Premier League

ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲပြင်းထန်ချိန်မှာ ဗွေဖောက်လာပြန်တဲ့ လီဗာပူးလ်

လီဗာပူးလ်အဓိကနောက်ခံကစားသမားဖြစ်တဲ့ ဂျိုရယ် မာတစ်ဟာ ဒဏ်ရာကြောင့် လအတော်ကြာ အနားယူရမယ့်သတင်းကို ကလော့ပ်က အတည်ပြုခဲ့ပြီး ဒီရာသီမှာ အမှတ်ပေးဖလားအတွက် တိုက်ပွဲဝင်နေတဲ့ မာဆေးဆိုဒ်အသင်းအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မာတစ်ဟာ ဖူလ်ဟမ်ကို တနင်္ဂနွေနေ့က ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ဓာတ်မှန်ရိုက်ထားတဲ့ ရလဒ်ကို စောင့်ဆိုင်းနေခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် နောက်ခံလူဟာ လီဗာပူးလ်အတွက် အထင်ကြီးဖွယ် ခြေစွမ်း ပြသနေခဲ့သူဖြစ်ပြီး လအတော်ကြာ အနားယူရမယ့်သတင်းက လာမယ့်နှစ်သစ်အထိ ရောဘတ်ဆန် မပါဝင်ဘဲ ကစားနေရတဲ့ ကလော့ပ်ရဲ့ ခံစစ်အတွက် နောက်ထပ်သတင်းဆိုးတစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် အဓိကဂိုးသမားဖြစ်တဲ့ အယ်လစ်ဆန်ကလည်း ဒဏ်ရာရရှိနေတာဖြစ်ပြီး ကလော့ပ်က အင်္ဂါနေ့ညနေမှာ ဘရာဇီးလ်ဂိုးသမားက ပြန်ကစားပေးနိုင်ဖို့ နီးစပ်လာနေပြီလို့ အတည်ပြုခဲ့ပေမယ့်လည်း မာတစ်ကတော့ လအတော်ကြာ အနားယူရနိုင်တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“ဆရာဝန်က ရောက်လာပြီး ကြည့်ရတာ အခြေအနေသိပ်ကောင်းတဲ့ပုံမပေါ်ဘူးလို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဓာတ်မှန်တွေကို စောင့်ရဦးမှာပါ။ ဓာတ်မှန်တွေကတော့ မရသေးပါဘူး။ သိပ်တော့ကောင်းမယ့်ပုံမပေါ်ဘူးဆိုတာ ခင်ဗျား တွေးကြည့်လို့ရပါတယ်။ ဘယ်တော့မှ သတင်းကောင်းဖြစ်မှာမဟုတ်ဘူး(ဆရာဝန်က ချက်ချင်းဒီလိုပြောရင်)။ ကျွန်တော် နည်းပြလာတဲ့တလျှောက်လုံးမှာ တစ်စုံတယောက်က အိုး အဲဒါက လုံးဝမှားတယ်။ ဘာမှ ဖြစ်နေတာမရှိဘူး။ သူ မနက်ဖြန် ကစားနိုင်မှာပါလို့ ပြောတာမျိုး မကြုံဖူးပါဘူး။ အဲဒီလို မဖြစ်ခဲ့ဖူးပါဘူး။ ”လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ယနေ့ညမှာ ရှက်ဖီးယူနိုက်တက်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်ကို အမီလိုက်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ လက်ရှိမှာ ဂန်းနားတွေထက် ၁ ပွဲလျော့ ၅ မှတ်အကွာ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဒီရာသီမှာ လီဗာပူးလ်ဟာ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ပရီးမီးယားဖလားကို စိန်ခေါ်နိုင်မယ်လို့ အများစုရဲ့ ထင်ကြေးပေးခြင်းခံနေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အဓိကေနာက္ခံကစားသမားျဖစ္တဲ့ ဂ်ိဳရယ္ မာတစ္ဟာ ဒဏ္ရာေၾကာင့္ လအေတာ္ၾကာ အနားယူရမယ့္သတင္းကို ကေလာ့ပ္က အတည္ျပဳခဲ့ၿပီး ဒီရာသီမွာ အမွတ္ေပးဖလားအတြက္ တိုက္ပြဲဝင္ေနတဲ့ မာေဆးဆိုဒ္အသင္းအတြက္ ထိုးႏွက္ခ်က္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

