Match Report Premier League

အိမ်ကွင်း ၁၄ ပွဲဆက်အနိုင်နဲ့ မန်စီးတီးကို သိပ်လွှတ်လိုက်တဲ့ အဆင့် ၃ ရောက် ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ဒီယေဂို ကားလို့စ်၊ ပေါ်တောရက်စ်၊ ကွန်ဆာနဲ့ ဒီညာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာရာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မက်ဂင်းနဲ့ တီးလီးမန်းစ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘေလီနဲ့ ဝပ်ကင်းစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် မန်ချက်စတာစီးတီးတို့ကတော့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကန်ဂျီ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂျွန်စတုန်းစ်၊ ရီကို လူးဝစ္စ၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကိုပဲ အထောင်ထားခဲ့တာပါ။

မန်စီးတီးတို့ရဲ့ Attacking Full Back မပါဘဲ ဗဟိုခံစစ်မှူးတွေနဲ့ ကွင်းလယ်အဖျက်ပေါင်းပြီး ငါးယောက် Group ကစားနေတဲ့ ကစားကွက်က စာကြေတဲ့ အသင်းတွေနဲ့တွေ့ရင် အလုပ်မဖြစ်တာကို တွေ့ရပြီး သူတို့ရဲ့ Pass and Move တွေကို ခန့်မှန်းတွက်ချက်နိုင်ပြီး ဟားလန်းကိုလည်း ကြံ့ခိုင်မှု မြင့်မားတဲ့ အိမ်ရှင်နောက်ခံလူ ဒီယေဂို ကားလို့စ်က ဝင်လုံးထားခဲ့တဲ့အခါမှာ ဗီလာတို့ကတောင်မှ ပိုကောင်းတဲ့ အသင်း ဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းမှာ ဗီလာတို့ရဲ့ ကန်ချက်တွေကို အီဒါဆန် လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့သာ တော်ခဲ့သလို အိမ်ရှင်ဂိုးသမား မာတီနက်ဇ်ကတော့ ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ရဲ့ ဖန်တီးမှုတွေကနေ ဟားလန်းရဲ့ ဂိုးသွင်းခွင့် နှစ်ကြိမ်ဆက်တိုက်ကို ငြင်းပယ်သွားခဲ့ပြီး ဒီနှစ်ကြိမ်က မန်စီးတီးတို့ရဲ့ တစ်ပွဲလုံးက ၁၀၀ ရာခိုင်နှုန်းသော ဂိုးသွင်းခွင့်ပဲ ဖြစ်ခဲ့ချိန်မှာ အိမ်ရှင်တွေဘက်က ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ သွင်းဂိုးကတော့ ဘေးစည်းကျော်နေခဲ့လို့ ပယ်ဖျက်ခံခဲ့ရတာပါ။

ဂိုးမရှိသရေနဲ့ ပထမပိုင်း ပြီးခဲ့တဲ့နောက် ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့က ဘောလုံးပိုင်ဆိုင်မှုကို ပိုမိုရယူလာခဲ့ပြီး ဖိအားပေးထိုးဖောက်ဖို့ ကြိုးစားခဲ့ပေမယ့် ဗီလာခံစစ်ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ပိတ်ဆို့သွားခဲ့တာကြောင့် စိတ်ရှည်လက်ရှည် ကစားတဲ့ ဂွါဒီယိုလာရဲ့လူတွေ ဂိုးပေါက်ကန်ခွင့် ရတောင်မရဘဲဖြစ်နေခဲ့ပါတယ်။

မက်ဂင်းနဲ့ တီးလီးမန်းစ်တို့ရဲ့ အတွေ့အကြုံနဲ့ ပါးနပ်မှုတွေက မန်စီးတီးတို့ရဲ့ ကစားကွက်ကို ဒုက္ခပေးခဲ့သလို စိတ်ကြိုက်တည်မရအောင်တော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ ကာမာရာတို့က ဖျက်ဆီးသွားခဲ့ပြီး ပေါ်တောရက်စ်နဲ့ ဒီယေဂို ကားလို့စ်တို့ကလည်း ဟားလန်းကို အိတ်ထဲ ထည့်ထားနိုင်ခဲ့လို့ ဂွါဒီယိုလာအနေနဲ့ ရီကို လူးဝစ္စ၊ အယ်လ်ဗာရက်ဇ်နဲ့ ဖိုဒန်တို့အစား မက်သီယူးစ် နူးနက်စ်၊ ကိုဗာချစ်နဲ့ အော်စကာ ဘော့ဘ်တို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ အပြောင်းအလဲ တစ်ယောက်မှ လုပ်မထားသေးတဲ့ ဗီလာတို့ ဂိုးစတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ တီးလီးမန်းစ် ပေးခဲ့တဲ့ ဘောလုံးကို ရလာတဲ့ ဘေလီက ဝပ်ကင်းစ်ကြောင့် အာရုံများနေတဲ့ မန်စီးတီးခံစစ်ကြားကနေ လွတ်သွားခဲ့ပြီး ကန်သွင်းခဲ့ရာမှာ ရူဘင် ဒီယက်စ်နဲ့ထိပြီး အီဒါဆန် မမီတဲ့ နေရာထဲကို ဝင်သွားခဲ့လို့ ဂိုးဖြစ်သွားခဲ့ရပါတယ်။

