Premier League

ဗီလာကို ဘာကြောင့်ရှုံးနိမ့်ခဲ့လဲဆိုတာ ဝန်ခံလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပပ် ဂွါဒီယိုလာက ဗုဒ္ဓဟူးနေ့ညက အက်စတန် ဗီလာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ၎င်းရဲ့အသင်းက ရုန်းကန်နေရတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

လီယွန် ဘေလီရဲ့ ၁၆ မိနစ်မှာ သွင်းယူခဲ့တဲ့ လမ်းကြောင်းပြောင်းဝင်သွားတဲ့ တစ်လုံးတည်းသော သွင်းဂိုးက အူနိုင်း အမ်မရီရဲ့အသင်းအတွက် အနိုင် ၃ မှတ် ရရှိစေခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးဟာ အက်စတန်ဗီလာရဲ့ ကံ၊ ဉာဏ်၊ ဝီရိယအားလုံး ပေါင်းစည်းသွားခဲ့တာကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။

အမ်မရီရဲ့အသင်းဟာ မန်စီးတီးနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၄၆ ရာခိုင်နှုန်းအထိ ထိန်းသိမ်းထားနိုင်ခဲ့ပြီး စုစုပေါင်း ဂိုးပေါက်ကန်သွင်းချက် ၂၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် မျှော်မှန်းသွင်းဂိုး ၂.၃၈ ဂိုးအထိ စံချိန်တင် ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကတော့ တစ်ပွဲလုံးမှာ ဂိုးပေါက်ကန်သွင်းမှု ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် မျှော်မှန်းသွင်းဂိုးက ၀.၆၅ ဂိုးသာ ရခဲ့တာဖြစ်ပြီး အက်စတန်ဗီလာက ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးလ်တို့က သက်ဆိုင်ရာပွဲစဉ်တွေမှာ အနိုင်ရရှိခဲ့တာကြောင့် မန်စီးတီးရဲ့ ရှုံးနိမ့်မှုက ဆုဖလားမျှော်လင့်ချက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့တာဖြစ်ပြီး ဂွါဒီယိုလာက ပွဲအပြီးမှာ ပိုကောင်းတဲ့အသင်းက အနိုင်ရသွားခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ပိုကောင်းတဲ့အသင်းက အနိုင်ရခဲ့ပါတယ်။ တကယ်ကို ခက်ခဲခဲ့တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက တကယ်ကို ရုပ်ပိုင်းဆိုင်ရာ အားကောင်းပြီး ဘက်ပေါင်းစုံမှာ ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါကြောင့်ပဲ သူတို့တွေ အမှတ်ပေးဇယားက အဲဒီနေရာ(အဆင့် ၃)မှာ ရှိနေတာပါ။ ကောင်းမွန်တဲ့ ဘောလုံးကစားပုံကို ကစားနေပြီး ကျွန်တော်တို့ကတော့ အဲဒါကို မလုပ်နိုင်ခဲ့ဘူး။ အဲဒါက ကျွန်တော့် တာဝန်ပါ။ ကျွန်တော့်အလုပ်က ဒီအခြေအနေကနေ ပြန်ကောင်းလာမယ့် နည်းလမ်းကို ရှာဖို့ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အတူတူ နှစ်ပေါင်းများစွာ ပွဲတွေကစားဖို့ နည်းလမ်းရှာနိုင်ခဲ့လို့ပါ။ တစ်ခါတလေ ကောင်းတယ်။ တစ်ခါတလေ မကောင်းဘူး။ ဒါပေမယ့် အမြဲတမ်းတော့ နည်းလမ်းရှာတွေ့ခဲ့တာပဲ။ အခု ကျွန်တော်တို့ ရုန်းကန်နေရတယ်။ ကျွန်တော်တို့ လုပ်ဆောင်နေမှုတွေကို ပြောင်းလဲရမယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက ဗုဒၶဟူးေန႔ညက အက္စတန္ ဗီလာကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ၎ရဲ႕အသင္းက ႐ုန္းကန္ေနရတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