မာတစ္ဟာ ဖူလ္ဟမ္ကို တနဂၤေႏြေန႔က ၄-၃ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဒူးဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ၿပီး ဓာတ္မွန္႐ိုက္ထားတဲ့ ရလဒ္ကို ေစာင့္ဆိုင္းေနခဲ့တာ ျဖစ္ပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ လီဗာပူးလ္အတြက္ အထင္ႀကီးဖြယ္ ေျခစြမ္း ျပသေနခဲ့သူျဖစ္ၿပီး လအေတာ္ၾကာ အနားယူရမယ့္သတင္းက လာမယ့္ႏွစ္သစ္အထိ ေရာဘတ္ဆန္ မပါဝင္ဘဲ ကစားေနရတဲ့ ကေလာ့ပ္ရဲ႕ ခံစစ္အတြက္ ေနာက္ထပ္သတင္းဆိုးတစ္ခုျဖစ္လာခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ အဓိကဂိုးသမားျဖစ္တဲ့ အယ္လစ္ဆန္ကလည္း ဒဏ္ရာရရွိေနတာျဖစ္ၿပီး ကေလာ့ပ္က အဂၤါေန႔ညေနမွာ ဘရာဇီးလ္ဂိုးသမားက ျပန္ကစားေပးႏိုင္ဖို႔ နီးစပ္လာေနၿပီလို႔ အတည္ျပဳခဲ့ေပမယ့္လည္း မာတစ္ကေတာ့ လအေတာ္ၾကာ အနားယူရႏိုင္တယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“ဆရာဝန္က ေရာက္လာၿပီး ၾကည့္ရတာ အေျခအေနသိပ္ေကာင္းတဲ့ပုံမေပၚဘူးလို႔ ေျပာတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဓာတ္မွန္ေတြကို ေစာင့္ရဦးမွာပါ။ ဓာတ္မွန္ေတြကေတာ့ မရေသးပါဘူး။ သိပ္ေတာ့ေကာင္းမယ့္ပုံမေပၚဘူးဆိုတာ ခင္ဗ်ား ေတြးၾကည့္လို႔ရပါတယ္။ ဘယ္ေတာ့မွ သတင္းေကာင္းျဖစ္မွာမဟုတ္ဘူး(ဆရာဝန္က ခ်က္ခ်င္းဒီလိုေျပာရင္)။ ကြၽန္ေတာ္ နည္းျပလာတဲ့တေလွ်ာက္လုံးမွာ တစ္စုံတေယာက္က အိုး အဲဒါက လုံးဝမွားတယ္။ ဘာမွ ျဖစ္ေနတာမရွိဘူး။ သူ မနက္ျဖန္ ကစားႏိုင္မွာပါလို႔ ေျပာတာမ်ိဳး မႀကဳံဖူးပါဘူး။ အဲဒီလို မျဖစ္ခဲ့ဖူးပါဘူး။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ဟာ ယေန႔ညမွာ ရွက္ဖီးယူႏိုက္တက္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး အမွတ္ေပးဇယားဦးေဆာင္သူေတြျဖစ္တဲ့ အာဆင္နယ္ကို အမီလိုက္ဖို႔ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။ ကေလာ့ပ္ရဲ႕အသင္းဟာ လက္ရွိမွာ ဂန္းနားေတြထက္ ၁ ပြဲေလ်ာ့ ၅ မွတ္အကြာ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ဒီရာသီမွာ လီဗာပူးလ္ဟာ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ကို ပရီးမီးယားဖလားကို စိန္ေခၚႏိုင္မယ္လို႔ အမ်ားစုရဲ႕ ထင္ေၾကးေပးျခင္းခံေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.