ဒီနောက်မှာတော့ ဗီလာတို့ဘက်က တီးလီးမန်းစ်၊ ဘေလီ၊ ဝပ်ကင်းစ်နဲ့ ဒီညာတို့အစား ရမ်းဆေး၊ ဒီယာဘီ၊ ဒူရန်နဲ့ အဲလက်စ် မိုရီနိုတို့ကို ထည့်သွင်းသွားခဲ့သလို ဒေါက်ဂလပ်စ် လူးဝစ်ဇ်ရဲ့ ကန်ချက်ကတော့ တိုင်ထိထွက်ခဲ့လို့သာ ဂိုးမပြတ်ခဲ့ရတာဖြစ်ပြီး မန်စီးတီးတို့ကတော့ ပွဲချိန်ပြည့်တဲ့အထိ ဒုတိယပိုင်းမှာ ဂိုးကန်ချက် တစ်ကြိမ်မှ ထပ်မလုပ်နိုင်ခဲ့ဘဲ ဒူးထောက်လက်မြှောက်ခဲ့ကြရတာပါ။

ပွဲချိန်အပြည့်မှာတော့ အက်စ်တန်ဗီလာတို့က ဘေလီရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အောင်ပွဲခံခဲ့ကြပြီး အိမ်ကွင်း ၁၄ ပွဲဆက်အနိုင်နဲ့ ပရီးမီးယား လိဂ်ရဲ့ အဆင့် ၃ နေရာကို တက်ရောက်လာနိုင်ခဲ့ကြချိန်မှာ နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့ကတော့ အဆင့် ၄ အထိ ကျဆင်းသွားခဲ့ရကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီမီ မာတီနက္ဇ္၊ ခံစစ္မွာ ဒီေယဂို ကားလို႔စ္၊ ေပၚေတာရက္စ္၊ ကြန္ဆာနဲ႔ ဒီညာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာရာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ မက္ဂင္းနဲ႔ တီးလီးမန္းစ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေဘလီနဲ႔ ဝပ္ကင္းစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ မန္ခ်က္စတာစီးတီးတို႔ကေတာ့ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အာကန္ဂ်ီ၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂြၽန္စတုန္းစ္၊ ရီကို လူးဝစၥ၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္နဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းကိုပဲ အေထာင္ထားခဲ့တာပါ။

မန္စီးတီးတို႔ရဲ႕ Attacking Full Back မပါဘဲ ဗဟိုခံစစ္မႉးေတြနဲ႔ ကြင္းလယ္အဖ်က္ေပါင္းၿပီး ငါးေယာက္ Group ကစားေနတဲ့ ကစားကြက္က စာေၾကတဲ့ အသင္းေတြနဲ႔ေတြ႕ရင္ အလုပ္မျဖစ္တာကို ေတြ႕ရၿပီး သူတို႔ရဲ႕ Pass and Move ေတြကို ခန႔္မွန္းတြက္ခ်က္ႏိုင္ၿပီး ဟားလန္းကိုလည္း ႀကံ့ခိုင္မႈ ျမင့္မားတဲ့ အိမ္ရွင္ေနာက္ခံလူ ဒီေယဂို ကားလို႔စ္က ဝင္လုံးထားခဲ့တဲ့အခါမွာ ဗီလာတို႔ကေတာင္မွ ပိုေကာင္းတဲ့ အသင္း ျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာ ဗီလာတို႔ရဲ႕ ကန္ခ်က္ေတြကို အီဒါဆန္ လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့လို႔သာ ေတာ္ခဲ့သလို အိမ္ရွင္ဂိုးသမား မာတီနက္ဇ္ကေတာ့ ဖိုဒန္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ရဲ႕ ဖန္တီးမႈေတြကေန ဟားလန္းရဲ႕ ဂိုးသြင္းခြင့္ ႏွစ္ႀကိမ္ဆက္တိုက္ကို ျငင္းပယ္သြားခဲ့ၿပီး ဒီႏွစ္ႀကိမ္က မန္စီးတီးတို႔ရဲ႕ တစ္ပြဲလုံးက ၁၀၀ ရာခိုင္ႏႈန္းေသာ ဂိုးသြင္းခြင့္ပဲ ျဖစ္ခဲ့ခ်ိန္မွာ အိမ္ရွင္ေတြဘက္က ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ရဲ႕ သြင္းဂိုးကေတာ့ ေဘးစည္းေက်ာ္ေနခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရတာပါ။

