Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၁၈.၁၀.၂၀၂၀

– အာဆင္နယ္နဲ႔ပြဲမွာ ပုံမွန္အသုံးျပဳေနက် လာေပါ့တ္နဲ႔ မန္ဒီကို မသုံးခဲ့ဘဲ ဘယ္ျခမ္းမွာ ႐ူဘင္ ဒီယက္စ္နဲ႔ နာသန္ အာေက၊ ညာျခမ္းမွာ ကန္ဆယ္လိုနဲ႔ ေဝၚလ္ကာကို သုံးခဲ့တာဟာ နည္းဗ်ဴဟာေျပာင္းလဲမွဳ မွန္ကန္လြန္းၿပီး တစ္ဖက္တုိက္စစ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔ ဂြါဒီယိုလာ ခ်ီးက်ဴးခံေနရ။

– ဂြါဒီယိုလာအေနနဲ႔ နာသန္ အာေကကို ဘယ္ျခမ္းမွာ အသုံးျပဳေနတာဟာ ယာယီပဲျဖစ္ၿပီး အေျခအေနေပးတာနဲ႔ လက္ရွိေနာက္ခံလူေတြျဖစ္ၾကတဲ့ မန္ဒီနဲ႔ ဇင္ခ်န္ကိုတုိ႔ေနရာမွာ အုိင္းယက္စ္ရဲ႕ တာဂလီယာဖီကိုနဲ႔ အစားထိုးႏုိင္ဖို႔ ရည္ရြယ္ထား။

– အာဆင္နယ္နဲ႔ပြဲကေန စၿပီး လာမယ့္ပြဲစဥ္အခ်ဳိ႕ကို လြဲေခ်ာ္ဖြယ္ရွိေနတဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ ေနရာကို ဘာနာဒို ေဆးလ္ဗားက အစားထိုးႏုိင္စြမ္းရွိေၾကာင္း ေနာက္ဆုံးပြဲမွာ ျပသထားႏုိင္ခဲ့တယ္လို႔ ကၽြမ္းက်င္သူေတြ သုံးသပ္။

– လက္ေထာက္ဒိုင္ ဆီယန္ မက္ဆီ-အဲလစၥရဲ႕ လည္ကုတ္ကို ေနာက္ကေနဆြဲၿပီး ေစာဒကတက္ခဲ့တဲ့ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုဟာ မသင့္ေလ်ာ္တဲ့ အျပဳအမူကို က်ဴးလြန္ခဲ့တာျဖစ္တယ္လို႔ ဘီဘီစီသုံးသပ္သူေတြျဖစ္တဲ့ လုိင္နီကာ၊ ရွီးရားနဲ႔ အီယန္႐ိုက္တို႔ ေဝဖန္။

– ဗင္းဆန္႔ ကြန္ပနီနဲ႔ ႐ူဘင္ ဒီယက္စ္တုိ႔ကို ႏွဳိင္းယွဥ္ေနၾကတာဟာ ႀကီးမားတဲ့ အမွားျဖစ္ေၾကာင္း ဂြါဒီယိုလာက ေစာင့္ၾကည့္သူေတြကို တုံ႔ျပန္လုိက္ၿပီး လက္ရွိမွာ ႏွဳိင္းယွဥ္လို႔ မရေသးသလို ေပၚတူဂီသားအေနနဲ႔ ငယ္ရြယ္တဲ့ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ သူ႕ပုံစံနဲ႔သူ တုိးတက္လာမယ္လို႔ ေျပာၾကား။

– အာဆင္နယ္အသင္းကို တစ္ဂိုးျပန္ေပးရ႐ုံနဲ႔ အမွတ္ေလ်ာ့မယ့္ပြဲမွာ အပိုင္အခြင့္အေရးေတြကို ကာကြယ္မွဳ သုံးႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တဲ့ ဂိုးသမား အီဒါဆန္ရဲ႕ လက္စြမ္းကလည္း အဓိက်ခဲ့ၿပီး အူဘာမီယန္းနဲ႔ ဆာကာတုိ႔ရဲ႕ ကန္သြင္းခ်က္ေတြကို ကာကြယ္ခဲ့တာက မယုံႏုိင္စရာလို႔ ဂြါဒီယိုလာခ်ီးက်ဴး။

