Premier League

ပွဲအပြီး ကွင်းထဲကနေ ဒေါသတကြီးထွက်ခွာချိန်မှာ ပြဿနာထပ်ဖြစ်ခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ ကစားခဲ့တဲ့ပွဲစဉ်အပြီး ကွင်းထဲကနေ အာလင်း ဟာလန်း ဒေါသတကြီး ထွက်ခွာချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ ဗီဒီယိုဖိုင်အသစ် ထွက်ပေါ်လာပါတယ်။

မန်စီးတီးဟာ အစ်တီဟတ်မှာ ကစားခဲ့တဲ့ တနင်္ဂနွေနေ့ညပွဲစဉ်မှာ ၃-၃ သရေကျခဲ့တာဖြစ်ပြီး ကူလူဆက်ဗ်စကီးရဲ့ သွင်းဂိုးက ဂွါဒီယိုလာရဲ့အသင်းကို အနိုင် ၃ မှတ်ရရှိမယ့်အခွင့်အရေးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ပွဲက ၃-၃ ဖြစ်နေချိန်မှာ မန်ချက်စတာစီးတီးဟာ ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးက အစပိုင်းတုန်းက ပြစ်ဒဏ်ဘောကို ဆက်ကစားခွင့်ပေးထားရာကနေ ဝီစီမှုတ်ခဲ့ပြီးနောက် ဂိုးသွင်းယူနိုင်မယ့် နောက်ကျအခွင့်အရေးကို ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးပရိသတ်တွေနဲ့ ကစားသမားတွေဟာ ဂရီးလစ်ရှ်က ဟာလန်းရဲ့ ပေးပို့မှုကို ရယူပြီး တိုက်စစ်ဆင်ဖို့ လုပ်နေချိန်မှာ ပွဲကို ရပ်တန့်ခဲ့တဲ့အတွက် ဒေါသပေါက်ကွဲခဲ့ကြပြီး ပွဲအပြီးမှာတော့ ဟာလန်းဟာ ဒေါသတကြီးဖြစ်နေခဲ့တာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ပွဲအပြီး ဥမင်လျှောက်လမ်းထဲကို ဆင်းဖို့ ကွင်းထဲကနေ ဒေါသတကြီး ဒုန်းစိုင်းထွက်ခွာခဲ့ချိန်မှာ စပါးစ်ကစားသမား လိုဆယ်ဆိုနဲ့ ပုခုံးချင်း ဝင်တိုက်မိခဲ့ပြီး အချင်းများခဲ့ပြန်တာကြောင့် နည်းပြ ဂွါဒီယိုလာက အခြေအနေ ပိုမဆိုးလာအောင် အလျင်အမြန် ဝင်ဆွဲခဲ့ရတာဖြစ်ပါတယ်။

အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင် ကီးန်က “ဒိုင်လူကြီးက အမှားလုပ်ခဲ့တာပါ။ အဲဒါက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပဲ။ သူ မှားသွားတယ်။ ဂရီးလစ်ရှ်က ဂိုးဆီ တန်းနေပြီး သူ့ကို ဆက်ကစားခွင့်ပေးခဲ့တယ်။ ဒါပေမယ့် သူ ဝီစီမှုတ်လိုက်တာက မှားသွားတယ်။ ကျွန်တော်တို့အားလုံး အဲဒါကို မြင်နိုင်ပါတယ်။ အဲဒါက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒါပေမယ့် မန်စီးတီးက စပါးစ်ကို ဂိုးတွေ ပြန်ပေးခဲ့ရတာကလည်း သူတို့ကိုယ်သူတို့ ပြစ်တင်ရမှာပါ။ ဒီကိစ္စတစ်ခုအတွက်နဲ့ ဒိုင်ကိုပဲ အပြစ်ပြောလို့မရပါဘူး။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ စပါးစ်နဲ့ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်ကို အမီလိုက်နိုင်ခြင်းမရှိခဲ့သလို လီဗာပူးလ်က ဖူလ်ဟမ်ကို ၄-၃ နဲ့ အနိုင်ရခဲ့ပြီး အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့တာကြောင့် အဆင့် ၃ နေရာအထိ ကျဆင်းခဲ့ရပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ ကစားခဲ့တဲ့ပြဲစဥ္အၿပီး ကြင္းထဲကေန အာလင္း ဟာလန္း ေဒါသတႀကီး ထြက္ခြာခ်ိန္မွာ ျဖစ္ပ်က္ခဲ့တဲ့ ဗီဒီယိုဖိုင္အသစ္ ထြက္ေပၚလာပါတယ္။

