Match Report Premier League

ဇာတ်ညွှန်းကို ဆိမ့်နေအောင် ခံလိုက်ရမှ စပါးစ်နဲ့ သရေကျပြီး ခါးမှန်းသိသွားတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ပရီးမီးယားလိဂ်ရဲ့ ယုတ်မာတဲ့ ဇာတ်ညွှန်းကို ရင်ဆိုင်ခဲ့ရပြီး စပါးစ်နဲ့ မဖြစ်သင့်တဲ့ သရေပွဲကို ရင်ဆိုင်ခဲ့ရသလို ဆိမ့်နေအောင် ခံလိုက်ရတော့မှ သူတို့ရော သူတို့ရဲ့ ပရိသတ်တွေပါ အသုံးမကျတဲ့ ဒိုင်တွေနဲ့ ဘောလုံးလောကကို ဖျက်ဆီးနေသူတွေကို စုပေါင်းတိုက်ဖျက်ရမယ်ဆိုတဲ့ အသိတရားကို ရရှိသွားခဲ့ကြပြီဖြစ်ပါတယ်။

အိမ်ရှင် စီးတီးတို့အနေနဲ့ ဒီနေ့မှာ အိုနာနာရဲ့ သူငယ်ချင်း ဂိုးမဖမ်းတတ်သူတစ်ဦးဖြစ်တဲ့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကန်ဂျီ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဒိုကူးနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းနဲ့ပဲ ခင်းကျင်းလာခဲ့တာပါ။

ဧည့်သည် စပါးစ်တို့ကတော့ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ အီမာဆန် ရိုယဲလ်၊ ဘန်ဒေးဗီးစ်၊ ပက်ဒရို ပေါ်ရိုနဲ့ အူဒိုဂီတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဘီဆူးမား၊ လိုဆဲလ်ဆိုနဲ့ သုံးစားမရပေမယ့် စိတ်မကုန်သေးတဲ့ ဘရိုင်ယန် ဟေးလ်တို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်နဲ့ ဘရင်နန် ဂျွန်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာကတည်းက စပါးစ်တို့ အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မန်စီးတီးတို့ရဲ့ ထောင့်ကန်ဘော ပြန်ထွက်လာတာကို ကူလူရှက်ဗ်စကီးက ညာတောင်ပံကို ဖြတ်တင်ပေးခဲ့တဲ့ ကောင်တာကနေ မြောက်နေတဲ့ ဘောလုံးနောက် မမီမကမ်းနဲ့ မဖျက်နိုင်ခဲ့တဲ့ ဂျပု ဒိုကူးရဲ့ရှေ့ကနေ ဆွန်ဟောင်မင်က ဖြတ်ဆွဲယူပြီး ဧရိယာထဲကို ဆွဲဝင်ကန်သွင်းခဲ့ရာမှာ အီဒါဆန်ရဲ့ ခပ်ညံ့ညံ့ ကာကွယ်မှုက အရာမထင်ဘဲ လက်နဲ့ထိဝင်သွားခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုးရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရခဲ့တဲ့ ဖရီးကစ်ကို အယ်လ်ဗာရက်ဇ်က ဖြတ်တင်ပေးခဲ့ရာမှာ ဘီဆူးမားနဲ့ ရိုယဲလ်တို့ မဖျက်နိုင်ခဲ့ဘဲ ဂိုးရှေ့ကျလာခဲ့တဲ့ ဘောလုံးက ဂိုးသွင်းရှင် ဆွန်ဟောင်မင်ရဲ့ ပေါင်ကို မှန်ပြီး ဂိုးထဲ ဝင်သွားခဲ့လို့ ၁၃၇ စက္ကန့်အတွင်းမှာ ကိုရီးယားသား မျက်နှာပျက်ခဲ့ရတာဖြစ်ပါတယ်။

