La Liga

ဘာဆာတို့ လီဗန်ဒေါ့ဗ်စကီးကို စာချုပ်ဖျက်သိမ်းဖို့ ကြံစည်နေပြီလား

ဘာစီလိုနာအသင်းဟာ လာမာစီယာအကယ်ဒမီထွက် လူငယ်တွေ နေရာပေးနိုင်အောင်နဲ့ အသစ်ရောက်လာတဲ့ ကစားသမားတွေကို ပွဲထွက်ကစားချိန်ပေးနိုင်ဖို့ ရောဘတ် လီဗန်ဒေါ့ဗ်စကီးရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေတယ်လို့ မကြာသေးမီက သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဟာ ပိုလန်တိုက်စစ်မှူးရဲ့ စာချုပ်ထဲမှာ ထူးထူးဆန်းဆန်း အချက်တစ်ချက်ကိုလည်း ထည့်သွင်းချုပ်ဆိုခဲ့တာဖြစ်ပြီး အသစ်ထွက်လာတဲ့ ကောလာဟလတွေအရတော့ နောက်ဆုံးမှာ အဲဒီအချက်ကို အသက်သွင်းသွားနိုင်ခြေရှိပါတယ်။

စပိန်သတင်းဌာန Sports ရဲ့ ဖော်ပြချက်အရ ကတ်တလန်ထိပ်သီးအသင်းကြီးဟာ လီဗန်ဒေါ့ဗ်စကီးရဲ့ စာချုပ် ၃ နှစ်ပြည့်ပြီးနောက် အဲဒီရာသီမှာ ပွဲအရေအတွက် ၅၅ ရာခိုင်နှုန်းပြည့်မီအောင် ပါဝင်ကစားပေးနိုင်ခြင်းမရှိဘူးဆိုရင် စာချုပ်ကို ဖျက်သိမ်းခွင့်ရှိတယ်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လီဗန်ဒေါ့ဗ်စကီးရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၆ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒဏ်ရာပြဿနာတွေ နည်းနည်းပိုများလာသလို ယေဘုယျအားဖြင့် ခြေစွမ်းပိုင်း အကျဘက်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်မှာတုန်းက ဂိုးသွင်းစက်ဖြစ်ခဲ့တဲ့ အနေအထားကလည်း ကျန်ခဲ့ပြီဖြစ်ပေမယ့်လည်း လီဗန်ဒေါ့ဗ်စကီးဟာ လာလီဂါဖလားကိုလည်း ကိုင်မြှောက်ထားနိုင်ခဲ့ပြီးဖြစ်ပြီး ဂိုးရှေ့မှာ ခြိမ်းခြောက်မှုအဖြစ်တော့ ရှိနေသေးတာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်သက်တမ်းဟာ ကာလရှည် စာချုပ်လို့ ထင်မြင်ရပေမယ့်လည်း လက်ရှိ ဘာစီလိုနာအသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်မရဘဲ အရန်ခုံပို့ခံထားရတာက စာချုပ်ပါ အချက်ကို ဇာဗီတို့ အသက်သွင်းဖို့ ကြံစည်နေကြပြီလားဆိုတာ စဉ်းစားစရာဖြစ်လာနေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းဟာ လာမာစီယာအကယ္ဒမီထြက္ လူငယ္ေတြ ေနရာေပးႏိုင္ေအာင္နဲ႔ အသစ္ေရာက္လာတဲ့ ကစားသမားေတြကို ပြဲထြက္ကစားခ်ိန္ေပးႏိုင္ဖို႔ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးရဲ႕ စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ ႀကိဳးပမ္းေနတယ္လို႔ မၾကာေသးမီက သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာဟာ ပိုလန္တိုက္စစ္မႉးရဲ႕ စာခ်ဳပ္ထဲမွာ ထူးထူးဆန္းဆန္း အခ်က္တစ္ခ်က္ကိုလည္း ထည့္သြင္းခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အသစ္ထြက္လာတဲ့ ေကာလာဟလေတြအရေတာ့ ေနာက္ဆုံးမွာ အဲဒီအခ်က္ကို အသက္သြင္းသြားႏိုင္ေျခရွိပါတယ္။

စပိန္သတင္းဌာန Sports ရဲ႕ ေဖာ္ျပခ်က္အရ ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ လီဗန္ေဒါ့ဗ္စကီးရဲ႕ စာခ်ဳပ္ ၃ ႏွစ္ျပည့္ၿပီးေနာက္ အဲဒီရာသီမွာ ပြဲအေရအတြက္ ၅၅ ရာခိုင္ႏႈန္းျပည့္မီေအာင္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိဘူးဆိုရင္ စာခ်ဳပ္ကို ဖ်က္သိမ္းခြင့္ရွိတယ္ဆိုတဲ့အခ်က္ကို ထည့္သြင္းခ်ဳပ္ဆိုခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

လီဗန္ေဒါ့ဗ္စကီးရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၆ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဒဏ္ရာျပႆနာေတြ နည္းနည္းပိုမ်ားလာသလို ေယဘုယ်အားျဖင့္ ေျခစြမ္းပိုင္း အက်ဘက္ကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္မွာတုန္းက ဂိုးသြင္းစက္ျဖစ္ခဲ့တဲ့ အေနအထားကလည္း က်န္ခဲ့ၿပီျဖစ္ေပမယ့္လည္း လီဗန္ေဒါ့ဗ္စကီးဟာ လာလီဂါဖလားကိုလည္း ကိုင္ေျမႇာက္ထားႏိုင္ခဲ့ၿပီးျဖစ္ၿပီး ဂိုးေရွ႕မွာ ၿခိမ္းေျခာက္မႈအျဖစ္ေတာ့ ရွိေနေသးတာျဖစ္ပါတယ္။

ဘာစီလိုနာနဲ႔ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္သက္တမ္းဟာ ကာလရွည္ စာခ်ဳပ္လို႔ ထင္ျမင္ရေပမယ့္လည္း လက္ရွိ ဘာစီလိုနာအသင္းရဲ႕ ပြဲစဥ္ေတြမွာ ပါဝင္ကစားခြင့္မရဘဲ အရန္ခုံပို႔ခံထားရတာက စာခ်ဳပ္ပါ အခ်က္ကို ဇာဗီတို႔ အသက္သြင္းဖို႔ ႀကံစည္ေနၾကၿပီလားဆိုတာ စဥ္းစားစရာျဖစ္လာေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.