Ligue1

ေမြးေန႔ဆို ဒဏ္ရာရျပန္ၿပီလား ေနမာ???

လာမည့္ ဗုဒၶဟူးေန႔မွာ ၂၈ႏွစ္ျပည့္မယ့္ ဘရာဇီးလ္ စတားေနမာကေတာ့ မနက္ျဖန္မနက္မွာ ျပင္သစ္လီဂူးပြဲစဥ္အျဖစ္ ႏြန္႔စ္အသင္းနဲ႔ ကစားရမယ့္ ပြဲစဥ္အတြက္ နံ႐ိုးမွာ ဒဏ္ရာရေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လြဲေခ်ာ္ဖြယ္ရွိေနတယ္လို႔သိရပါတယ္။

ေမြးေန႔နီးတိုင္း အၿမဲဒဏ္ရာရတတ္တယ္လို႔ နာမည္ႀကီးတတ္တဲ့ ေနမာဟာ ေမြးေန႔ပါတီေတြကို ပဲရစ္ၿမိဳ႕ကလပ္ေတြမွာ ေဖာေဖာသီသီနဲ႔ တကယ့္အေကာင္းစား ပါတီႀကီးေတြ ဖန္တီးခဲ့တဲ့ အစဥ္အလာလည္းရွိခဲ့ဖူးပါတယ္။ တကယ့္ဒိတ္ဒိတ္ႀကဲေတြခ်ည္းပဲ တက္ေရာက္ခဲ့ၾကတဲ့အထိ နာမည္ႀကီးပါတီေတြျဖစ္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

အသင္းေဖာ္ေတြျဖစ္တဲ့ အာဂ်င္တီးနားေတာင္ပံကစားသမား ဒီမာရီယာ၊ ဥ႐ုေဂြးတိုက္စစ္မႉး ကာဗာနီ၊ ကြင္းလယ္ကစားသမား မာကို ဗာရက္တီတို႔ ပါဝင္ဆင္ႏႊဲခဲ့ၾကတဲ့ ေမြးေန႔အၿပီး ႏွစ္ရက္အၾကာမွာ နံ႐ိုး ဒဏ္ရာရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အသင္းလူစာရင္းမွာ ေနမာ ပါမလာႏိုင္ဘူးဆိုတဲ့ သတင္းေတြ ထြက္လာခဲ့တာေတာ့ ႏွစ္စဥ္ႏွစ္တိုင္းျဖစ္ေနက် မဟာအစဥ္အလာေကာင္းႀကီးကို ဆက္လက္ထိန္းသိမ္းေနတာလားလို႔ သံသယရွိစရာလည္း ျဖစ္ေနခဲ့ပါတယ္။

သူဟာ ၂၀၁၈ ခုႏွစ္မွာ ေမြးေန႔နီးရင္ ဒဏ္ရာရခဲ့တယ္လို႔ သိရွိထားရသလို ၂၀၁၉ခုႏွစ္မွာလည္း ေမြးေန႔နဲ႔ နီးကပ္လာတဲ့အခါမွာ ဒဏ္ရာရတယ္ဆိုၿပီး အသင္းကန္မယ့္ပြဲစဥ္ေတြမွာ အႀကိမ္ႀကိမ္ လြဲေခ်ာ္ခဲ့ဖူးတာပါ။

၂၀၁၉ခုႏွစ္မွာ Red Bullက Sponsor ေပးထားခဲ့တဲ့ ေမြးေန႔ပါတီကို လူ ၅၀၀ နီးပါး တက္ေရာက္ခဲ့ၾကအထိ ၿခိမ့္ၿခိမ့္သဲ က်င္းပခဲ့ၾကဖူးသလို ၂၀၁၈ခုႏွစ္က က်င္းပခဲ့တဲ့ ေမြးေန႔ပါတီပြဲမွာ ေဖာ္ျမဴလာဝမ္းကားေမာင္းသမား လူးဝစ္ ဟာမီလ္တန္နဲ႔ ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒အထိ တက္ေရာက္ဆင္ႏႊဲခဲ့ၾကတဲ့အထိ စည္ကားခဲ့ဖူးၿပီး မီဒီယာေတြၾကားမွာ ဟိုးဟိုးေက်ာ္ နာမည္ႀကီးခဲ့ဖူးတယ္လုိ႔လည္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.