စပါးစ်ကွင်းလယ်က အိုဗာကွန်ဖီးဒန့် ဘီဆူးမား၊ ခံစစ်မနိုင်တဲ့ လိုဆဲလ်ဆိုတို့ အထိုင်နဲ့ ရှေ့က ဘရိုင်ယန် ဟေးလ်တို့ရဲ့ တွဲဖက်မှုက စိတ်ပျက်စရာ အလွဲတွေပဲဖြစ်နေခဲ့ပြီး မန်စီးတီးတို့ကို မယှဉ်နိုင်ခဲ့သလို အမှားတေွ မကြာခဏ ကျူးလွန်မိခဲ့ပြီး ဒီလိုပွဲမျိုးမှာ ဟွိုင်ဘယာ့ဂ်ကို ချန်လှပ်ထားခဲ့တာကတော့ ပိုစတီကိုဂလူးရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်လည်းဖြစ်ခဲ့ချိန်မှာ ဟားလန်းက အပိုင်အခွင့်အရေးကို လွဲချော်ခဲ့သေးလို့သာ သက်သာခဲ့ရတာပါ၊

ပွဲချိန် ၃၁ မိနစ်မှာတော့ မန်စီးတီးတို့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတွဲလုံးကနေ ရလာခဲ့တဲ့ ဒိုကူးက ဧရိယာထဲကို လှမ်းချပေးရာမှာ အယ်လ်ဗာရက်ဇ်က တစ်ချက်ထိန်းပြီး ဂိုးရှေ့ကို ချိုးပေးခဲ့တဲ့ ဘောလုံးကို ပက်ပက်စက်စက် ညံ့နေခဲ့တဲ့ စပါးစ်ခံစစ်ကြားကနေ ဖိုဒန်က အနီးကပ် ကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ ပျော်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီနောက်မှာ စပါးစ်ဘက်က ဘီဆူးမား ဦးဆောင်တဲ့ အဖွဲ့က ပက်ပက်စက်စက် ချရောင်းခဲ့ကြပေမယ့် တိုင်ထိတာ၊ လွဲချော်တာနဲ့ ဂိုးသမား ကာကွယ်တာတွေကြောင့် ပထမပိုင်းမှာ မန်စီးတီးတို့ နှစ်ဂိုး-တစ်ဂိုးနဲ့သာ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်း ပြန်အစမှာတော့ ဧည့်သည်တွေဘက် ဘရိုင်ယန် ဟေးလ်အစား ဟွိုင်ဘယာ့ဂ် ဝင်ကစားခဲ့သလို မန်စီးတီးတို့တော့ ငါးမိနစ်လောက်အကြာမှာ ကမူးရှူးထိုး ဒိုကူးအစား ဂရီးလစ်ရှ်ကို ထည့်သွင်းခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ ကွင်းလယ်ပြန်မာသွားတဲ့ စပါးစ်တို့ ချေပဂိုး ပြန်သွင်းသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဟားလန်းနဲ့ ယှဉ်လုပြီး ခေါင်းတိုက်ချပေးခဲ့တဲ့ ဘန်ဒေးဗီးစ်ရဲ့ ပေးပို့မှုကို ဆွန်ဟောင်မင်က ဧရိယာထိပ်မှာ ခင်းပေးခဲ့တဲ့ ဘောလုံးကို လိုဆဲလ်ဆိုက ဘယ်ဘက်ကို ယိမ်းထွက်ပြီး အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ တိုင်ခြေကို ဝင်သွားခဲ့လို့ ဂိုးမဖမ်းတတ်တဲ့ အီဒါဆန် ခံစားသွားခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှာတော့ မန်စီးတီးတို့ တတိယ ဦးဆောင်ဂိုး သွင်းယူခဲ့ကြပြန်သလို ဒီဂိုးကိုတော့ သူ့ကိုယ်သူ မက်ဆီနဲ့ ရော်နယ်လ်ဒို ပေါင်းပြီး ရော်နယ်လ်ဒင်ညိုရဲ့ စကေးလ်မျိုး ပိုင်ဆိုင်ထားတယ်လို့ ထင်နေပုံရတဲ့ ဘီဆူးမားရဲ့ ဘောလုံးလျှောက်လိမ်တဲ့ ရူးမိုက်မှုကနေ ရိုဒရီက ပြန်လုယူသွားပြီး ညာတောင်ပံကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ဟားလန်းက ဂိုးရှေ့ဖြတ်ပို့ရာမှာ ဂရီးလစ်ရှ်က အပိုင်ပိတ်သွင်းယူနိုင်ခဲ့တာပါ။

