La Liga UCL&UEL

နာပိုလီကို ဂိုးသွင်းပြီးနောက် ပရိသတ်တွေကို တောင်းပန်ခဲ့တဲ့ ဂျိုဆေးလူ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဂျိုဆေးလူဟာ နာပိုလီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘာနေဗျူးကွင်းထဲက ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ စီးရီးအေချန်ပီယံလိဂ်တွေနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲမှာ ဆီမီယွန်နီရဲ့ ၉ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး ၁၁ မိနစ်မှာ ရိုဒရီဂိုက ပြန်လည်ချေပနိုင်ခဲ့ပြီးနောက် ဘယ်လင်ဟမ်က နောက်ထပ် ၁၀ မိနစ်အကြာမှာ ဒီရာသီ ၁၆ ပွဲမှာ ၁၅ ဂိုးမြောက်သွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

နာပိုလီဟာ ဒုတိယပိုင်းမှာ ပြန်လည်စတင်ပြီး ၂ မိနစ်လောက်မှာပဲ အန်ဂစ်ဆာရဲ့ သွင်းဂိုးနဲ့ ပြန်လည်ချေပခဲ့ပေမယ့်လည်း ၈၄ မိနစ်မှာ အသက် ၁၉ နှစ်အရွယ် အာဂျင်တီးနားလူငယ်ကြယ်ပွင့် နီကို ပက်ဇ်က အရန်ခုံကနေ ဝင်ကစားပြီး ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နောက်ထပ် လူစားဝင်ကစားသမားဖြစ်တဲ့ ဂျိုဆေးလူကလည်း နာကျင်အချိန်ပို ၉၀+၄ မိနစ်မှာ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရိသတ်တွေကို အံ့အားသင့်ဖွယ် တောင်းပန်ခဲ့တာဖြစ်ပါတယ်။

စပိန်တိုက်စစ်မှူးဟာ နာကျင်အချိန်ပိုသွင်းဂိုးမတိုင်ခင် အခွင့်အရေးအချို့ကို လွဲချော်ခဲ့တာကြောင့် ပရိသတ်တွေကို တောင်းပန်ခဲ့တာဖြစ်ပြီး ဂိုးဖန်တီးပေးခဲ့တဲ့ ဘယ်လင်ဟမ်က ဂျိုဆေးလူကို အထူး ဂုဏ်ပြုချီးကျူးမှုတွေ ခံယူဖို့ ဂိုးနောက်က ပရိသတ်တွေရှိရာဆီကို တွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးကို ပြီးတဲ့နောက်မှာ အသင်းဖော်တွေက ဝိုင်းဝန်းပွေ့ဖက် အောင်ပွဲခံခဲ့ကြပြီး ဂျိုဆေးလူ ဂိုးသွင်းယူနိုင်ခဲ့တာကို ရီးရဲလ်မက်ဒရစ်ကစားသမားတွေက ဘယ်လောက်အထိ ဝမ်းမြောက်ပျော်ရွှင်နေလဲဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

ဂျိုဆေးလူဟာ ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယအကြိမ် ပြန်လာကစားပေးနေတဲ့ ကစားသမားဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းက ၂ ပွဲပါဝင်ကစားပေးခဲ့ရာမှာ တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

စပိန်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ် အရန်အသင်းအတွက် ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ ဟော့ဖန်ဟိမ်း၊ ဖရန့်ဖွတ်၊ ဟန်နိုဗာတို့လို ဘွန်ဒက်စ်လီဂါအသင်းတွေဆီ ပြောင်းကစားခဲ့ပြီးနောက် စတုတ်စီးတီးအတွက် ကစားပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယတန်းကို တန်းဆင်းသွားခဲ့တဲ့ အက်စ်ပန်ညိုအသင်းအတွက် နောက်ဆုံးလာလီဂါရာသီမှာ ၃၇ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူပေးခဲ့ပြီး အဲဒီမတိုင်ခင် အလာဗက်စ်အတွက် ၃၆ ဂိုးအထိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်က ယခုနွေရာသီမှာ ဆော်ဒီအာရေဗျကို ပြောင်းရွှေ့သွားခဲ့တဲ့ ကာရင် ဘန်ဇီးမားရဲ့နေရာမှာ ယခုရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ ၆ ဂိုးသွင်းယူထားတဲ့ ဂျိုဆေးလူကို ရေတို အစားထိုးမှုအဖြစ် အငှားနဲ့ ပြန်ခေါ်ခဲ့တာဖြစ်ပြီး ဒီရာသီကုန်မှာ အပြီးသတ်ဝယ်ယူခွင့်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ဂ်ိဳေဆးလူဟာ နာပိုလီနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဗုဒၶဟူးေန႔ညပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဘာေနဗ်ဴးကြင္းထဲက ပရိသတ္ေတြကို ေတာင္းပန္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ စီးရီးေအခ်န္ပီယံလိဂ္ေတြနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဗုဒၶဟူးေန႔ညပြဲမွာ ဆီမီယြန္နီရဲ႕ ၉ မိနစ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး ၁၁ မိနစ္မွာ ႐ိုဒရီဂိုက ျပန္လည္ေခ်ပႏိုင္ခဲ့ၿပီးေနာက္ ဘယ္လင္ဟမ္က ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ ဒီရာသီ ၁၆ ပြဲမွာ ၁၅ ဂိုးေျမာက္သြင္းဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

