Premier League

ရာယာ ဘဝပျက်နေချိန်မှာ ဟားတိုက်ရယ်မောနေခဲ့တဲ့ အာဆင်နယ်အသင်းဖော်

ရာသီကုန်ကျရင် ဘရန့်ဖို့ဒ်အသင်းက အငှားနဲ့ ခေါ်ယူထားမှုကို အာဆင်နယ်တို့ အပြီးသတ်/မသတ်ဆိုတာတောင် လောင်းကြေးဖွင့်သင့်နေပြီဖြစ်တဲ့ ဂိုးသမား ဒေးဗစ် ရာယာရဲ့ ဒီနေ့ပွဲ လက်စွမ်းကတော့ ခွေးဖြစ်နေခဲ့တယ်လို့ ယဉ်ယဉ်ကျေးကျေးပဲ သုံးသပ်ရမှာဖြစ်ပြီး ဒီအချိန်မှာ လှောင်ရယ်နေခဲ့တဲ့ အသင်းတွင်းပြိုင်ဘက် အာရွန် ရမ်းစ်ဒေးလ်ကြောင့် ပွဲဆူစရာဖြစ်လာခဲ့ပါတယ်။

လူတန်နဲ့ပွဲမှာ ရာယာအနေနဲ့ အမှားနှစ်ကြိမ် ကျူးလွန်ခဲ့ရာမှာ နှစ်ဂိုးပေးလိုက်ရပြီး သူ့ရဲ့ ဘောလုံးလမ်းကြောင်း တွက်ဆပုံနဲ့ တစ်ဖက်ကစားသမားရဲ့ ရည်ရွယ်ချက်ကို ကြိုတင်ခန့်မှန်းပုံ အားနည်းတဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် အာဆင်နယ်တို့ ဦးဆောင်နေရာကနေ ရှုံးနိမ့်ခဲ့ရပြီး ကယ်တင်သူတွေကြောင့်သာ ဆိုးရွားတဲ့ နေ့တစ်နေ့ မဖြစ်ခဲ့ရတာပါ။

ခိုင် ဟာဗတ်ဇ်ရဲ့ အဝေးကွင်းနှစ်ပွဲဆက်တိုက် အဝါရောင်ဝတ်စုံနဲ့ သွင်းဂိုးက အာဆင်နယ်တို့ကို သရေကျစေခဲ့ပြီး သန်း ၁၀၅၀ မက တန်နေပြီဖြစ်တဲ့ ဒက်ကလန် ရိုက်စ်ရဲ့ နောက်ကျ အနိုင်ဂိုးတွေက ဒေါသထွက်နေတဲ့ ဂန်းနားပရိသတ်တွေကို ခဏတာ ငြိမ်ဆေးကျွေးနိုင်ခဲ့ပေမယ့် ဒီနေ့ပွဲရဲ့ အစုတ်ပြတ်ဆုံး ကစားသမားဖြစ်ခဲ့တဲ့ ၂၈ နှစ်သားကတော့ အပြောမလွတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူဂိုးသမား အိုနာနာ ဝင်ပူးနေတယ်လို့လည်း ပြောနေကြတဲ့ ရာယာရဲ့ ကွင်းထဲမှာ ဖြစ်ပျက်နေချိန်မှာ နံပါတ်တစ် ပွဲထွက်နေရာကို အပြိုင်လုနေတဲ့ ရမ်းစ်ဒေးလ်ကတော့ ဟားတိုက်ရယ်မောနေတဲ့ အသွင်ကို မြင်ခဲ့ရပြီး ဘောလုံးဖြန့်ဝေတဲ့ အပိုင်းမှာ စပိန်သားလောက် မကောင်းလို့ နည်းပြ မီခယ်လ် အာတီတာရဲ့ ချောင်ထိုးခံရတဲ့ အင်္ဂလန်သားကို လာမယ့်ပွဲတွေမှာ နေရာပြန်ပေးသင့်နေပြီလို့လည်း ပရိသတ်တွေက ဆိုခဲ့ကြတာပါ။

Fot Mob ဝက်ဘ်ဆိုက်က ပေးခဲ့တဲ့ Player Rating မှာ 3.3 သာ ရရှိခဲ့တဲ့ ရာယာဟာ ဘောလုံးဖြန့်ဝေပုံကောင်းတာကလွဲရင် အရပ် ၆ ပေ (183 cm) သာရှိလို့ ဂိုးသမား တစ်ယောက်အတွက် ပုလွန်းနေခဲ့တာလည်းဖြစ်ပြီး ဒီအားနည်းချက်ကို ပြိုင်ဘက်တွေက ထိုးနှက်နိုင်ကြသလို အသင်းကြီးတစ်သင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်ဖို့ကတော့ လိုအပ်ချက် ကြီးမားနေသေးတာကြောင့် အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ အပြီးသတ် ခေါ်ယူခွင့်ကို ပြန်စဉ်းစားဖို့ လိုနေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရာသီကုန္က်ရင္ ဘရန႔္ဖို႔ဒ္အသင္းက အငွားနဲ႔ ေခၚယူထားမႈကို အာဆင္နယ္တို႔ အၿပီးသတ္/မသတ္ဆိုတာေတာင္ ေလာင္းေၾကးဖြင့္သင့္ေနၿပီျဖစ္တဲ့ ဂိုးသမား ေဒးဗစ္ ရာယာရဲ႕ ဒီေန႔ပြဲ လက္စြမ္းကေတာ့ ေခြးျဖစ္ေနခဲ့တယ္လို႔ ယဥ္ယဥ္ေက်းေက်းပဲ သုံးသပ္ရမွာျဖစ္ၿပီး ဒီအခ်ိန္မွာ ေလွာင္ရယ္ေနခဲ့တဲ့ အသင္းတြင္းၿပိဳင္ဘက္ အာ႐ြန္ ရမ္းစ္ေဒးလ္ေၾကာင့္ ပြဲဆူစရာျဖစ္လာခဲ့ပါတယ္။