ဒါပေမယ့် မန်စီးတီးတို့ဘက်က ကံက ရှိမနေခဲ့ဘဲ ပွဲချိန် မိနစ် ၉၀ မှာတော့ စပါးစ်တို့ သရေဂိုး ပြန်သွင်းနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဂျွန်ဆန်က တောင်ပံကနေ ဖြတ်တင်ပေးခဲ့ရာမှာ လူစားဝင်နောက်ခံလူ အာကေရဲ့ ညံ့ဖျင်းမှုကြောင့် ပါဝါကောင်းတဲ့ ကူလူရှက်ဗ်စကီးက ခပ်မြင့်မြင့် ခုန်ဝင်ပြီး ခေါင်းတိုက်သွင်းခွင့်ရသွားခဲ့လို့ ဘာမှ မလုပ်တတ်တဲ့ အီဒါဆန် လက်တောင် မမြှောက်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးရဲ့ ဆုံးဖြတ်ချက်ကြောင့် မန်စီးတီးတို့ ဒေါသထွက်ခဲ့ရသလို အရှက်နည်းတဲ့ အာကန်ဂျီရဲ့ ဧရိယာထဲ ဒိုက်ဗင်ထိုးမှုကလည်း ပင်နယ်တီ မရခဲ့တာကြောင့် အစ်တီဟတ်မှာ အိမ်ရှင်တွေ သရေသာရခဲ့ပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ သုံးမှတ် ကွာသွားခဲ့ချိန်မှာ စပါးစ်တို့ကတော့ လေးပွဲဆက်ရှုံးမယ့် အဖြစ်ဆိုးကို ရှောင်လွှဲနိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ပရီးမီးယားလိဂ္ရဲ႕ ယုတ္မာတဲ့ ဇာတ္ၫႊန္းကို ရင္ဆိုင္ခဲ့ရၿပီး စပါးစ္နဲ႔ မျဖစ္သင့္တဲ့ သေရပြဲကို ရင္ဆိုင္ခဲ့ရသလို ဆိမ့္ေနေအာင္ ခံလိုက္ရေတာ့မွ သူတို႔ေရာ သူတို႔ရဲ႕ ပရိသတ္ေတြပါ အသုံးမက်တဲ့ ဒိုင္ေတြနဲ႔ ေဘာလုံးေလာကကို ဖ်က္ဆီးေနသူေတြကို စုေပါင္းတိုက္ဖ်က္ရမယ္ဆိုတဲ့ အသိတရားကို ရရွိသြားခဲ့ၾကၿပီျဖစ္ပါတယ္။

အိမ္ရွင္ စီးတီးတို႔အေနနဲ႔ ဒီေန႔မွာ အိုနာနာရဲ႕ သူငယ္ခ်င္း ဂိုးမဖမ္းတတ္သူတစ္ဦးျဖစ္တဲ့ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အာကန္ဂ်ီ၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္၊ ဒိုကူးနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ကစားေစခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းနဲ႔ပဲ ခင္းက်င္းလာခဲ့တာပါ။

