Premier League

အာဆင်နယ်အတွက် ကစားပေးတာ မုန်းတီးမိတဲ့သူကို ပြောပြခဲ့တဲ့ မက်ဒီဆင်

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်က ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းကနေ ဒီကလန် ရိုက်ကို အာဆင်နယ်က ခေါ်ယူသွားနိုင်ခဲ့တာကို မုန်းတီးမိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ကို ခေါ်ယူနိုင်ဖို့အတွက် အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးကို ပေးချေခဲ့ရပြီး ဒီကလန် ရိုက်အတွက် မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့လိုအသင်းတွေကို အလဲထိုးပြီး ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ လက်ရှိအချိန်အထိ အာဆင်နယ်မှာ အသင်းခေါင်းဆောင်လက်ပတ် မဝတ်ဆင်ထားတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ကစားပေးနေပြီး ဂန်းနားတွေရဲ့ ကွင်းလယ်မှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်ပြသနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ဒီကလန် ရိုက်နဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်ကစားခဲ့ဖူးတာကြောင့် ဂျိမ်းစ် မက်ဒီဆင်က ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းရဲ့ အရည်အချင်းကို ကောင်းကောင်း သတိပြုမိနေခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသငး်မှာ အသင်းဖော်တွေ ဖြစ်လာခဲ့ကြတာဖြစ်ပါတယ်။

ဒီကလန် ရိုက်နဲ့ အနီးကပ်နေတာအချိန်တွေ ကြာလေလေ မက်ဒီဆင်အတွက်တော့ အာဆင်နယ်ကြယ်ပွင့်ဟာ ဘယ်လောက်တောင် ထူးခြားတဲ့ အရည်အချင်းတွေရှိတဲ့ကစားသမားလဲဆိုတာကို ပိုသိလေလေ ဖြစ်ခဲ့ပြီး စပါးစ်ရဲ့ ပြိုင်ဘက်တွေအတွက် အကောင်းဆုံးပုံစံပြသနေတဲ့ လက်ရွေးစင်အသင်းဖော်ကို မြင်ရတာ ရင်နာနေတာဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ သူ့မှာ အရာအားလုံးရှိပါတယ်။ သူက နည်းစနစ်ပိုင်း တကယ် တကယ်ကို ကောင်းမွန်ပါတယ်။ ကျွန်တော်တို့ လေ့ကျင့်ရေးမှာ အင်္ဂလန်အတွက် ဘောလုံးပေးပို့မှုတွေ လေ့ကျင့်ကြတယ်။ သူက အနိမ့်ဘောချိုးပေးတဲ့နေရာကျရင် ဟာသပဲ။ အရမ်းထူးချွန်တယ်။ သူက ထိပ်တန်းကစားသမားလို့ ကျွန်တော်ထင်တယ်။ သူ အာဆင်နယ်အတွက် ကစားပေးနေတာကို ကျွန်တော် မုန်းမိတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ ဂ်ိမ္းစ္ မက္ဒီဆင္က ၿပီးခဲ့တဲ့ေႏြရာသီမွာ ဝက္စ္ဟမ္းကေန ဒီကလန္ ႐ိုက္ကို အာဆင္နယ္က ေခၚယူသြားႏိုင္ခဲ့တာကို မုန္းတီးမိတယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ကို ေခၚယူႏိုင္ဖို႔အတြက္ အသင္းစံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးကို ေပးေခ်ခဲ့ရၿပီး ဒီကလန္ ႐ိုက္အတြက္ မန္စီးတီးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လိုအသင္းေတြကို အလဲထိုးၿပီး ေပါင္ ၁၀၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ဟာ လက္ရွိအခ်ိန္အထိ အာဆင္နယ္မွာ အသင္းေခါင္းေဆာင္လက္ပတ္ မဝတ္ဆင္ထားတဲ့ ေခါင္းေဆာင္တစ္ဦးအျဖစ္ ကစားေပးေနၿပီး ဂန္းနားေတြရဲ႕ ကြင္းလယ္မွာ ထူးခြၽန္တဲ့ စြမ္းေဆာင္ရည္ျပသေနတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ဒီကလန္ ႐ိုက္နဲ႔ ႏွစ္ေပါင္းမ်ားစြာ ရင္ဆိုင္ကစားခဲ့ဖူးတာေၾကာင့္ ဂ်ိမ္းစ္ မက္ဒီဆင္က ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ေဟာင္းရဲ႕ အရည္အခ်င္းကို ေကာင္းေကာင္း သတိျပဳမိေနခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္အသငး္မွာ အသင္းေဖာ္ေတြ ျဖစ္လာခဲ့ၾကတာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္နဲ႔ အနီးကပ္ေနတာအခ်ိန္ေတြ ၾကာေလေလ မက္ဒီဆင္အတြက္ေတာ့ အာဆင္နယ္ၾကယ္ပြင့္ဟာ ဘယ္ေလာက္ေတာင္ ထူးျခားတဲ့ အရည္အခ်င္းေတြရွိတဲ့ကစားသမားလဲဆိုတာကို ပိုသိေလေလ ျဖစ္ခဲ့ၿပီး စပါးစ္ရဲ႕ ၿပိဳင္ဘက္ေတြအတြက္ အေကာင္းဆုံးပုံစံျပသေနတဲ့ လက္ေ႐ြးစင္အသင္းေဖာ္ကို ျမင္ရတာ ရင္နာေနတာျဖစ္ပါတယ္။

“ဟုတ္ပါတယ္။ သူ႔မွာ အရာအားလုံးရွိပါတယ္။ သူက နည္းစနစ္ပိုင္း တကယ္ တကယ္ကို ေကာင္းမြန္ပါတယ္။ ကြၽန္ေတာ္တို႔ ေလ့က်င့္ေရးမွာ အဂၤလန္အတြက္ ေဘာလုံးေပးပို႔မႈေတြ ေလ့က်င့္ၾကတယ္။ သူက အနိမ့္ေဘာခ်ိဳးေပးတဲ့ေနရာက်ရင္ ဟာသပဲ။ အရမ္းထူးခြၽန္တယ္။ သူက ထိပ္တန္းကစားသမားလို႔ ကြၽန္ေတာ္ထင္တယ္။ သူ အာဆင္နယ္အတြက္ ကစားေပးေနတာကို ကြၽန္ေတာ္ မုန္းမိတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.