Match Report Premier League

ဒိုင်ညစ်ပေမယ့် အဖိုးမဖြတ်နိုင်တဲ့ ရိုက်စ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ကီဗီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ် မှာတော့ ဒက်ကလန် ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

အိမ်ရှင် လူတန်တို့ကတော့ ဂိုးသမား ကာမင်စကီး၊ ခံစစ်မှာ မင်ဂီ၊ အိုရှိုနဲ့ ဘဲလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကာဘိုရေး၊ အမ်ပန်ဇူး၊ ဘာကလီနဲ့ ဒေါက်တီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ တောင်ဆန်း၊ ဘရောင်းနဲ့ အဒီဘာယိုတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ပွဲစကတည်းက ခပ်ကြမ်းကြမ်း ကစားနေတဲ့ အိမ်ရှင်တွေကြောင့် အာဆင်နယ်တို့ ကစားကွက်ကို အသေအချာ တည်ဆောက်ဖို့ထက် အမှားကို မြင်တိုင်း အသုံးချနိုင်ဖို့ကိုပဲ ကြိုးစားခဲ့ပြီး တိုက်စစ်ကို တိုက်ရိုက်နီးပါး သွားနေခဲ့ရသလို ဆာကာကိုလည်း ထုံးစံအတိုင်း နှစ်ယောက်ကပ်ခံနေရချိန်မှာ ဗျူဟာမြောက် ရွေ့လျားမှုတွေနဲ့ အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်တို့ကတော့ အလုပ်ဖြစ်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လူတန်ဂိုးသမား ကာမင်စကီးရဲ့ အမှားကြောင့် ပေးရတဲ့ လက်ပစ်ဘောကို ဂျေဆူးစ်က အမြန်မြှောက်ပေးရာမှာ ဆာကာက ဧရိယာအတွင်းကို ဆွဲဝင်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ မာတီနယ်လီက တစ်ဖက်ခံစစ်နဲ့အပြိုင် အနိမ့်ဘော ချိုးကန်သွင်းနိုင်ခဲ့လို့ ဧည့်သည်တွေ ဦးဆောင်နိုင်ခဲ့တာပါ။