ဧည့္သည္ စပါးစ္တို႔ကေတာ့ ဂိုးသမား ဗီကာရီယို၊ ခံစစ္မွာ အီမာဆန္ ႐ိုယဲလ္၊ ဘန္ေဒးဗီးစ္၊ ပက္ဒ႐ို ေပၚ႐ိုနဲ႔ အူဒိုဂီတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘီဆူးမား၊ လိုဆဲလ္ဆိုနဲ႔ သုံးစားမရေပမယ့္ စိတ္မကုန္ေသးတဲ့ ဘ႐ိုင္ယန္ ေဟးလ္တို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ကူလူရွက္ဗ္စကီး၊ ဆြန္ေဟာင္မင္နဲ႔ ဘရင္နန္ ဂြၽန္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက စပါးစ္တို႔ အဖြင့္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မန္စီးတီးတို႔ရဲ႕ ေထာင့္ကန္ေဘာ ျပန္ထြက္လာတာကို ကူလူရွက္ဗ္စကီးက ညာေတာင္ပံကို ျဖတ္တင္ေပးခဲ့တဲ့ ေကာင္တာကေန ေျမာက္ေနတဲ့ ေဘာလုံးေနာက္ မမီမကမ္းနဲ႔ မဖ်က္ႏိုင္ခဲ့တဲ့ ဂ်ပု ဒိုကူးရဲ႕ေရွ႕ကေန ဆြန္ေဟာင္မင္က ျဖတ္ဆြဲယူၿပီး ဧရိယာထဲကို ဆြဲဝင္ကန္သြင္းခဲ့ရာမွာ အီဒါဆန္ရဲ႕ ခပ္ညံ့ညံ့ ကာကြယ္မႈက အရာမထင္ဘဲ လက္နဲ႔ထိဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေခ်ပဂိုးရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရခဲ့တဲ့ ဖရီးကစ္ကို အယ္လ္ဗာရက္ဇ္က ျဖတ္တင္ေပးခဲ့ရာမွာ ဘီဆူးမားနဲ႔ ႐ိုယဲလ္တို႔ မဖ်က္ႏိုင္ခဲ့ဘဲ ဂိုးေရွ႕က်လာခဲ့တဲ့ ေဘာလုံးက ဂိုးသြင္းရွင္ ဆြန္ေဟာင္မင္ရဲ႕ ေပါင္ကို မွန္ၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ ၁၃၇ စကၠန႔္အတြင္းမွာ ကိုရီးယားသား မ်က္ႏွာပ်က္ခဲ့ရတာျဖစ္ပါတယ္။

စပါးစ္ကြင္းလယ္က အိုဗာကြန္ဖီးဒန႔္ ဘီဆူးမား၊ ခံစစ္မႏိုင္တဲ့ လိုဆဲလ္ဆိုတို႔ အထိုင္နဲ႔ ေရွ႕က ဘ႐ိုင္ယန္ ေဟးလ္တို႔ရဲ႕ တြဲဖက္မႈက စိတ္ပ်က္စရာ အလြဲေတြပဲျဖစ္ေနခဲ့ၿပီး မန္စီးတီးတို႔ကို မယွဥ္ႏိုင္ခဲ့သလို အမွားေတြ မၾကာခဏ က်ဴးလြန္မိခဲ့ၿပီး ဒီလိုပြဲမ်ိဳးမွာ ဟြိဳင္ဘယာ့ဂ္ကို ခ်န္လွပ္ထားခဲ့တာကေတာ့ ပိုစတီကိုဂလူးရဲ႕ ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္လည္းျဖစ္ခဲ့ခ်ိန္မွာ ဟားလန္းက အပိုင္အခြင့္အေရးကို လြဲေခ်ာ္ခဲ့ေသးလို႔သာ သက္သာခဲ့ရတာပါ၊