– ဘာစီလိုနာနည္းျပ ေရာ္နယ္လ္ ကိုးမန္းအေနနဲ႔ တုိက္စစ္မွဴး လီယြန္နယ္ မက္ဆီကို စိတ္မဝင္စားေတာ့ဘဲ လာမယ့္ရာသီကုန္မွာ မန္ခ်က္စတာစီးတီးအသင္းဆီ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ဖို႔ အဆင္သင့္ရွိေနတယ္လို႔ စပိန္မီဒီယာေတြ ေဖာ္ျပေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်နဲ့ပွဲမှာ ပုံမှန်အသုံးပြုနေကျ လာပေါ့တ်နဲ့ မန်ဒီကို မသုံးခဲ့ဘဲ ဘယ်ခြမ်းမှာ ရူဘင် ဒီယက်စ်နဲ့ နာသန် အာကေ၊ ညာခြမ်းမှာ ကန်ဆယ်လိုနဲ့ ဝေါ်လ်ကာကို သုံးခဲ့တာဟာ နည်းဗျူဟာပြောင်းလဲမှု မှန်ကန်လွန်းပြီး တစ်ဖက်တိုက်စစ်ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဂွါဒီယိုလာ ချီးကျူးခံနေရ။

– ဂွါဒီယိုလာအနေနဲ့ နာသန် အာကေကို ဘယ်ခြမ်းမှာ အသုံးပြုနေတာဟာ ယာယီပဲဖြစ်ပြီး အခြေအနေပေးတာနဲ့ လက်ရှိနောက်ခံလူတွေဖြစ်ကြတဲ့ မန်ဒီနဲ့ ဇင်ချန်ကိုတို့နေရာမှာ အိုင်းယက်စ်ရဲ့ တာဂလီယာဖီကိုနဲ့ အစားထိုးနိုင်ဖို့ ရည်ရွယ်ထား။

– အာဆင်နယ်နဲ့ပွဲကနေ စပြီး လာမယ့်ပွဲစဉ်အချို့ကို လွဲချော်ဖွယ်ရှိနေတဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားရဲ့ နေရာကို ဘာနာဒို ဆေးလ်ဗားက အစားထိုးနိုင်စွမ်းရှိကြောင်း နောက်ဆုံးပွဲမှာ ပြသထားနိုင်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– လက်ထောက်ဒိုင် ဆီယန် မက်ဆီ-အဲလစ္စရဲ့ လည်ကုတ်ကို နောက်ကနေဆွဲပြီး စောဒကတက်ခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုဟာ မသင့်လျော်တဲ့ အပြုအမူကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဘီဘီစီသုံးသပ်သူတွေဖြစ်တဲ့ လိုင်နီကာ၊ ရှီးရားနဲ့ အီယန်ရိုက်တို့ ဝေဖန်။

– ဗင်းဆန့် ကွန်ပနီနဲ့ ရူဘင် ဒီယက်စ်တို့ကို နှိုင်းယှဉ်နေကြတာဟာ ကြီးမားတဲ့ အမှားဖြစ်ကြောင်း ဂွါဒီယိုလာက စောင့်ကြည့်သူတွေကို တုံ့ပြန်လိုက်ပြီး လက်ရှိမှာ နှိုင်းယှဉ်လို့ မရသေးသလို ပေါ်တူဂီသားအနေနဲ့ ငယ်ရွယ်တဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ပုံစံနဲ့သူ တိုးတက်လာမယ်လို့ ပြောကြား။

– အာဆင်နယ်အသင်းကို တစ်ဂိုးပြန်ပေးရရုံနဲ့ အမှတ်လျော့မယ့်ပွဲမှာ အပိုင်အခွင့်အရေးတွေကို ကာကွယ်မှု သုံးကြိမ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ ဂိုးသမား အီဒါဆန်ရဲ့ လက်စွမ်းကလည်း အဓိကျခဲ့ပြီး အူဘာမီယန်းနဲ့ ဆာကာတို့ရဲ့ ကန်သွင်းချက်တွေကို ကာကွယ်ခဲ့တာက မယုံနိုင်စရာလို့ ဂွါဒီယိုလာချီးကျူး။

– ဘာစီလိုနာနည်းပြ ရော်နယ်လ် ကိုးမန်းအနေနဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို စိတ်မဝင်စားတော့ဘဲ လာမယ့်ရာသီကုန်မှာ မန်ချက်စတာစီးတီးအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့ အဆင်သင့်ရှိနေတယ်လို့ စပိန်မီဒီယာတွေ ဖော်ပြနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.