Premier League

ဘယ်သူတွေ ဖုန်ထနေနေ အချိန်တန်ရင် စီးတီးဖလားပဲလို့ ယုံနေတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ပပ် ဂွါဒီယိုလာက အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကို ကျော်ဖြတ်ပြီး ၄ နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် မကြာသေးမီက စိတ်ပျက်ဖွယ်ရလဒ်တွေကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိရှိ ဟောကိန်းထုတ်လိုက်ပါတယ်။

လက်ရှိ ချန်ပီယံတွေဟာ ပြည်တွင်းပြိုင်ဘက်တွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံး သရေကျခဲ့ပြီး လွန်ခဲ့တဲ့အပတ်က ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ်ကို ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ အနိုင်ပြန်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမှန်တကယ်တော့ မန်ချက်စတာစီးတီးဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၁၀ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပြီး တနင်္ဂနွေနေ့က စပါးစ်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲမှာ နှစ်ကြိမ်အထိ ဦးဆောင်နိုင်မှုကို လွှင့်ပစ်ခဲ့ပြီး နောက်ဆုံးမိနစ်မှာ ချေပဂိုး ပေးခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ဟာ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရခဲ့တာဖြစ်ပြီး ဒီနေ့ညနေ အက်စတန် ဗီလာနဲ့ပွဲစဉ်မှာ အာဆင်နယ်နဲ့ ရမှတ် ကွာဟမှုပြန်လည်လျှော့ချသွားမှာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ပွဲပယ်ခံထားရတဲ့ ဂရီးလစ်ရှ်နဲ့ ကွင်းလယ်လူ ရိုဒရီတို့ မပါဝင်ဘဲ ကစားသွားရမှာဖြစ်ပေမယ့်လည်း ရလဒ်ကောင်း ရယူနိုင်လိမ့်မယ်လို့ စပိန်လူမျိုးနည်းပြက ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

“ကျွန်တော် ဘယ်တုန်းကမှ ဒီလိုအခြေအနေကို ပိုကောင်းတဲ့အရာကို လုပ်ဖို့အတွက် စိတ်ဓာတ်ခွန်အားအနေနဲ့ မသုံးခဲ့ဖူးပါဘူး။ ကျွန်တော်လေ့လာသင်ယူခဲ့ရတာက ခင်ဗျား တစ်စုံတရာကို အနိုင်ရချင်ရင် အဲဒါကို ပြိုင်ဘက်တွေထက် အများကြီးပိုကောင်းအောင် လုပ်ရမယ်။ ခင်ဗျားက အဆင့်တူနေတဲ့အချိန်မှာ နိုင်ပွဲရနိုင်မှာမဟုတ်ပါဘူး။ အဲဒီတော့ ခင်ဗျားက အများကြီး ပိုကောင်းအောင်လုပ်ရမယ်။ ဒါက သူတို့တွေ လုပ်ရမယ့်အရာပဲ။ ကျွန်တော့်ရဲ့ ဒီနေ့ခံစားချက်က ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရယူသွားမယ်။ တကယ်လို့ ကျွန်တော်တို့ လီဗာပူးလ်နဲ့ စပါးစ်တို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်တုန်းကလုပ်ခဲ့တဲ့ အဆင့်အတန်းအတိုင်း လုပ်နိုင်ခဲ့ရင် ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ဖလားရမှာ့ပါ။ လူတွေက ၃ ပွဲဆက် သရေကျခဲ့ပြီးတဲ့နောက် ကျွန်တော်တို့ အဲဒါကို ထပ်လုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်နေကြတယ်။ ဒါက မလွယ်ကူဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်(ပရီးမီးယားလိဂ် ၄ နှစ်ဆက်)။ ဘယ်အသင်းမှလည်း မလုပ်နိုင်သေးဘူး။ အဲဒါကြောင့်လည်း ခက်ခဲနေတာပေါ့။ ဒါပေမယ့် ကျွန်တော် ဘာခံစားနေရလဲမေးရင် ကျွန်တော် အဲဒါကို ထပ်ပြီး လုပ်ချင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္စီးတီးနည္းျပ ပပ္ ဂြါဒီယိုလာက အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ကို ေက်ာ္ျဖတ္ၿပီး ၄ ႏွစ္ဆက္တိုက္ ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္ဖို႔အတြက္ မၾကာေသးမီက စိတ္ပ်က္ဖြယ္ရလဒ္ေတြကို ျဖတ္ေက်ာ္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိရွိ ေဟာကိန္းထုတ္လိုက္ပါတယ္။