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတြဲလုံးကေန ရလာခဲ့တဲ့ ဒိုကူးက ဧရိယာထဲကို လွမ္းခ်ေပးရာမွာ အယ္လ္ဗာရက္ဇ္က တစ္ခ်က္ထိန္းၿပီး ဂိုးေရွ႕ကို ခ်ိဳးေပးခဲ့တဲ့ ေဘာလုံးကို ပက္ပက္စက္စက္ ညံ့ေနခဲ့တဲ့ စပါးစ္ခံစစ္ၾကားကေန ဖိုဒန္က အနီးကပ္ ကန္သြင္းၿပီး ရယူသြားႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ေပ်ာ္ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီေနာက္မွာ စပါးစ္ဘက္က ဘီဆူးမား ဦးေဆာင္တဲ့ အဖြဲ႕က ပက္ပက္စက္စက္ ခ်ေရာင္းခဲ့ၾကေပမယ့္ တိုင္ထိတာ၊ လြဲေခ်ာ္တာနဲ႔ ဂိုးသမား ကာကြယ္တာေတြေၾကာင့္ ပထမပိုင္းမွာ မန္စီးတီးတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ ဧည့္သည္ေတြဘက္ ဘ႐ိုင္ယန္ ေဟးလ္အစား ဟြိဳင္ဘယာ့ဂ္ ဝင္ကစားခဲ့သလို မန္စီးတီးတို႔ေတာ့ ငါးမိနစ္ေလာက္အၾကာမွာ ကမူးရႉးထိုး ဒိုကူးအစား ဂရီးလစ္ရွ္ကို ထည့္သြင္းခဲ့တာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ကြင္းလယ္ျပန္မာသြားတဲ့ စပါးစ္တို႔ ေခ်ပဂိုး ျပန္သြင္းသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဟားလန္းနဲ႔ ယွဥ္လုၿပီး ေခါင္းတိုက္ခ်ေပးခဲ့တဲ့ ဘန္ေဒးဗီးစ္ရဲ႕ ေပးပို႔မႈကို ဆြန္ေဟာင္မင္က ဧရိယာထိပ္မွာ ခင္းေပးခဲ့တဲ့ ေဘာလုံးကို လိုဆဲလ္ဆိုက ဘယ္ဘက္ကို ယိမ္းထြက္ၿပီး အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ တိုင္ေျခကို ဝင္သြားခဲ့လို႔ ဂိုးမဖမ္းတတ္တဲ့ အီဒါဆန္ ခံစားသြားခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ တတိယ ဦးေဆာင္ဂိုး သြင္းယူခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ သူ႔ကိုယ္သူ မက္ဆီနဲ႔ ေရာ္နယ္လ္ဒို ေပါင္းၿပီး ေရာ္နယ္လ္ဒင္ညိဳရဲ႕ စေကးလ္မ်ိဳး ပိုင္ဆိုင္ထားတယ္လို႔ ထင္ေနပုံရတဲ့ ဘီဆူးမားရဲ႕ ေဘာလုံးေလွ်ာက္လိမ္တဲ့ ႐ူးမိုက္မႈကေန ႐ိုဒရီက ျပန္လုယူသြားၿပီး ညာေတာင္ပံကို ခင္းေပးခဲ့တဲ့ ေဘာလုံးကို ဟားလန္းက ဂိုးေရွ႕ျဖတ္ပို႔ရာမွာ ဂရီးလစ္ရွ္က အပိုင္ပိတ္သြင္းယူႏိုင္ခဲ့တာပါ။

ဒါေပမယ့္ မန္စီးတီးတို႔ဘက္က ကံက ရွိမေနခဲ့ဘဲ ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ စပါးစ္တို႔ သေရဂိုး ျပန္သြင္းႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ဂြၽန္ဆန္က ေတာင္ပံကေန ျဖတ္တင္ေပးခဲ့ရာမွာ လူစားဝင္ေနာက္ခံလူ အာေကရဲ႕ ညံ့ဖ်င္းမႈေၾကာင့္ ပါဝါေကာင္းတဲ့ ကူလူရွက္ဗ္စကီးက ခပ္ျမင့္ျမင့္ ခုန္ဝင္ၿပီး ေခါင္းတိုက္သြင္းခြင့္ရသြားခဲ့လို႔ ဘာမွ မလုပ္တတ္တဲ့ အီဒါဆန္ လက္ေတာင္ မေျမႇာက္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဒိုင္လူႀကီး ဆိုင္မြန္ ဟူးပါးရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ မန္စီးတီးတို႔ ေဒါသထြက္ခဲ့ရသလို အရွက္နည္းတဲ့ အာကန္ဂ်ီရဲ႕ ဧရိယာထဲ ဒိုက္ဗင္ထိုးမႈကလည္း ပင္နယ္တီ မရခဲ့တာေၾကာင့္ အစ္တီဟတ္မွာ အိမ္ရွင္ေတြ သေရသာရခဲ့ၿပီး ထိပ္ဆုံးက အာဆင္နယ္နဲ႔ သုံးမွတ္ ကြာသြားခဲ့ခ်ိန္မွာ စပါးစ္တို႔ကေတာ့ ေလးပြဲဆက္ရႈံးမယ့္ အျဖစ္ဆိုးကို ေရွာင္လႊဲႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.