လီယြန္ ေဘလီရဲ႕ ၁၆ မိနစ္မွာ သြင္းယူခဲ့တဲ့ လမ္းေၾကာင္းေျပာင္းဝင္သြားတဲ့ တစ္လုံးတည္းေသာ သြင္းဂိုးက အူႏိုင္း အမ္မရီရဲ႕အသင္းအတြက္ အႏိုင္ ၃ မွတ္ ရရွိေစခဲ့တာျဖစ္ၿပီး အဲဒီသြင္းဂိုးဟာ အက္စတန္ဗီလာရဲ႕ ကံ၊ ဉာဏ္၊ ဝီရိယအားလုံး ေပါင္းစည္းသြားခဲ့တာေၾကာင့္ ရရွိခဲ့တာျဖစ္ပါတယ္။

အမ္မရီရဲ႕အသင္းဟာ မန္စီးတီးနဲ႔ပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၄၆ ရာခိုင္ႏႈန္းအထိ ထိန္းသိမ္းထားႏိုင္ခဲ့ၿပီး စုစုေပါင္း ဂိုးေပါက္ကန္သြင္းခ်က္ ၂၂ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ေမွ်ာ္မွန္းသြင္းဂိုး ၂.၃၈ ဂိုးအထိ စံခ်ိန္တင္ ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးကေတာ့ တစ္ပြဲလုံးမွာ ဂိုးေပါက္ကန္သြင္းမႈ ၂ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ေမွ်ာ္မွန္းသြင္းဂိုးက ၀.၆၅ ဂိုးသာ ရခဲ့တာျဖစ္ၿပီး အက္စတန္ဗီလာက ပိုေကာင္းတဲ့အသင္းျဖစ္ခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔က သက္ဆိုင္ရာပြဲစဥ္ေတြမွာ အႏိုင္ရရွိခဲ့တာေၾကာင့္ မန္စီးတီးရဲ႕ ရႈံးနိမ့္မႈက ဆုဖလားေမွ်ာ္လင့္ခ်က္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ ျဖစ္လာခဲ့တာျဖစ္ၿပီး ဂြါဒီယိုလာက ပြဲအၿပီးမွာ ပိုေကာင္းတဲ့အသင္းက အႏိုင္ရသြားခဲ့တာျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

“ပိုေကာင္းတဲ့အသင္းက အႏိုင္ရခဲ့ပါတယ္။ တကယ္ကို ခက္ခဲခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက တကယ္ကို ႐ုပ္ပိုင္းဆိုင္ရာ အားေကာင္းၿပီး ဘက္ေပါင္းစုံမွာ ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ ဒါေၾကာင့္ပဲ သူတို႔ေတြ အမွတ္ေပးဇယားက အဲဒီေနရာ(အဆင့္ ၃)မွာ ရွိေနတာပါ။ ေကာင္းမြန္တဲ့ ေဘာလုံးကစားပုံကို ကစားေနၿပီး ကြၽန္ေတာ္တို႔ကေတာ့ အဲဒါကို မလုပ္ႏိုင္ခဲ့ဘူး။ အဲဒါက ကြၽန္ေတာ့္ တာဝန္ပါ။ ကြၽန္ေတာ့္အလုပ္က ဒီအေျခအေနကေန ျပန္ေကာင္းလာမယ့္ နည္းလမ္းကို ရွာဖို႔ပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အတူတူ ႏွစ္ေပါင္းမ်ားစြာ ပြဲေတြကစားဖို႔ နည္းလမ္းရွာႏိုင္ခဲ့လို႔ပါ။ တစ္ခါတေလ ေကာင္းတယ္။ တစ္ခါတေလ မေကာင္းဘူး။ ဒါေပမယ့္ အၿမဲတမ္းေတာ့ နည္းလမ္းရွာေတြ႕ခဲ့တာပဲ။ အခု ကြၽန္ေတာ္တို႔ ႐ုန္းကန္ေနရတယ္။ ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနမႈေတြကို ေျပာင္းလဲရမယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.