့ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့တာျဖစ္ၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အာႏိုးရဲ႕ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔မႈကို ဗန္ဒိုက္က ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာႏိုးဟာ ေထာင့္ကန္ေဘာ ကန္တင္မေပးပို႔မႈမွာ ေဘာလုံးေပးပို႔ဖို႔ လမ္းေၾကာင္းကို ခါးေထာက္ ၾကည့္ရႈေနခဲ့ၿပီး ကံဆိုးစြာနဲ႔ပဲ ေဘာင္းဘီက တင္ပါးတစ္ဝက္ေလာက္အထိ ေလွ်ာက်ေနခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အာႏိုးရဲ႕ ေနာက္ ပြဲၾကည့္စင္ေပၚက ပရိသတ္ေတြဟာ ေဘာလုံးကို ၾကည့္ရမလား၊ အာႏိုး ဖင္ေပၚေနတာကိုပဲ ၾကည့္ရမလား မသဲကြဲဘူးျဖစ္ခဲ့ၾကတာျဖစ္ၿပီး ပရိသတ္ေတြက ပြဲအၿပီး လူမႈကြန္ရက္ေပၚမွာ လီဗာပူးလ္ေနာက္ခံကစားသမားဟာ ဖင္ေျပာင္နဲ႔ေတာင္ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္တဲ့ကစားသမားလို႔ ေနာက္ေျပာင္က်ီစယ္ခဲ့ၾကပါတယ္။

“ထရင့္က ဖင္ေျပာင္ႀကီးနဲ႔ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့တယ္။ သူက ဘယ္လိုပဲေနေန ဂိုးဖန္တီးမႈကို တကယ္လုပ္ႏိုင္တာပဲ”လို႔ လူမႈကြန္ရက္ေပၚက ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “အာႏိုးရဲ႕ ဂိုးဖန္တီးမႈမွာ ဖင္ကိုလည္း ထည့္ရမယ္”လို႔ ဟာသေဖာက္ၿပီး မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.