သူတို့ရဲ့ ဦးဆောင်မှုကတော့ ပွဲချိန် ၂၅ မိနစ်မှာ ပျက်ပြယ်သွားခဲ့ပြီး ဒီနေ့ပွဲမှာ ခြေလေးသလိုဖြစ်နေတဲ့ ဘန်ဝှိုက်ကြောင့် ပေးခဲ့ရတဲ့ ထောင့်ကန်ဘောကို ဒေါက်တီက ကန်တင်ပေးရာမှာ အနီးတိုင်ဘက်မှာ တိုင်မင်အောက်ပြီး မဖျက်နိုင်ခဲ့တဲ့ အာဆင်နယ်အဖွဲ့ရဲ့ လိုအပ်ချက်ကနေ အလယ်ကို ကျလာခဲ့တဲ့ ဘောလုံးကို အိုရှိုက အပိုင်ခေါင်းတိုက်ခွင့်ရသွားခဲ့တာကြောင့် ရာယာ ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာ အာဆင်နယ်တို့ ဖိကစားခဲ့ပေမယ့် ဒိုင်လူကြီးနဲ့ VAR တို့က ဧရိယာထဲက လူတန်တို့ရဲ့ လက်ထိဘောတွေကို နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်သွားခဲ့သလို ဆာကာကတော့ တဖြည်းဖြည်းနဲ့ အိမ်ရှင်ခံစစ်ကို ဖိအားပေးလာနိုင်ခဲ့ပြီး ဂိုးသမား ကာမင်စကီရဲ့ လက်စွမ်းပြမှုတချို့ကြောင့်သာ လွယ်လွယ်နဲ့ ဂိုးထပ်မရခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုးနဲ့ ထပ်မံဦးဆောင်နိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ ဆာကာက ဘန်ဝှိုက်ရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးရာမှာ ညာနောက်ခံလူက ဧရိယာထဲအထိ ဝင်ပြီး ဂိုးရှေ့ကို စိတ်ကြိုက်ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျေဆူးစ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ ဧည့်သည်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ကရော်ကမယ် ကစားနေခဲ့တဲ့ အာဆင်နယ်တို့ကို ပွဲချိန် ၄၉ မိနစ်မှာ လူတန်တို့ ပြန်လည်ချေပသွားခဲ့ကြပြီး တောင်းဆန်းကြောင့် ရတဲ့ ထောင့်ကန်ဘောကို ကန်နေကျ ဒေါက်တီကပဲ ကန်တင်ပေးရာမှာ စုတ်ပြတ်နေခဲ့တဲ့ ရာယာရဲ့ ခပ်ညံ့ညံ့ ကာကွယ်ပုံကြောင့် အဒီဘာယိုက အပိုင်ခေါင်းတိုက်နိုင်ခဲ့ပြီး နှစ်ဂိုးစီဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ လူတန်တို့ပဲ တတိယဂိုးကို သွင်းယူပြီး ပြန်လည်ဦးဆောင်သွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဧရိယာထိပ်မှာ ရသွားတဲ့ တောင်ဆန်းက မကန်ဘဲ ဧရိယာဘယ်ခြမ်းကို ထိုးပေးခဲ့တဲ့ ဘောလုံးကို ဘာကလီက ထောင့်ကျဉ်းအနေအထားကနေ ကန်သွင်းခဲ့ရာမှာ Fot Mob Rating 3.3 နဲ့ ဘုရားစူးဂိုးသမား ရာယာရဲ့ လက်အောက်က ဝင်သွားခဲ့ပြန်လို့ အာတီတာ မျက်နှာပျက်ခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် မိနစ် ၆၀ မှာတော့ အာဆင်နယ်တို့ သရေကျစေမယ့် ချေပဂိုးကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျေဆူးစ်က မင်ဂီနဲ့ ယှဉ်လုပြီး ဧရိယာထဲကို ချပေးခဲ့ရာမှာ ဟာဗတ်ဇ်က ကာကွယ်ဖို့ ကြိုးစားတဲ့ ဂိုးသမားထက်ဦးအောင် ကန်သွင်းနိုင်ခဲ့တာကြောင့် သုံးဂိုးစီဖြစ်နေခဲ့တာပါ။

ဒီနောက်မှာတော့ ပွဲကို နှေးအောင်လုပ်ဖို့ ကြိုးစားနေပြီး ဟာဗတ်ဇ် ဂိုးမသွင်းခင်ကတည်းက လူလဲဖို့ ကြိုးစားနေပြီး တစ်မိနစ် နောက်ကျ မျိုးကျော့မြိုင်ဖြစ်ခဲ့တဲ့ လူတန်တို့ဘက်က အဒီဘာယို၊ ဘရောင်းနဲ့ တောင်းဆန်းတို့အစား မောရစ်၊ တာဟစ်ချုံးနဲ့ အော့ဘီနီတို့ကို လဲကစားခဲ့ပြီး အာဆင်နယ်တို့ကတော့ ကီဗီယာနဲ့ မာတီနယ်လီတို့အစား ဇင်ချန်ကိုနဲ့ ထရော့ဆတ်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။