လူတန္နဲ႔ပြဲမွာ ရာယာအေနနဲ႔ အမွားႏွစ္ႀကိမ္ က်ဴးလြန္ခဲ့ရာမွာ ႏွစ္ဂိုးေပးလိုက္ရၿပီး သူ႔ရဲ႕ ေဘာလုံးလမ္းေၾကာင္း တြက္ဆပုံနဲ႔ တစ္ဖက္ကစားသမားရဲ႕ ရည္႐ြယ္ခ်က္ကို ႀကိဳတင္ခန႔္မွန္းပုံ အားနည္းတဲ့ ဆုံးျဖတ္ခ်က္အမွားေတြေၾကာင့္ အာဆင္နယ္တို႔ ဦးေဆာင္ေနရာကေန ရႈံးနိမ့္ခဲ့ရၿပီး ကယ္တင္သူေတြေၾကာင့္သာ ဆိုး႐ြားတဲ့ ေန႔တစ္ေန႔ မျဖစ္ခဲ့ရတာပါ။

ခိုင္ ဟာဗတ္ဇ္ရဲ႕ အေဝးကြင္းႏွစ္ပြဲဆက္တိုက္ အဝါေရာင္ဝတ္စုံနဲ႔ သြင္းဂိုးက အာဆင္နယ္တို႔ကို သေရက်ေစခဲ့ၿပီး သန္း ၁၀၅၀ မက တန္ေနၿပီျဖစ္တဲ့ ဒက္ကလန္ ႐ိုက္စ္ရဲ႕ ေနာက္က် အႏိုင္ဂိုးေတြက ေဒါသထြက္ေနတဲ့ ဂန္းနားပရိသတ္ေတြကို ခဏတာ ၿငိမ္ေဆးေကြၽးႏိုင္ခဲ့ေပမယ့္ ဒီေန႔ပြဲရဲ႕ အစုတ္ျပတ္ဆုံး ကစားသမားျဖစ္ခဲ့တဲ့ ၂၈ ႏွစ္သားကေတာ့ အေျပာမလြတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ယူဂိုးသမား အိုနာနာ ဝင္ပူးေနတယ္လို႔လည္း ေျပာေနၾကတဲ့ ရာယာရဲ႕ ကြင္းထဲမွာ ျဖစ္ပ်က္ေနခ်ိန္မွာ နံပါတ္တစ္ ပြဲထြက္ေနရာကို အၿပိဳင္လုေနတဲ့ ရမ္းစ္ေဒးလ္ကေတာ့ ဟားတိုက္ရယ္ေမာေနတဲ့ အသြင္ကို ျမင္ခဲ့ရၿပီး ေဘာလုံးျဖန႔္ေဝတဲ့ အပိုင္းမွာ စပိန္သားေလာက္ မေကာင္းလို႔ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ေခ်ာင္ထိုးခံရတဲ့ အဂၤလန္သားကို လာမယ့္ပြဲေတြမွာ ေနရာျပန္ေပးသင့္ေနၿပီလို႔လည္း ပရိသတ္ေတြက ဆိုခဲ့ၾကတာပါ။

Fot Mob ဝက္ဘ္ဆိုက္က ေပးခဲ့တဲ့ Player Rating မွာ 3.3 သာ ရရွိခဲ့တဲ့ ရာယာဟာ ေဘာလုံးျဖန႔္ေဝပုံေကာင္းတာကလြဲရင္ အရပ္ ၆ ေပ (183 cm) သာရွိလို႔ ဂိုးသမား တစ္ေယာက္အတြက္ ပုလြန္းေနခဲ့တာလည္းျဖစ္ၿပီး ဒီအားနည္းခ်က္ကို ၿပိဳင္ဘက္ေတြက ထိုးႏွက္ႏိုင္ၾကသလို အသင္းႀကီးတစ္သင္းရဲ႕ ဂိုးသမားတစ္ဦးျဖစ္ဖို႔ကေတာ့ လိုအပ္ခ်က္ ႀကီးမားေနေသးတာေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ သူတို႔ရဲ႕ အၿပီးသတ္ ေခၚယူခြင့္ကို ျပန္စဥ္းစားဖို႔ လိုေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.