နာပိုလီဟာ ဒုတိယပိုင္းမွာ ျပန္လည္စတင္ၿပီး ၂ မိနစ္ေလာက္မွာပဲ အန္ဂစ္ဆာရဲ႕ သြင္းဂိုးနဲ႔ ျပန္လည္ေခ်ပခဲ့ေပမယ့္လည္း ၈၄ မိနစ္မွာ အသက္ ၁၉ ႏွစ္အ႐ြယ္ အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ နီကို ပက္ဇ္က အရန္ခုံကေန ဝင္ကစားၿပီး ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ လူစားဝင္ကစားသမားျဖစ္တဲ့ ဂ်ိဳေဆးလူကလည္း နာက်င္အခ်ိန္ပို ၉၀+၄ မိနစ္မွာ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ပရိသတ္ေတြကို အံ့အားသင့္ဖြယ္ ေတာင္းပန္ခဲ့တာျဖစ္ပါတယ္။

စပိန္တိုက္စစ္မႉးဟာ နာက်င္အခ်ိန္ပိုသြင္းဂိုးမတိုင္ခင္ အခြင့္အေရးအခ်ိဳ႕ကို လြဲေခ်ာ္ခဲ့တာေၾကာင့္ ပရိသတ္ေတြကို ေတာင္းပန္ခဲ့တာျဖစ္ၿပီး ဂိုးဖန္တီးေပးခဲ့တဲ့ ဘယ္လင္ဟမ္က ဂ်ိဳေဆးလူကို အထူး ဂုဏ္ျပဳခ်ီးက်ဴးမႈေတြ ခံယူဖို႔ ဂိုးေနာက္က ပရိသတ္ေတြရွိရာဆီကို တြန္းထုတ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ၿပီးတဲ့ေနာက္မွာ အသင္းေဖာ္ေတြက ဝိုင္းဝန္းေပြ႕ဖက္ ေအာင္ပြဲခံခဲ့ၾကၿပီး ဂ်ိဳေဆးလူ ဂိုးသြင္းယူႏိုင္ခဲ့တာကို ရီးရဲလ္မက္ဒရစ္ကစားသမားေတြက ဘယ္ေလာက္အထိ ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနလဲဆိုတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဂ်ိဳေဆးလူဟာ ရီးရဲလ္မက္ဒရစ္အတြက္ ဒုတိယအႀကိမ္ ျပန္လာကစားေပးေနတဲ့ ကစားသမားျဖစ္ၿပီး ၂၀၁၁ ခုႏွစ္တုန္းက ၂ ပြဲပါဝင္ကစားေပးခဲ့ရာမွာ တစ္ဂိုး သြင္းယူေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

စပိန္တိုက္စစ္မႉးဟာ ရီးရဲလ္မက္ဒရစ္ အရန္အသင္းအတြက္ ဂိုးသြင္းေကာင္းတဲ့ တိုက္စစ္မႉးျဖစ္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ေဟာ့ဖန္ဟိမ္း၊ ဖရန႔္ဖြတ္၊ ဟန္ႏိုဗာတို႔လို ဘြန္ဒက္စ္လီဂါအသင္းေတြဆီ ေျပာင္းကစားခဲ့ၿပီးေနာက္ စတုတ္စီးတီးအတြက္ ကစားေပးခဲ့တာျဖစ္ပါတယ္။

ဒုတိယတန္းကို တန္းဆင္းသြားခဲ့တဲ့ အက္စ္ပန္ညိဳအသင္းအတြက္ ေနာက္ဆုံးလာလီဂါရာသီမွာ ၃၇ပြဲမွာ ၁၇ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး အဲဒီမတိုင္ခင္ အလာဗက္စ္အတြက္ ၃၆ ဂိုးအထိ သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္က ယခုေႏြရာသီမွာ ေဆာ္ဒီအာေရဗ်ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ကာရင္ ဘန္ဇီးမားရဲ႕ေနရာမွာ ယခုရာသီ ၿပိဳင္ပြဲစုံ ၁၈ ပြဲမွာ ၆ ဂိုးသြင္းယူထားတဲ့ ဂ်ိဳေဆးလူကို ေရတို အစားထိုးမႈအျဖစ္ အငွားနဲ႔ ျပန္ေခၚခဲ့တာျဖစ္ၿပီး ဒီရာသီကုန္မွာ အၿပီးသတ္ဝယ္ယူခြင့္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.