ဗျူဟာပြောင်းခဲ့ပေမယ့် ဆက်တိုက်ဆိုသလို ခြေပျက်နေခဲ့တဲ့ ထရော့ဆတ်ရဲ့ အလုပ်မဖြစ်မှုကြောင့် အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်နဲ့ ဂျေဆူးစ်တို့ရဲ့ အလယ်ကြောကိုပဲ အားပြုခဲ့ရသလို ဆာကာကို ဧရိယာထဲမှာ ဖိလှဲခံခဲ့ရတာကိုလည်း ပင်နယ်တီ မပေးဘဲ လောင်းကစားဒိုင်အကြိုက် လုပ်သွားခဲ့လို့ အာဆင်နယ်တို့ ဒီနေ့ပွဲမှာ ပင်နယ်တီကန်ခွင့် လေးကြိမ်လောက်ကို ငြင်းပယ်ခံခဲ့ရပြီး ပွဲချိန်အပြည့်အထိ သရေကျနေခဲ့သလို နာကျင်အချိန်ပိုကိုတော့ ၆ မိနစ် ကစားခဲ့ရတာပါ။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဇင်ချန်ကိုရဲ့ ဖရီးကစ်ကို ကန်တင်ပေးရာကနေ ပြန်ကျလာတာကို အော်ဒီဂွါဒ်က ဧရိယာအပြင်ကနေ လှမ်းမ,ပေးခဲ့ရာမှာ လူကြားထဲက ဂိုးရှေ့ကျလာခဲ့တဲ့ ဘောလုံးကို ဒက်ကလန် ရိုက်စ်က ခေါင်းတိုက်ပြီး ဂိုးသမား ကာမင်စကီးကို ငုတ်တုတ်မေ့စေနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဒိုင်ဘယ်လောက်ညစ်ပြီး ဂိုးသမား ရာယာ ဘယ်လောက်အသုံးမကျပေမယ့် Champion Luck နဲ့ အာဆင်နယ်တို့က လူတန်တို့ကို လေးဂိုး-သုံးဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ရမှတ် ၃၆ မှတ်နဲ့ ဒုတိယနေရာက လီဗာပူးလ်ကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့သလို ပရိသတ်တွေကိုလည်း Come Back နိုင်ပွဲနဲ့ အားတက်စေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ကီဗီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္ မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

အိမ္ရွင္ လူတန္တို႔ကေတာ့ ဂိုးသမား ကာမင္စကီး၊ ခံစစ္မွာ မင္ဂီ၊ အိုရႈိနဲ႔ ဘဲလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာဘိုေရး၊ အမ္ပန္ဇူး၊ ဘာကလီနဲ႔ ေဒါက္တီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေတာင္ဆန္း၊ ဘေရာင္းနဲ႔ အဒီဘာယိုတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ပြဲစကတည္းက ခပ္ၾကမ္းၾကမ္း ကစားေနတဲ့ အိမ္ရွင္ေတြေၾကာင့္ အာဆင္နယ္တို႔ ကစားကြက္ကို အေသအခ်ာ တည္ေဆာက္ဖို႔ထက္ အမွားကို ျမင္တိုင္း အသုံးခ်ႏိုင္ဖို႔ကိုပဲ ႀကိဳးစားခဲ့ၿပီး တိုက္စစ္ကို တိုက္႐ိုက္နီးပါး သြားေနခဲ့ရသလို ဆာကာကိုလည္း ထုံးစံအတိုင္း ႏွစ္ေယာက္ကပ္ခံေနရခ်ိန္မွာ ဗ်ဴဟာေျမာက္ ေ႐ြ႕လ်ားမႈေတြနဲ႔ ေအာ္ဒီဂြါဒ္၊ ဟာဗတ္ဇ္တို႔ကေတာ့ အလုပ္ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လူတန္ဂိုးသမား ကာမင္စကီးရဲ႕ အမွားေၾကာင့္ ေပးရတဲ့ လက္ပစ္ေဘာကို ေဂ်ဆူးစ္က အျမန္ေျမႇာက္ေပးရာမွာ ဆာကာက ဧရိယာအတြင္းကို ဆြဲဝင္ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ မာတီနယ္လီက တစ္ဖက္ခံစစ္နဲ႔အၿပိဳင္ အနိမ့္ေဘာ ခ်ိဳးကန္သြင္းႏိုင္ခဲ့လို႔ ဧည့္သည္ေတြ ဦးေဆာင္ႏိုင္ခဲ့တာပါ။

