Match Report Premier League

ညီမလေးကို ငရုတ်သီးစပ်စပ်လေး သုပ်ကျွေးလိုက်တဲ့ တုတ်ကြီးနဲ့ ဂိတ်မှူးများ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဒါလော့၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားနဲ့ လုခ် ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အမ်မရာဘတ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ချဲလ်ဆီးအသင်းကတော့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်၊ ခံစစ်မှာ ဒီဆာဆီ၊ သီယာဂို ဆေးလ်ဗား၊ ကူကူရဲလားနဲ့ ကောဝဲလ်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ကိုင်စီဒို၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ပါးလ်မားတို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ စတာလင်၊ မူဒရစ်ခ်နဲ့ ဂျက်ဆန်တို့ကို ကစားစေခဲ့တာပါ။

ပွဲစကတည်းက နှစ်သင်းစလုံး ကွင်းလယ်တွေ တည်မရတာကြောင့် အမြန်ကစားဖို့ ကြိုးစားခဲ့ကြပြီး ဘောလုံးက ချက်ချင်းဆိုသလို ဟိုဘက်ဂိုး ရောက်လိုက် ဒီဘက်ဂိုး ရောက်လိုက်နဲ့ ပရီးမီးယားလိဂ်ခေတ်ဦးဆီ ပြန်ရောက်သွားသလားလို့ မှတ်ခဲ့ရသလို ကွင်းလယ်မှာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ကိုင်စီဒို နှစ်ယောက်တည်း ထိုင်ထားသလိုဖြစ်နေတဲ့ ချဲလ်ဆီးတို့ကတော့ မန်ယူတို့ရဲ့ High Line ယူကစားတဲ့ ကွင်းလယ်ထဲမှာ ညပ်နေခဲ့ပါတယ်။

ပေါင်သန်း ၂၂၀ တန် ချဲလ်ဆီးကွင်းလယ် Pivot အနေနဲ့ မန်ယူတို့ကို အကွက်စိအောင် မကစားနိုင်ခဲ့သလို ကိုင်စီဒိုကတော့ ဘောလုံးကိုတောင် မကြာခဏ ခလုတ်တိုက်နေခဲ့ပြီး ပွဲချိန် ၇ မိနစ်မှာတော့ အန်တိုနီကို ဧရိယာထဲမှာ တက်နင်းမိတဲ့ အန်ဇို ဖာနန်ဒက်ဇ်ကြောင့် VAR နဲ့ ပင်နယ်တီ ပေးခဲ့ရသလို ဒီအခွင့်အရေးကို ဘရူနို ဖာနန်ဒက်စ် ကန်ပေမယ့် ဂိုးသမား ဆန်းချက်ဇ်က ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ချဲလ်ဆီးဘက် တုံ့ပြန်ထိုးဖောက်မှုတွေ ပြုလုပ်နေခဲ့ပေမယ့် ဂျက်ဆန်ကတော့ တိုက်စစ်မှူးလား မေးရအောင် ညံ့လွန်းနေခဲ့တာကြောင့် ဂိုးရနိုင်ခွင့် သုံးကြိမ်လောက် ပျက်ပြယ်ခဲ့ရသလို မူဒရစ်ခ်ကလည်း လောကြီးလွန်းနေတာကြောင့် မန်ယူတို့ကပဲ ပွဲကို တဖြည်းဖြည်းနဲ့ ထိန်းချုပ်လာနိုင်ခဲ့ကြပြီး သီယာဂို ဆေးလ်ဗားတို့ အုပ်စုကတော့ အိုးနင်းခွက်နင်းဖြစ်လာခဲ့ကြပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ မန်ယူတို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဧရိယာထဲကို ပြေးဝင်လာခဲ့တဲ့ ဂါနာချိုက ဂိုးရှေ့ကို အနိမ့်ဘောချိုးပေးရာမှာ မက်ဂွိုင်းယားက ပိတ်သွင်းခဲ့ပေမယ့် ချဲလ်ဆီးခံစစ်နဲ့ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို မက်တော်မီနေးက ညာခြေနဲ့ တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့ Volley ကန်သွင်းယူခဲ့တာပါ။

