Premier League

ရှုံးသာရှုံးတာ ချဲလ်ဆီးထက် အများကြီးပိုကောင်းခဲ့တယ်လို့ ပြောလိုက်တဲ့ ဒီဇာဘီ

ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီက ချဲလ်ဆီးကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း စင်ရော်တွေဟာ ပိုချက်တီနိုရဲ့အသင်းကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပွဲစဉ်တလျှောက်လုံး အသာစီး ရယူထားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ တနင်္ဂနွေနေ့ညနေ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဘရိုက်တန်ကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး အန်ဇို ဖာနန်ဒက်ဇ်နဲ့ ကိုဝီလ်တို့ရဲ့ အစောပိုင်း သွင်းဂိုးတွေကြောင့် ပိုချက်တီနိုရဲ့အသင်းက ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

၄၃ မိနစ်မှာ ဖာကွန်ဒို ဘူအိုနော့တီက စင်ရော်တွေအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပေမယ့်လည်း အန်ဇို ဖာနန်ဒက်ဇ်က ၆၅ မိနစ်မှာ ပင်နယ်တီကနေတဆင့် ချဲလ်ဆီးအသင်း အနိုင်ရရှိစေမယ့် နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဘရိုက်တန်နည်းပြ ရောဘတ်တို ဒီဇာဘီက ချဲလ်ဆီးနဲ့ပွဲစဉ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး ရှုံးပွဲအတွက် စိတ်ပျက်မှုကို ထုတ်ဖော် ပြောဆိုခဲ့ရာမှာ ဖာနန်ဒက်ဇ်ရဲ့ ပင်နယ်တီက ပွဲအရှိန်အဟုန်ကို ချဲလ်ဆီးဘက်ကို ရောက်သွားအောင် ပြောင်းလဲပေးခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ရှုံးပွဲက လက်ခံဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ချဲလ်ဆီးထက် အများကြီးပိုကောင်းကောင်း ကစားနိုင်ခဲ့တယ်လို့ ထင်လို့ပါ။ ကျွန်တော်တို့ ကြီးမားတဲ့ အမှား ၃ ခုလုပ်ခဲ့တယ်။ ပထမပိုင်းတုန်းက တည်ကန်ဘော ၂ ကြိမ်နဲ့ တတိယဂိုးကို မယုံနိုင်စရာပုံစံနဲ့ ခွင့်ပြုခဲ့ရတာပါ။ သူတို့အတွက်တော့ ရှင်းလင်းတဲ့ ပင်နယ်တီဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီပုံစံနဲ့ တန်ပြန်တိုက်စစ်တွေ ခွင့်ပြုလို့မရနိုင်ပါဘူး။ ကျွန်တော်တို့အတွက်က ထောင့်ကန်ဘောပါ။ ကျွန်တော်တို့က ငယ်ရွယ်သေးပြီး အဲဒီလို အခြေအနေမှာ ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ အဲဒီအခြေအနေကနေ ပွဲကို ဆုံးရှုံးသွားခဲ့တယ်။ ကစားကွက်ကနေမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အရမ်းကောင်းတဲ့ပွဲကို ကစားခဲ့လို့ပါ။ ဒါပေမယ့် ဘောလုံးဆိုတာက ဒီလိုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘ႐ိုက္တန္နည္းျပ ေရာဘတ္တို ဒီဇာဘီက ခ်ဲလ္ဆီးကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္လည္း စင္ေရာ္ေတြဟာ ပိုခ်က္တီႏိုရဲ႕အသင္းကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ပြဲစဥ္တေလွ်ာက္လုံး အသာစီး ရယူထားႏိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ တနဂၤေႏြေန႔ညေန စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ဘ႐ိုက္တန္ကို အႏိုင္ယူႏိုင္ခဲ့တာျဖစ္ၿပီး အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ကိုဝီလ္တို႔ရဲ႕ အေစာပိုင္း သြင္းဂိုးေတြေၾကာင့္ ပိုခ်က္တီႏိုရဲ႕အသင္းက ပထမပိုင္းမွာ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၄၃ မိနစ္မွာ ဖာကြန္ဒို ဘူအိုေနာ့တီက စင္ေရာ္ေတြအတြက္ ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့ေပမယ့္လည္း အန္ဇို ဖာနန္ဒက္ဇ္က ၆၅ မိနစ္မွာ ပင္နယ္တီကေနတဆင့္ ခ်ဲလ္ဆီးအသင္း အႏိုင္ရရွိေစမယ့္ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ဘ႐ိုက္တန္နည္းျပ ေရာဘတ္တို ဒီဇာဘီက ခ်ဲလ္ဆီးနဲ႔ပြဲစဥ္က အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးခဲ့ၿပီး ရႈံးပြဲအတြက္ စိတ္ပ်က္မႈကို ထုတ္ေဖာ္ ေျပာဆိုခဲ့ရာမွာ ဖာနန္ဒက္ဇ္ရဲ႕ ပင္နယ္တီက ပြဲအရွိန္အဟုန္ကို ခ်ဲလ္ဆီးဘက္ကို ေရာက္သြားေအာင္ ေျပာင္းလဲေပးခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ရႈံးပြဲက လက္ခံဖို႔ ခက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီးထက္ အမ်ားႀကီးပိုေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္လို႔ ထင္လို႔ပါ။ ကြၽန္ေတာ္တို႔ ႀကီးမားတဲ့ အမွား ၃ ခုလုပ္ခဲ့တယ္။ ပထမပိုင္းတုန္းက တည္ကန္ေဘာ ၂ ႀကိမ္နဲ႔ တတိယဂိုးကို မယုံႏိုင္စရာပုံစံနဲ႔ ခြင့္ျပဳခဲ့ရတာပါ။ သူတို႔အတြက္ေတာ့ ရွင္းလင္းတဲ့ ပင္နယ္တီျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အဲဒီပုံစံနဲ႔ တန္ျပန္တိုက္စစ္ေတြ ခြင့္ျပဳလို႔မရႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔အတြက္က ေထာင့္ကန္ေဘာပါ။ ကြၽန္ေတာ္တို႔က ငယ္႐ြယ္ေသးၿပီး အဲဒီလို အေျခအေနမွာ ပိုၿပီး အာ႐ုံစိုက္ဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီအေျခအေနကေန ပြဲကို ဆုံးရႈံးသြားခဲ့တယ္။ ကစားကြက္ကေနမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အရမ္းေကာင္းတဲ့ပြဲကို ကစားခဲ့လို႔ပါ။ ဒါေပမယ့္ ေဘာလုံးဆိုတာက ဒီလိုပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.