သူတို႔ရဲ႕ ဦးေဆာင္မႈကေတာ့ ပြဲခ်ိန္ ၂၅ မိနစ္မွာ ပ်က္ျပယ္သြားခဲ့ၿပီး ဒီေန႔ပြဲမွာ ေျခေလးသလိုျဖစ္ေနတဲ့ ဘန္ဝႈိက္ေၾကာင့္ ေပးခဲ့ရတဲ့ ေထာင့္ကန္ေဘာကို ေဒါက္တီက ကန္တင္ေပးရာမွာ အနီးတိုင္ဘက္မွာ တိုင္မင္ေအာက္ၿပီး မဖ်က္ႏိုင္ခဲ့တဲ့ အာဆင္နယ္အဖြဲ႕ရဲ႕ လိုအပ္ခ်က္ကေန အလယ္ကို က်လာခဲ့တဲ့ ေဘာလုံးကို အိုရႈိက အပိုင္ေခါင္းတိုက္ခြင့္ရသြားခဲ့တာေၾကာင့္ ရာယာ ဘာမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္မွာ အာဆင္နယ္တို႔ ဖိကစားခဲ့ေပမယ့္ ဒိုင္လူႀကီးနဲ႔ VAR တို႔က ဧရိယာထဲက လူတန္တို႔ရဲ႕ လက္ထိေဘာေတြကို ႏွစ္ႀကိမ္တိုင္တိုင္ ျငင္းပယ္သြားခဲ့သလို ဆာကာကေတာ့ တျဖည္းျဖည္းနဲ႔ အိမ္ရွင္ခံစစ္ကို ဖိအားေပးလာႏိုင္ခဲ့ၿပီး ဂိုးသမား ကာမင္စကီရဲ႕ လက္စြမ္းျပမႈတခ်ိဳ႕ေၾကာင့္သာ လြယ္လြယ္နဲ႔ ဂိုးထပ္မရခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယဂိုးနဲ႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းတြဲလုံးကေန ဆာကာက ဘန္ဝႈိက္ရဲ႕ ေျပးလမ္းေၾကာင္းထဲ ခင္းေပးရာမွာ ညာေနာက္ခံလူက ဧရိယာထဲအထိ ဝင္ၿပီး ဂိုးေရွ႕ကို စိတ္ႀကိဳက္ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေဂ်ဆူးစ္က လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းယူခဲ့တာေၾကာင့္ ပထမပိုင္းမွာ ဧည့္သည္ေတြ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ကေရာ္ကမယ္ ကစားေနခဲ့တဲ့ အာဆင္နယ္တို႔ကို ပြဲခ်ိန္ ၄၉ မိနစ္မွာ လူတန္တို႔ ျပန္လည္ေခ်ပသြားခဲ့ၾကၿပီး ေတာင္းဆန္းေၾကာင့္ ရတဲ့ ေထာင့္ကန္ေဘာကို ကန္ေနက် ေဒါက္တီကပဲ ကန္တင္ေပးရာမွာ စုတ္ျပတ္ေနခဲ့တဲ့ ရာယာရဲ႕ ခပ္ညံ့ညံ့ ကာကြယ္ပုံေၾကာင့္ အဒီဘာယိုက အပိုင္ေခါင္းတိုက္ႏိုင္ခဲ့ၿပီး ႏွစ္ဂိုးစီျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ လူတန္တို႔ပဲ တတိယဂိုးကို သြင္းယူၿပီး ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဧရိယာထိပ္မွာ ရသြားတဲ့ ေတာင္ဆန္းက မကန္ဘဲ ဧရိယာဘယ္ျခမ္းကို ထိုးေပးခဲ့တဲ့ ေဘာလုံးကို ဘာကလီက ေထာင့္က်ဥ္းအေနအထားကေန ကန္သြင္းခဲ့ရာမွာ Fot Mob Rating 3.3 နဲ႔ ဘုရားစူးဂိုးသမား ရာယာရဲ႕ လက္ေအာက္က ဝင္သြားခဲ့ျပန္လို႔ အာတီတာ မ်က္ႏွာပ်က္ခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ အာဆင္နယ္တို႔ သေရက်ေစမယ့္ ေခ်ပဂိုးကို ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေဂ်ဆူးစ္က မင္ဂီနဲ႔ ယွဥ္လုၿပီး ဧရိယာထဲကို ခ်ေပးခဲ့ရာမွာ ဟာဗတ္ဇ္က ကာကြယ္ဖို႔ ႀကိဳးစားတဲ့ ဂိုးသမားထက္ဦးေအာင္ ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ သုံးဂိုးစီျဖစ္ေနခဲ့တာပါ။