ဒီနောက်မှာ ချဲလ်ဆီးတို့ဘက်က ဂျက်ဆန်ရဲ့ အနီးကပ် ကန်ချက်က ဂိုးဖြစ်သင့်ပေမယ့် အထိန်းအသိမ်း အယူအဆ ညံ့လွန်းတာကြောင့် အိုနာနာ ကာကွယ်သွားနိုင်ခဲ့သလို မူဒရစ်ခ်ကလည်း ထရိန်နင်မှာ ဂိုးသွင်းရော ကျင့်ဖူးသလားလို့ မေးရအောင် ဂိုးပေါက်မတည့်ဘဲ ကန်နေခဲ့တာကြောင့် မန်ယူတို့ သက်သာခွင့်ရနေခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၄၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မူဒရစ်ခ်ရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကို မန်ယူခံစစ်ကြားကနေ အထိန်းအသိမ်းကောင်းကောင်းနဲ့ ဆွဲထွက်သွားနိုင်ခဲ့တဲ့ ပါးလ်မားက ညာခြမ်းကနေ အတွင်းကို ဖြတ်ဝင်ပြီးမှ ညာဘက်တိုင်ခြေကို အနိမ့်ဘော ချိုးကန်သွင်းခဲ့ရာမှာ အိုနာနာ ဒိုက်ပစ်တာ မမီလိုက်ဘဲ ဂိုးပေးလိုက်ရတာပါ။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ မန်ယူတို့ဘက်က လင်ဒီလော့ဖ်အစား ရက်ဂီလွန်ကို ထည့်သွင်းပြီး ခံစစ် အပြောင်းအလဲလုပ်လာခဲ့သလို ချဲလ်ဆီးတို့ဘက်ကလည်း ကူကူရဲလားအစား ညာနောက်ခံလူအစစ် ဆတ်စလူး ရီးစ် ဂျိမ်းစ်ကို လူစားလဲခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့ရဲ့ ရီးစ် ဂျိမ်းစ် ဝင်လာတဲ့ ကစားကွက်က ကူကူရဲလားနဲ့လို မဟုတ်တော့ဘဲ ချောမွေ့မှု နည်းခဲ့ချိန်မှာ မန်ယူတို့ကတော့ ပွဲကို စိုးမိုးပြီး တိုက်စစ်ကစားခဲ့တာကြောင့် အခွင့်အရေး တော်တော်များများ ရခဲ့သလို ပွဲချိန် ၆၁ မိနစ်မှာ ကောလ်ဝဲလ် လက်ထိခဲ့ပေမယ့် VAR က သက်ညှာသွားခဲ့လို့ ဧည့်သည်တွေ ကံကောင်းသွားခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ မန်ယူတို့ကပဲ ဒုတိယအကြိမ် ထပ်မံဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပထမဂိုးမှာလည်း ကြီးမားတဲ့ ပါဝင်ပေးပို့မှု ပြုလုပ်ထားနိုင်ခဲ့တဲ့ ဂါနာချိုက ဘယ်ခြမ်းကနေ အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးခဲ့ရာမှာ ဂိုးမသွင်းတတ်တဲ့ ဟွိုင်လန်းက လွဲချော်ခဲ့ပေမယ့် နောက်ကနေ ပြေးဝင်လာတဲ့ မက်တော်မီနေးကပဲ ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ မက်တော်မီနေးက ဟက်ထရစ် ရနိုင်တဲ့ အခွင့်အရေးကို လွဲချော်ခဲ့သလို မန်ယူတို့ဘက်က ဟွိုင်လန်းနဲ့ ဂါနာချိုတို့အစား ရက်ရှ်ဖို့ဒ်နဲ့ အီဗန်စ်တို့ကို ထည့်ပြီး ပွဲကို ထိန်းချုပ်သွားခဲ့ချိန်မှာ ချဲလ်ဆီးတို့ကတော့ မူဒရစ်ခ်အစား ဘရိုယာကို ထည့်သွင်းခဲ့ပေမယ့် အယ်လ်ဘေးနီးယားသားရဲ့ ခေါင်းတိုက်ချက်တစ်ကြိမ် တိုင်ထိတာကလွဲရင် ရင်ခုန်စရာ မရှိခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ရှိတာလေးနဲ့ လှအောင်ဝတ်တတ်တဲ့ တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်တို့က ချဲလ်ဆီးတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို ရယူနိုင်ခဲ့ချိန်မှာ အလုပ်မဖြစ်ခဲ့တဲ့ ပိုချက်တီနိုရဲ့ ချဲလ်ဆီးတို့ကတော့ နောက်ထပ် ရှုံးပွဲတစ်ပွဲတိုးပြီး ဆယ်မိုင်ကုန်းမှာပဲ အခြေမလှဖြစ်ခဲ့ကြရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ဒါေလာ့၊ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယားနဲ႔ လုခ္ ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ အမ္မရာဘတ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ခ်ဲလ္ဆီးအသင္းကေတာ့ ဂိုးသမား ေရာဘတ္ ဆန္းခ်က္ဇ္၊ ခံစစ္မွာ ဒီဆာဆီ၊ သီယာဂို ေဆးလ္ဗား၊ ကူကူရဲလားနဲ႔ ေကာဝဲလ္တို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ပါးလ္မားတို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ စတာလင္၊ မူဒရစ္ခ္နဲ႔ ဂ်က္ဆန္တို႔ကို ကစားေစခဲ့တာပါ။