လက္ရွိ ခ်န္ပီယံေတြဟာ ျပည္တြင္းၿပိဳင္ဘက္ေတြနဲ႔ ကစားခဲ့တဲ့ ေနာက္ဆုံး ၃ ပြဲစလုံး သေရက်ခဲ့ၿပီး လြန္ခဲ့တဲ့အပတ္က ခ်န္ပီယံလိဂ္မွာ လိုက္ပ္ဇစ္ကို ၂-၀ နဲ႔ ရႈံးနိမ့္ေနရာကေန အႏိုင္ျပန္ယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အမွန္တကယ္ေတာ့ မန္ခ်က္စတာစီးတီးဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၄ ပြဲမွာ ၁၀ ဂိုးအထိ ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး တနဂၤေႏြေန႔က စပါးစ္နဲ႔ ၃-၃ သေရက်ခဲ့တဲ့ပြဲမွာ ႏွစ္ႀကိမ္အထိ ဦးေဆာင္ႏိုင္မႈကို လႊင့္ပစ္ခဲ့ၿပီး ေနာက္ဆုံးမိနစ္မွာ ေခ်ပဂိုး ေပးခဲ့ရတာျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္ဟာ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္ဖို႔ အခြင့္အေရး ရခဲ့တာျဖစ္ၿပီး ဒီေန႔ညေန အက္စတန္ ဗီလာနဲ႔ပြဲစဥ္မွာ အာဆင္နယ္နဲ႔ ရမွတ္ ကြာဟမႈျပန္လည္ေလွ်ာ့ခ်သြားမွာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ ပြဲပယ္ခံထားရတဲ့ ဂရီးလစ္ရွ္နဲ႔ ကြင္းလယ္လူ ႐ိုဒရီတို႔ မပါဝင္ဘဲ ကစားသြားရမွာျဖစ္ေပမယ့္လည္း ရလဒ္ေကာင္း ရယူႏိုင္လိမ့္မယ္လို႔ စပိန္လူမ်ိဳးနည္းျပက ယုံၾကည္ခ်က္ရွိေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဘယ္တုန္းကမွ ဒီလိုအေျခအေနကို ပိုေကာင္းတဲ့အရာကို လုပ္ဖို႔အတြက္ စိတ္ဓာတ္ခြန္အားအေနနဲ႔ မသုံးခဲ့ဖူးပါဘူး။ ကြၽန္ေတာ္ေလ့လာသင္ယူခဲ့ရတာက ခင္ဗ်ား တစ္စုံတရာကို အႏိုင္ရခ်င္ရင္ အဲဒါကို ၿပိဳင္ဘက္ေတြထက္ အမ်ားႀကီးပိုေကာင္းေအာင္ လုပ္ရမယ္။ ခင္ဗ်ားက အဆင့္တူေနတဲ့အခ်ိန္မွာ ႏိုင္ပြဲရႏိုင္မွာမဟုတ္ပါဘူး။ အဲဒီေတာ့ ခင္ဗ်ားက အမ်ားႀကီး ပိုေကာင္းေအာင္လုပ္ရမယ္။ ဒါက သူတို႔ေတြ လုပ္ရမယ့္အရာပဲ။ ကြၽန္ေတာ့္ရဲ႕ ဒီေန႔ခံစားခ်က္က ကြၽန္ေတာ္တို႔ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရယူသြားမယ္။ တကယ္လို႔ ကြၽန္ေတာ္တို႔ လီဗာပူးလ္နဲ႔ စပါးစ္တို႔နဲ႔ ကစားခဲ့တဲ့ပြဲစဥ္တုန္းကလုပ္ခဲ့တဲ့ အဆင့္အတန္းအတိုင္း လုပ္ႏိုင္ခဲ့ရင္ ကြၽန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ဖလားရမွာ့ပါ။ လူေတြက ၃ ပြဲဆက္ သေရက်ခဲ့ၿပီးတဲ့ေနာက္ ကြၽန္ေတာ္တို႔ အဲဒါကို ထပ္လုပ္ႏိုင္မွာမဟုတ္ဘူးလို႔ ထင္ေနၾကတယ္။ ဒါက မလြယ္ကူဘူးဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္(ပရီးမီးယားလိဂ္ ၄ ႏွစ္ဆက္)။ ဘယ္အသင္းမွလည္း မလုပ္ႏိုင္ေသးဘူး။ အဲဒါေၾကာင့္လည္း ခက္ခဲေနတာေပါ့။ ဒါေပမယ့္ ကြၽန္ေတာ္ ဘာခံစားေနရလဲေမးရင္ ကြၽန္ေတာ္ အဲဒါကို ထပ္ၿပီး လုပ္ခ်င္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.