ဒီေနာက္မွာေတာ့ ပြဲကို ေႏွးေအာင္လုပ္ဖို႔ ႀကိဳးစားေနၿပီး ဟာဗတ္ဇ္ ဂိုးမသြင္းခင္ကတည္းက လူလဲဖို႔ ႀကိဳးစားေနၿပီး တစ္မိနစ္ ေနာက္က် မ်ိဳးေက်ာ့ၿမိဳင္ျဖစ္ခဲ့တဲ့ လူတန္တို႔ဘက္က အဒီဘာယို၊ ဘေရာင္းနဲ႔ ေတာင္းဆန္းတို႔အစား ေမာရစ္၊ တာဟစ္ခ်ဳံးနဲ႔ ေအာ့ဘီနီတို႔ကို လဲကစားခဲ့ၿပီး အာဆင္နယ္တို႔ကေတာ့ ကီဗီယာနဲ႔ မာတီနယ္လီတို႔အစား ဇင္ခ်န္ကိုနဲ႔ ထေရာ့ဆတ္တို႔ကို ထည့္သြင္းလာခဲ့ပါတယ္။

ဗ်ဴဟာေျပာင္းခဲ့ေပမယ့္ ဆက္တိုက္ဆိုသလို ေျခပ်က္ေနခဲ့တဲ့ ထေရာ့ဆတ္ရဲ႕ အလုပ္မျဖစ္မႈေၾကာင့္ ေအာ္ဒီဂြါဒ္၊ ဟာဗတ္ဇ္နဲ႔ ေဂ်ဆူးစ္တို႔ရဲ႕ အလယ္ေၾကာကိုပဲ အားျပဳခဲ့ရသလို ဆာကာကို ဧရိယာထဲမွာ ဖိလွဲခံခဲ့ရတာကိုလည္း ပင္နယ္တီ မေပးဘဲ ေလာင္းကစားဒိုင္အႀကိဳက္ လုပ္သြားခဲ့လို႔ အာဆင္နယ္တို႔ ဒီေန႔ပြဲမွာ ပင္နယ္တီကန္ခြင့္ ေလးႀကိမ္ေလာက္ကို ျငင္းပယ္ခံခဲ့ရၿပီး ပြဲခ်ိန္အျပည့္အထိ သေရက်ေနခဲ့သလို နာက်င္အခ်ိန္ပိုကိုေတာ့ ၆ မိနစ္ ကစားခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဇင္ခ်န္ကိုရဲ႕ ဖရီးကစ္ကို ကန္တင္ေပးရာကေန ျပန္က်လာတာကို ေအာ္ဒီဂြါဒ္က ဧရိယာအျပင္ကေန လွမ္းမ,ေပးခဲ့ရာမွာ လူၾကားထဲက ဂိုးေရွ႕က်လာခဲ့တဲ့ ေဘာလုံးကို ဒက္ကလန္ ႐ိုက္စ္က ေခါင္းတိုက္ၿပီး ဂိုးသမား ကာမင္စကီးကို ငုတ္တုတ္ေမ့ေစႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဒိုင္ဘယ္ေလာက္ညစ္ၿပီး ဂိုးသမား ရာယာ ဘယ္ေလာက္အသုံးမက်ေပမယ့္ Champion Luck နဲ႔ အာဆင္နယ္တို႔က လူတန္တို႔ကို ေလးဂိုး-သုံးဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ ရမွတ္ ၃၆ မွတ္နဲ႔ ဒုတိယေနရာက လီဗာပူးလ္ကို ၅ မွတ္ျဖတ္ၿပီး ဦးေဆာင္ႏိုင္ခဲ့သလို ပရိသတ္ေတြကိုလည္း Come Back ႏိုင္ပြဲနဲ႔ အားတက္ေစႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.