UNICODE: လာမည့် ဗုဒ္ဓဟူးနေ့မှာ ၂၈နှစ်ပြည့်မယ့် ဘရာဇီးလ် စတားနေမာကတော့ မနက်ဖြန်မနက်မှာ ပြင်သစ်လီဂူးပွဲစဉ်အဖြစ် နွန့်စ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်အတွက် နံရိုးမှာ ဒဏ်ရာရနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လွဲချော်ဖွယ်ရှိနေတယ်လို့သိရပါတယ်။

မွေးနေ့နီးတိုင်း အမြဲဒဏ်ရာရတတ်တယ်လို့ နာမည်ကြီးတတ်တဲ့ နေမာဟာ မွေးနေ့ပါတီတွေကို ပဲရစ်မြို့ကလပ်တွေမှာ ဖောဖောသီသီနဲ့ တကယ့်အကောင်းစား ပါတီကြီးတွေ ဖန်တီးခဲ့တဲ့ အစဉ်အလာလည်းရှိခဲ့ဖူးပါတယ်။ တကယ့်ဒိတ်ဒိတ်ကြဲတွေချည်းပဲ တက်ရောက်ခဲ့ကြတဲ့အထိ နာမည်ကြီးပါတီတွေဖြစ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

အသင်းဖော်တွေဖြစ်တဲ့ အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာ၊ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ၊ ကွင်းလယ်ကစားသမား မာကို ဗာရက်တီတို့ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ မွေးနေ့အပြီး နှစ်ရက်အကြာမှာ နံရိုး ဒဏ်ရာရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းလူစာရင်းမှာ နေမာ ပါမလာနိုင်ဘူးဆိုတဲ့ သတင်းတွေ ထွက်လာခဲ့တာတော့ နှစ်စဉ်နှစ်တိုင်းဖြစ်နေကျ မဟာအစဉ်အလာကောင်းကြီးကို ဆက်လက်ထိန်းသိမ်းနေတာလားလို့ သံသယရှိစရာလည်း ဖြစ်နေခဲ့ပါတယ်။

သူဟာ ၂၀၁၈ ခုနှစ်မှာ မွေးနေ့နီးရင် ဒဏ်ရာရခဲ့တယ်လို့ သိရှိထားရသလို ၂၀၁၉ခုနှစ်မှာလည်း မွေးနေ့နဲ့ နီးကပ်လာတဲ့အခါမှာ ဒဏ်ရာရတယ်ဆိုပြီး အသင်းကန်မယ့်ပွဲစဉ်တွေမှာ အကြိမ်ကြိမ် လွဲချော်ခဲ့ဖူးတာပါ။

၂၀၁၉ခုနှစ်မှာ Red Bullက Sponsor ပေးထားခဲ့တဲ့ မွေးနေ့ပါတီကို လူ ၅၀၀ နီးပါး တက်ရောက်ခဲ့ကြအထိ ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြဖူးသလို ၂၀၁၈ခုနှစ်က ကျင်းပခဲ့တဲ့ မွေးနေ့ပါတီပွဲမှာ ဖော်မြူလာဝမ်းကားမောင်းသမား လူးဝစ် ဟာမီလ်တန်နဲ့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအထိ တက်ရောက်ဆင်နွှဲခဲ့ကြတဲ့အထိ စည်ကားခဲ့ဖူးပြီး မီဒီယာတွေကြားမှာ ဟိုးဟိုးကျော် နာမည်ကြီးခဲ့ဖူးတယ်လို့လည်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.