ပြဲစကတည္းက ႏွစ္သင္းစလုံး ကြင္းလယ္ေတြ တည္မရတာေၾကာင့္ အျမန္ကစားဖို႔ ႀကိဳးစားခဲ့ၾကၿပီး ေဘာလုံးက ခ်က္ခ်င္းဆိုသလို ဟိုဘက္ဂိုး ေရာက္လိုက္ ဒီဘက္ဂိုး ေရာက္လိုက္နဲ႔ ပရီးမီးယားလိဂ္ေခတ္ဦးဆီ ျပန္ေရာက္သြားသလားလို႔ မွတ္ခဲ့ရသလို ကြင္းလယ္မွာ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ကိုင္စီဒို ႏွစ္ေယာက္တည္း ထိုင္ထားသလိုျဖစ္ေနတဲ့ ခ်ဲလ္ဆီးတို႔ကေတာ့ မန္ယူတို႔ရဲ႕ High Line ယူကစားတဲ့ ကြင္းလယ္ထဲမွာ ညပ္ေနခဲ့ပါတယ္။

ေပါင္သန္း ၂၂၀ တန္ ခ်ဲလ္ဆီးကြင္းလယ္ Pivot အေနနဲ႔ မန္ယူတို႔ကို အကြက္စိေအာင္ မကစားႏိုင္ခဲ့သလို ကိုင္စီဒိုကေတာ့ ေဘာလုံးကိုေတာင္ မၾကာခဏ ခလုတ္တိုက္ေနခဲ့ၿပီး ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ အန္တိုနီကို ဧရိယာထဲမွာ တက္နင္းမိတဲ့ အန္ဇို ဖာနန္ဒက္ဇ္ေၾကာင့္ VAR နဲ႔ ပင္နယ္တီ ေပးခဲ့ရသလို ဒီအခြင့္အေရးကို ဘ႐ူႏို ဖာနန္ဒက္စ္ ကန္ေပမယ့္ ဂိုးသမား ဆန္းခ်က္ဇ္က ပုတ္ထုတ္သြားႏိုင္ခဲ့တာပါ။

ခ်ဲလ္ဆီးဘက္ တုံ႔ျပန္ထိုးေဖာက္မႈေတြ ျပဳလုပ္ေနခဲ့ေပမယ့္ ဂ်က္ဆန္ကေတာ့ တိုက္စစ္မႉးလား ေမးရေအာင္ ညံ့လြန္းေနခဲ့တာေၾကာင့္ ဂိုးရႏိုင္ခြင့္ သုံးႀကိမ္ေလာက္ ပ်က္ျပယ္ခဲ့ရသလို မူဒရစ္ခ္ကလည္း ေလာႀကီးလြန္းေနတာေၾကာင့္ မန္ယူတို႔ကပဲ ပြဲကို တျဖည္းျဖည္းနဲ႔ ထိန္းခ်ဳပ္လာႏိုင္ခဲ့ၾကၿပီး သီယာဂို ေဆးလ္ဗားတို႔ အုပ္စုကေတာ့ အိုးနင္းခြက္နင္းျဖစ္လာခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ မန္ယူတို႔ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဧရိယာထဲကို ေျပးဝင္လာခဲ့တဲ့ ဂါနာခ်ိဳက ဂိုးေရွ႕ကို အနိမ့္ေဘာခ်ိဳးေပးရာမွာ မက္ဂြိဳင္းယားက ပိတ္သြင္းခဲ့ေပမယ့္ ခ်ဲလ္ဆီးခံစစ္နဲ႔ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို မက္ေတာ္မီေနးက ညာေျခနဲ႔ တစ္ခ်က္ထိန္းၿပီး ဘယ္ေျခနဲ႔ Volley ကန္သြင္းယူခဲ့တာပါ။