ဂိုးမရွိသေရနဲ႔ ပထမပိုင္း ၿပီးခဲ့တဲ့ေနာက္ ဒုတိယပိုင္းမွာေတာ့ မန္စီးတီးတို႔က ေဘာလုံးပိုင္ဆိုင္မႈကို ပိုမိုရယူလာခဲ့ၿပီး ဖိအားေပးထိုးေဖာက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဗီလာခံစစ္ကလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ပိတ္ဆို႔သြားခဲ့တာေၾကာင့္ စိတ္ရွည္လက္ရွည္ ကစားတဲ့ ဂြါဒီယိုလာရဲ႕လူေတြ ဂိုးေပါက္ကန္ခြင့္ ရေတာင္မရဘဲျဖစ္ေနခဲ့ပါတယ္။

မက္ဂင္းနဲ႔ တီးလီးမန္းစ္တို႔ရဲ႕ အေတြ႕အႀကဳံနဲ႔ ပါးနပ္မႈေတြက မန္စီးတီးတို႔ရဲ႕ ကစားကြက္ကို ဒုကၡေပးခဲ့သလို စိတ္ႀကိဳက္တည္မရေအာင္ေတာ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ ကာမာရာတို႔က ဖ်က္ဆီးသြားခဲ့ၿပီး ေပၚေတာရက္စ္နဲ႔ ဒီေယဂို ကားလို႔စ္တို႔ကလည္း ဟားလန္းကို အိတ္ထဲ ထည့္ထားႏိုင္ခဲ့လို႔ ဂြါဒီယိုလာအေနနဲ႔ ရီကို လူးဝစၥ၊ အယ္လ္ဗာရက္ဇ္နဲ႔ ဖိုဒန္တို႔အစား မက္သီယူးစ္ ႏူးနက္စ္၊ ကိုဗာခ်စ္နဲ႔ ေအာ္စကာ ေဘာ့ဘ္တို႔ကို ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ အေျပာင္းအလဲ တစ္ေယာက္မွ လုပ္မထားေသးတဲ့ ဗီလာတို႔ ဂိုးစတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန တီးလီးမန္းစ္ ေပးခဲ့တဲ့ ေဘာလုံးကို ရလာတဲ့ ေဘလီက ဝပ္ကင္းစ္ေၾကာင့္ အာ႐ုံမ်ားေနတဲ့ မန္စီးတီးခံစစ္ၾကားကေန လြတ္သြားခဲ့ၿပီး ကန္သြင္းခဲ့ရာမွာ ႐ူဘင္ ဒီယက္စ္နဲ႔ထိၿပီး အီဒါဆန္ မမီတဲ့ ေနရာထဲကို ဝင္သြားခဲ့လို႔ ဂိုးျဖစ္သြားခဲ့ရပါတယ္။

ဒီေနာက္မွာေတာ့ ဗီလာတို႔ဘက္က တီးလီးမန္းစ္၊ ေဘလီ၊ ဝပ္ကင္းစ္နဲ႔ ဒီညာတို႔အစား ရမ္းေဆး၊ ဒီယာဘီ၊ ဒူရန္နဲ႔ အဲလက္စ္ မိုရီႏိုတို႔ကို ထည့္သြင္းသြားခဲ့သလို ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ရဲ႕ ကန္ခ်က္ကေတာ့ တိုင္ထိထြက္ခဲ့လို႔သာ ဂိုးမျပတ္ခဲ့ရတာျဖစ္ၿပီး မန္စီးတီးတို႔ကေတာ့ ပြဲခ်ိန္ျပည့္တဲ့အထိ ဒုတိယပိုင္းမွာ ဂိုးကန္ခ်က္ တစ္ႀကိမ္မွ ထပ္မလုပ္ႏိုင္ခဲ့ဘဲ ဒူးေထာက္လက္ေျမႇာက္ခဲ့ၾကရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အက္စ္တန္ဗီလာတို႔က ေဘလီရဲ႕ တစ္လုံးတည္းေသာ ဂိုးနဲ႔ ေအာင္ပြဲခံခဲ့ၾကၿပီး အိမ္ကြင္း ၁၄ ပြဲဆက္အႏိုင္နဲ႔ ပရီးမီးယား လိဂ္ရဲ႕ အဆင့္ ၃ ေနရာကို တက္ေရာက္လာႏိုင္ခဲ့ၾကခ်ိန္မွာ ေနာက္ဆုံး ၄ ပြဲဆက္တိုက္ ႏိုင္ပြဲေပ်ာက္ခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔ကေတာ့ အဆင့္ ၄ အထိ က်ဆင္းသြားခဲ့ရေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.