မန္စီးတီးဟာ အစ္တီဟတ္မွာ ကစားခဲ့တဲ့ တနဂၤေႏြေန႔ညပြဲစဥ္မွာ ၃-၃ သေရက်ခဲ့တာျဖစ္ၿပီး ကူလူဆက္ဗ္စကီးရဲ႕ သြင္းဂိုးက ဂြါဒီယိုလာရဲ႕အသင္းကို အႏိုင္ ၃ မွတ္ရရွိမယ့္အခြင့္အေရးကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ပြဲက ၃-၃ ျဖစ္ေနခ်ိန္မွာ မန္ခ်က္စတာစီးတီးဟာ ဒိုင္လူႀကီး ဆိုင္မြန္ ဟူးပါးက အစပိုင္းတုန္းက ျပစ္ဒဏ္ေဘာကို ဆက္ကစားခြင့္ေပးထားရာကေန ဝီစီမႈတ္ခဲ့ၿပီးေနာက္ ဂိုးသြင္းယူႏိုင္မယ့္ ေနာက္က်အခြင့္အေရးကို ျငင္းပယ္ခံခဲ့ရတာျဖစ္ပါတယ္။

မန္စီးတီးပရိသတ္ေတြနဲ႔ ကစားသမားေတြဟာ ဂရီးလစ္ရွ္က ဟာလန္းရဲ႕ ေပးပို႔မႈကို ရယူၿပီး တိုက္စစ္ဆင္ဖို႔ လုပ္ေနခ်ိန္မွာ ပြဲကို ရပ္တန႔္ခဲ့တဲ့အတြက္ ေဒါသေပါက္ကြဲခဲ့ၾကၿပီး ပြဲအၿပီးမွာေတာ့ ဟာလန္းဟာ ေဒါသတႀကီးျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ ပြဲအၿပီး ဥမင္ေလွ်ာက္လမ္းထဲကို ဆင္းဖို႔ ကြင္းထဲကေန ေဒါသတႀကီး ဒုန္းစိုင္းထြက္ခြာခဲ့ခ်ိန္မွာ စပါးစ္ကစားသမား လိုဆယ္ဆိုနဲ႔ ပုခုံးခ်င္း ဝင္တိုက္မိခဲ့ၿပီး အခ်င္းမ်ားခဲ့ျပန္တာေၾကာင့္ နည္းျပ ဂြါဒီယိုလာက အေျခအေန ပိုမဆိုးလာေအာင္ အလ်င္အျမန္ ဝင္ဆြဲခဲ့ရတာျဖစ္ပါတယ္။

အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္ ကီးန္က “ဒိုင္လူႀကီးက အမွားလုပ္ခဲ့တာပါ။ အဲဒါက ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္ပဲ။ သူ မွားသြားတယ္။ ဂရီးလစ္ရွ္က ဂိုးဆီ တန္းေနၿပီး သူ႔ကို ဆက္ကစားခြင့္ေပးခဲ့တယ္။ ဒါေပမယ့္ သူ ဝီစီမႈတ္လိုက္တာက မွားသြားတယ္။ ကြၽန္ေတာ္တို႔အားလုံး အဲဒါကို ျမင္ႏိုင္ပါတယ္။ အဲဒါက ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္ပဲ။ ဒါေပမယ့္ မန္စီးတီးက စပါးစ္ကို ဂိုးေတြ ျပန္ေပးခဲ့ရတာကလည္း သူတို႔ကိုယ္သူတို႔ ျပစ္တင္ရမွာပါ။ ဒီကိစၥတစ္ခုအတြက္နဲ႔ ဒိုင္ကိုပဲ အျပစ္ေျပာလို႔မရပါဘူး။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ စပါးစ္နဲ႔ သေရက်ခဲ့တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ အာဆင္နယ္ကို အမီလိုက္ႏိုင္ျခင္းမရွိခဲ့သလို လီဗာပူးလ္က ဖူလ္ဟမ္ကို ၄-၃ နဲ႔ အႏိုင္ရခဲ့ၿပီး အဆင့္ ၂ ေနရာကို တက္လွမ္းႏိုင္ခဲ့တာေၾကာင့္ အဆင့္ ၃ ေနရာအထိ က်ဆင္းခဲ့ရၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.