ဒီေနာက္မွာ ခ်ဲလ္ဆီးတို႔ဘက္က ဂ်က္ဆန္ရဲ႕ အနီးကပ္ ကန္ခ်က္က ဂိုးျဖစ္သင့္ေပမယ့္ အထိန္းအသိမ္း အယူအဆ ညံ့လြန္းတာေၾကာင့္ အိုနာနာ ကာကြယ္သြားႏိုင္ခဲ့သလို မူဒရစ္ခ္ကလည္း ထရိန္နင္မွာ ဂိုးသြင္းေရာ က်င့္ဖူးသလားလို႔ ေမးရေအာင္ ဂိုးေပါက္မတည့္ဘဲ ကန္ေနခဲ့တာေၾကာင့္ မန္ယူတို႔ သက္သာခြင့္ရေနခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန မူဒရစ္ခ္ရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈကို မန္ယူခံစစ္ၾကားကေန အထိန္းအသိမ္းေကာင္းေကာင္းနဲ႔ ဆြဲထြက္သြားႏိုင္ခဲ့တဲ့ ပါးလ္မားက ညာျခမ္းကေန အတြင္းကို ျဖတ္ဝင္ၿပီးမွ ညာဘက္တိုင္ေျခကို အနိမ့္ေဘာ ခ်ိဳးကန္သြင္းခဲ့ရာမွာ အိုနာနာ ဒိုက္ပစ္တာ မမီလိုက္ဘဲ ဂိုးေပးလိုက္ရတာပါ။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ မန္ယူတို႔ဘက္က လင္ဒီေလာ့ဖ္အစား ရက္ဂီလြန္ကို ထည့္သြင္းၿပီး ခံစစ္ အေျပာင္းအလဲလုပ္လာခဲ့သလို ခ်ဲလ္ဆီးတို႔ဘက္ကလည္း ကူကူရဲလားအစား ညာေနာက္ခံလူအစစ္ ဆတ္စလူး ရီးစ္ ဂ်ိမ္းစ္ကို လူစားလဲခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔ရဲ႕ ရီးစ္ ဂ်ိမ္းစ္ ဝင္လာတဲ့ ကစားကြက္က ကူကူရဲလားနဲ႔လို မဟုတ္ေတာ့ဘဲ ေခ်ာေမြ႕မႈ နည္းခဲ့ခ်ိန္မွာ မန္ယူတို႔ကေတာ့ ပြဲကို စိုးမိုးၿပီး တိုက္စစ္ကစားခဲ့တာေၾကာင့္ အခြင့္အေရး ေတာ္ေတာ္မ်ားမ်ား ရခဲ့သလို ပြဲခ်ိန္ ၆၁ မိနစ္မွာ ေကာလ္ဝဲလ္ လက္ထိခဲ့ေပမယ့္ VAR က သက္ညႇာသြားခဲ့လို႔ ဧည့္သည္ေတြ ကံေကာင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ မန္ယူတို႔ကပဲ ဒုတိယအႀကိမ္ ထပ္မံဦးေဆာင္သြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ပထမဂိုးမွာလည္း ႀကီးမားတဲ့ ပါဝင္ေပးပို႔မႈ ျပဳလုပ္ထားႏိုင္ခဲ့တဲ့ ဂါနာခ်ိဳက ဘယ္ျခမ္းကေန အေဝးတိုင္ဘက္ကို ျဖတ္တင္ေပးခဲ့ရာမွာ ဂိုးမသြင္းတတ္တဲ့ ဟြိဳင္လန္းက လြဲေခ်ာ္ခဲ့ေပမယ့္ ေနာက္ကေန ေျပးဝင္လာတဲ့ မက္ေတာ္မီေနးကပဲ ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ မက္ေတာ္မီေနးက ဟက္ထရစ္ ရႏိုင္တဲ့ အခြင့္အေရးကို လြဲေခ်ာ္ခဲ့သလို မန္ယူတို႔ဘက္က ဟြိဳင္လန္းနဲ႔ ဂါနာခ်ိဳတို႔အစား ရက္ရွ္ဖို႔ဒ္နဲ႔ အီဗန္စ္တို႔ကို ထည့္ၿပီး ပြဲကို ထိန္းခ်ဳပ္သြားခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးတို႔ကေတာ့ မူဒရစ္ခ္အစား ဘ႐ိုယာကို ထည့္သြင္းခဲ့ေပမယ့္ အယ္လ္ေဘးနီးယားသားရဲ႕ ေခါင္းတိုက္ခ်က္တစ္ႀကိမ္ တိုင္ထိတာကလြဲရင္ ရင္ခုန္စရာ မရွိခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ရွိတာေလးနဲ႔ လွေအာင္ဝတ္တတ္တဲ့ တန္ဟတ္ရဲ႕ မန္ခ်က္စတာယူႏိုက္တက္တို႔က ခ်ဲလ္ဆီးတို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ေနရာကို ရယူႏိုင္ခဲ့ခ်ိန္မွာ အလုပ္မျဖစ္ခဲ့တဲ့ ပိုခ်က္တီႏိုရဲ႕ ခ်ဲလ္ဆီးတို႔ကေတာ့ ေနာက္ထပ္ ရႈံးပြဲတစ္ပြဲတိုးၿပီး ဆယ္မိုင္ကုန္းမွာပဲ အေျခမလွျဖစ္ခဲ့ၾကရပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.