Premier League

အသင်းလူစာရင်းတဝက်လောက်ရဲ့ မနှစ်မြို့တာခံနေရပြီဖြစ်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ အဝတ်လဲခန်းထဲမှာ ကစားသမားတစ်ဝက်လောက်အထိ နှစ်သက်သဘောကျခြင်းမရှိတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီး သရဲနီကြယ်ပွင့်တွေက ဒတ်ချ်လူမျိုးနည်းပြရဲ့ စက်ရုပ်ဆန်တဲ့ စီမံခန့်ခွဲမှုစတိုင်ကို မေးခွန်းထုတ်နေကြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိအချိန်အထိ ၂၁ ပွဲ ကစားထားရာမှာ ၁၀ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေရပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တက်ဖို့ကလည်း မဖြစ်နိုင်သလောက်ဖြစ်နေပြီဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ စနေနေ့က နယူးကာဆယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ ဒီရာသီရဲ့ အဆိုးရွားဆုံးပွဲစဉ် ဖြစ်ကောင်းဖြစ်နိုင်ပြီး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာ ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တန်ဟက်ဟာ လက်ရှိမှာတော့ နောက်ကျောမလုံတဲ့အခြေအနေနဲ့ပါ​ ရင်ဆိုင်နေရပြီး ၎င်းရဲ့ နည်းဗျူဟာ၊ စီမံခန့်ခွဲမှုပုံစံဟာ အပြင်းအထန် ဝေဖန်ခံနေရပြီး ဆန်ချိုနဲ့ ဖြစ်ပျက်ခဲ့တဲ့ ကွင်းပြင်ပကိစ္စကြောင့်လည်း ပါတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မတိုင်ခင်အထိ မန်ချက်စတာယူနိုက်တက်အသင်းသား အားလုံးနီးပါးက နည်းပြကို အားပေးထောက်ခံခဲ့ပေမယ့်လည်း ကစားသမားအချို့နဲ့ နည်းပြကြား အကွဲအပြဲတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ စတင်ကြီးထွားလာပြီး ဗာရွမ်းနဲ့ မာစီယယ်လ်တို့က အသိသာအထင်ရှားဆုံး ကိစ္စဖြစ်ပါတယ်။

လက်ရှိမှာတော့ လူစာရင်းတစ်ဝက်လောက်က တန်ဟက်ကို တော်တော်လေး စိတ်ကုန်နေကြပြီး လေ့ကျင့်ရေးကွင်းက နည်းစနစ်တွေ၊ နည်းဗျူဟာတွေကို စိတ်ပျက်ခဲ့ကြတယ်လို့ Sky Sport က ဖော်ပြခဲ့ပေမယ့်လည်း ဘယ်သူတွေလည်းဆိုတာတော့ မသိရပါဘူး။

