Premier League

အာဆင်နယ်ပွဲကို အားပေးနေကြောင်း ပြသခဲ့တဲ့ အာတီတာရဲ့ အဓိကပစ်မှတ်

အိုင်ဗန် တိုနီဟာ အင်္ဂါနေ့ညနေက လူတန်တောင်းကို နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းကို အနီးကပ်စောင့်ကြည့်နေကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။

ဂန်းနားတွေဟာ ကန်းနေလ်ဝေ့ါသ်ရုဒ်ကွင်းမှာ ၄-၃ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒီကလန် ရိုက်ရဲ့ နာကျင်အချိန်ပို ခေါင်းတိုက်သွင်းဂိုးကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဂါဘရီယဲလ် မာတိနယ်လီနဲ့ ဂါဘရီယဲလ် ဂျေဆူးစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ကြိမ်အထိ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ချေပဂိုး ပြန်သွင်းပေးခဲ့ရပြီး ရော့စ်ဘာကလေရဲ့ ၅၇ မိနစ်မှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို နောက်ထပ် ၃ မိနစ်အကြာမှာ ခိုင် ဟာဗတ်ဇ်က ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ ၉၇ မိနစ်မှာ အာဆင်နယ်ကို ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် နိုင်ပွဲရရှိစေမယ့် နောက်ကျအနိုင်ဂိုးကို မာတင် အော်ဒီဂွါဒ်ရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေတဲ့ ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီက အင်္ဂါနေ့ညက အာဆင်နယ်ပွဲကို အနီးကပ် စောင့်ကြည့်ခဲ့ကြောင်းကို “ဒက်ကလန် ရိုက်စ် ကောင်းလိုက်တဲ့ပွဲ”ဆိုတဲ့ ကပ်ရှင်နဲ့အတူ ပွဲကြည့်ရှုနေတဲ့ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

အိုင်ဗန် တိုနီဟာ လက်ရှိမှာ လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုကြောင့် ၈ လ ပွဲပယ်ပြစ်ဒဏ်ကျခံနေရတာဖြစ်ပြီး ဇန်နဝါရီလလယ်မှာ ပြန်ကစားပေးနိုင်တော့မှာဖြစ်တာကြောင့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ အပြိုင်ခေါ်ယူဖို့ စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိုင္ဗန္ တိုနီဟာ အဂၤါေန႔ညေနက လူတန္ေတာင္းကို ေနာက္က်အႏိုင္ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ အာဆင္နယ္အသင္းကို အနီးကပ္ေစာင့္ၾကည့္ေနေၾကာင္း ထုတ္ေဖာ္ျပသခဲ့ပါတယ္။

ဂန္းနားေတြဟာ ကန္းေနလ္ေဝ့ါသ္႐ုဒ္ကြင္းမွာ ၄-၃ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဒီကလန္ ႐ိုက္ရဲ႕ နာက်င္အခ်ိန္ပို ေခါင္းတိုက္သြင္းဂိုးေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္ျဖတ္ ဦးေဆာင္ထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဂါဘရီယဲလ္ မာတိနယ္လီနဲ႔ ဂါဘရီယဲလ္ ေဂ်ဆူးစ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂ ႀကိမ္အထိ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ေခ်ပဂိုး ျပန္သြင္းေပးခဲ့ရၿပီး ေရာ့စ္ဘာကေလရဲ႕ ၅၇ မိနစ္မွာ သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးကို ေနာက္ထပ္ ၃ မိနစ္အၾကာမွာ ခိုင္ ဟာဗတ္ဇ္က ျပန္လည္ေခ်ပခဲ့တာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ဟာ ၉၇ မိနစ္မွာ အာဆင္နယ္ကို ပရီးမီးယားလိဂ္မွာ ၄ ပြဲဆက္တိုက္ ႏိုင္ပြဲရရွိေစမယ့္ ေနာက္က်အႏိုင္ဂိုးကို မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ဘယ္ေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနတဲ့ ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉး အိုင္ဗန္ တိုနီက အဂၤါေန႔ညက အာဆင္နယ္ပြဲကို အနီးကပ္ ေစာင့္ၾကည့္ခဲ့ေၾကာင္းကို “ဒက္ကလန္ ႐ိုက္စ္ ေကာင္းလိုက္တဲ့ပြဲ”ဆိုတဲ့ ကပ္ရွင္နဲ႔အတူ ပြဲၾကည့္ရႈေနတဲ့ပုံကို တင္ခဲ့တာျဖစ္ပါတယ္။

အိုင္ဗန္ တိုနီဟာ လက္ရွိမွာ ေလာင္းကစားစည္းမ်ဥ္း ခ်ိဳးေဖာက္မႈေၾကာင့္ ၈ လ ပြဲပယ္ျပစ္ဒဏ္က်ခံေနရတာျဖစ္ၿပီး ဇန္နဝါရီလလယ္မွာ ျပန္ကစားေပးႏိုင္ေတာ့မွာျဖစ္တာေၾကာင့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္တို႔ရဲ႕ အၿပိဳင္ေခၚယူဖို႔ စိတ္ဝင္စားျခင္းကို ခံေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.