ဆန်ချိုဟာ စက်တင်ဘာလတုန်းက လေ့ကျင့်ရေးကွင်းမှာတောင် ကောင်းကောင်း မကစားနိုင်ခဲ့တာကြောင့် လူစာရင်းထဲမှာ အရွေးမခံရတာဖြစ်တယ်လို့ နည်းပြ တန်ဟက်ရဲ့ ပြောဆိုမှုကို လူမှုကွန်ရက်ပေါ်မှာ တုံ့ပြန်ခဲ့ပြီးနောက်ပိုင်းကတည်းက အသင်းအတွက် ကစားပေးရခြင်းမရှိတော့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမားဟာ တန်ဟက်ကို ပြန်တောင်းပန်ဖို့ အသင်းတာဝန်ရှိသူတွေက ညှိပေးတာတောင် လက်မခံခဲ့တာကြောင့် ပထမအသင်း လူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး အခြား စီနီယာကစားသမားတွေနဲ့ တစ်ကွင်းတည်း လေ့ကျင့်ခွင့်၊ တစ်စားပွဲတည်း အတူတူ ထမင်းစားခွင့်တောင် ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ အဝတ္လဲခန္းထဲမွာ ကစားသမားတစ္ဝက္ေလာက္အထိ ႏွစ္သက္သေဘာက်ျခင္းမရွိေတာ့တဲ့အေျခအေနနဲ႔ ရင္ဆိုင္ေနရၿပီး သရဲနီၾကယ္ပြင့္ေတြက ဒတ္ခ်္လူမ်ိဳးနည္းျပရဲ႕ စက္႐ုပ္ဆန္တဲ့ စီမံခန႔္ခြဲမႈစတိုင္ကို ေမးခြန္းထုတ္ေနၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လက္ရွိအခ်ိန္အထိ ၂၁ ပြဲ ကစားထားရာမွာ ၁၀ ပြဲအထိ ရႈံးနိမ့္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၇ ေနရာမွာ ရပ္တည္ေနရၿပီး ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္တက္ဖို႔ကလည္း မျဖစ္ႏိုင္သေလာက္ျဖစ္ေနၿပီျဖစ္ပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ စေနေန႔က နယူးကာဆယ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ဟာ ဒီရာသီရဲ႕ အဆိုး႐ြားဆုံးပြဲစဥ္ ျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ဟာ ျပင္းထန္တဲ့ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တန္ဟက္ဟာ လက္ရွိမွာေတာ့ ေနာက္ေက်ာမလုံတဲ့အေျခအေနနဲ႔ပါ​ ရင္ဆိုင္ေနရၿပီး ၎ရဲ႕ နည္းဗ်ဴဟာ၊ စီမံခန႔္ခြဲမႈပုံစံဟာ အျပင္းအထန္ ေဝဖန္ခံေနရၿပီး ဆန္ခ်ိဳနဲ႔ ျဖစ္ပ်က္ခဲ့တဲ့ ကြင္းျပင္ပကိစၥေၾကာင့္လည္း ပါတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း အခုအခ်ိန္မတိုင္ခင္အထိ မန္ခ်က္စတာယူႏိုက္တက္အသင္းသား အားလုံးနီးပါးက နည္းျပကို အားေပးေထာက္ခံခဲ့ေပမယ့္လည္း ကစားသမားအခ်ိဳ႕နဲ႔ နည္းျပၾကား အကြဲအၿပဲေတြဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ စတင္ႀကီးထြားလာၿပီး ဗာ႐ြမ္းနဲ႔ မာစီယယ္လ္တို႔က အသိသာအထင္ရွားဆုံး ကိစၥျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လူစာရင္းတစ္ဝက္ေလာက္က တန္ဟက္ကို ေတာ္ေတာ္ေလး စိတ္ကုန္ေနၾကၿပီး ေလ့က်င့္ေရးကြင္းက နည္းစနစ္ေတြ၊ နည္းဗ်ဴဟာေတြကို စိတ္ပ်က္ခဲ့ၾကတယ္လို႔ Sky Sport က ေဖာ္ျပခဲ့ေပမယ့္လည္း ဘယ္သူေတြလည္းဆိုတာေတာ့ မသိရပါဘူး။

ဆန္ခ်ိဳဟာ စက္တင္ဘာလတုန္းက ေလ့က်င့္ေရးကြင္းမွာေတာင္ ေကာင္းေကာင္း မကစားႏိုင္ခဲ့တာေၾကာင့္ လူစာရင္းထဲမွာ အေ႐ြးမခံရတာျဖစ္တယ္လို႔ နည္းျပ တန္ဟက္ရဲ႕ ေျပာဆိုမႈကို လူမႈကြန္ရက္ေပၚမွာ တုံ႔ျပန္ခဲ့ၿပီးေနာက္ပိုင္းကတည္းက အသင္းအတြက္ ကစားေပးရျခင္းမရွိေတာ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေတာင္ပံကစားသမားဟာ တန္ဟက္ကို ျပန္ေတာင္းပန္ဖို႔ အသင္းတာဝန္ရွိသူေတြက ညႇိေပးတာေတာင္ လက္မခံခဲ့တာေၾကာင့္ ပထမအသင္း လူစာရင္းကေန ထုတ္ပယ္ခံခဲ့ရၿပီး အျခား စီနီယာကစားသမားေတြနဲ႔ တစ္ကြင္းတည္း ေလ့က်င့္ခြင့္၊ တစ္စားပြဲတည္း အတူတူ ထမင္းစားခြင့္ေတာင္ ျငင္းပယ္ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.