Premier League

ဂိုးပေးခဲ့ရတဲ့ ဇင်ချန်ကိုရဲ့အမှားကို တုံ့ပြန်ခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့က ဝုလ်ဗ်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေးခဲ့ရတဲ့ အမှားကို ကျူးလွန်ခဲ့တဲ့ ဇင်ချန်ကိုကို တုံ့ပြန်ခဲ့ပါတယ်။

ဘူကာယို ဆာကာ၊ မာတင် အော်ဒီဂွါဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ဂန်းနားတွေဟာ အမ်းမရိတ်စ်မှာ ဝုလ်ဗ်စ်ကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပေမယ့်လည်း ၈၆ မိနစ်မှာ ဇင်ချန်ကိုရဲ့ အမှားကနေတဆင့် ကွန်ညာက ချေပဂိုး ပြန်သွင်းသွားတာကြောင့် စိတ်လှုပ်ရှားစရာ ပွဲကစားချိန်နောက်ဆုံးမိနစ်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

နယ်ဆင် ဆီမီဒိုက ယူကရိန်းနောက်ခံလူရဲ့ ခြေထောက်ထဲက ဘောလုံးကို လုကန်ခဲ့ပြီး မားသီးယပ်စ် ကွန်ညာက ရလာတဲ့ဘောလုံးကို ဘယ်ခြေနဲ့ ဂိုးဘယ်ဖက်အပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အာတီတာက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ဇင်ချန်ကိုရဲ့ အမှားကို ကာကွယ်ပြောဆိုခဲ့ပြီး ၎င်းရဲ့အသင်းအနေနဲ့ ယူကရိန်းနောက်ခံလူရဲ့ အမှားဆီကနေ လေ့လာသင်ယူစေချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ ဘယ်လိုကစားခဲ့လဲဆိုတာကို ကြည့်ပြီး ခင်ဗျား သူ့ကို ချစ်မြတ်နိုးရမှာပါ။ သူ့မှာ အားသာချက်တွေရှိတယ်။ အားနည်းချက်တွေရှိတယ်။ အဲလက်စ်မှာ အားသာချက်တွေက ပိုပြီးတော့ အများကြီးရှိပါတယ်။ ဒါမျိုးက ဖြစ်တတ်တယ်။ ဘယ်ကစားသမားမျိုးမဆို ဖြစ်နိုင်တယ်။ ကျွန်တော်တို့ အဲဒီကနေ သင်ယူရမယ်။ အထူးသဖြင့် ရှေ့တုန်းက ပြောခဲ့တဲ့ စကားထဲက အရာတွေပြီးရင် အဲဒီလို နေရာတွေမှာ ကစားလို့ လုံးဝမရပါဘူး။ ဒါပါပဲ။ ကျွန်တော်တို့ ပိုကောင်းမွန်လာပါလိမ့်မယ်။”လို့ ပြောကြားခဲ့တာစြဖ်ပါတယ်။

အာဆင်နယ်ဟာ ဝုလ်ဗ်စ်ကို အနိုင်ရရှိခဲ့တာကြောင့် လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဖယား ထိပ်ဆုံးမှာ ၄ မှတ်အသာနဲ့ ဦးဆောင်နေပြီး မန်စီးတီးနဲ့ စပါးစ်တို့ ဒီနေ့ကစားမယ့် ပွဲစဉ်မှာ ဂွါဒီယိုလာရဲ့အသင်းက အနိုင်ရခဲ့မယ်ဆိုရင်တော့ ဂန်းနားတွေနဲ့ ၁ မှတ်အကွာကို ပြန်လည်တက်လှမ်းလာနိုင်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ စေနေန႔က ဝုလ္ဗ္စ္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဂိုးေပးခဲ့ရတဲ့ အမွားကို က်ဴးလြန္ခဲ့တဲ့ ဇင္ခ်န္ကိုကို တုံ႔ျပန္ခဲ့ပါတယ္။

ဘူကာယို ဆာကာ၊ မာတင္ ေအာ္ဒီဂြါဒ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ဂန္းနားေတြဟာ အမ္းမရိတ္စ္မွာ ဝုလ္ဗ္စ္ကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း ၈၆ မိနစ္မွာ ဇင္ခ်န္ကိုရဲ႕ အမွားကေနတဆင့္ ကြန္ညာက ေခ်ပဂိုး ျပန္သြင္းသြားတာေၾကာင့္ စိတ္လႈပ္ရွားစရာ ပြဲကစားခ်ိန္ေနာက္ဆုံးမိနစ္ေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

နယ္ဆင္ ဆီမီဒိုက ယူကရိန္းေနာက္ခံလူရဲ႕ ေျခေထာက္ထဲက ေဘာလုံးကို လုကန္ခဲ့ၿပီး မားသီးယပ္စ္ ကြန္ညာက ရလာတဲ့ေဘာလုံးကို ဘယ္ေျခနဲ႔ ဂိုးဘယ္ဖက္အေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။ အာတီတာက ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ ဇင္ခ်န္ကိုရဲ႕ အမွားကို ကာကြယ္ေျပာဆိုခဲ့ၿပီး ၎ရဲ႕အသင္းအေနနဲ႔ ယူကရိန္းေနာက္ခံလူရဲ႕ အမွားဆီကေန ေလ့လာသင္ယူေစခ်င္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူ ဘယ္လိုကစားခဲ့လဲဆိုတာကို ၾကည့္ၿပီး ခင္ဗ်ား သူ႔ကို ခ်စ္ျမတ္ႏိုးရမွာပါ။ သူ႔မွာ အားသာခ်က္ေတြရွိတယ္။ အားနည္းခ်က္ေတြရွိတယ္။ အဲလက္စ္မွာ အားသာခ်က္ေတြက ပိုၿပီးေတာ့ အမ်ားႀကီးရွိပါတယ္။ ဒါမ်ိဳးက ျဖစ္တတ္တယ္။ ဘယ္ကစားသမားမ်ိဳးမဆို ျဖစ္ႏိုင္တယ္။ ကြၽန္ေတာ္တို႔ အဲဒီကေန သင္ယူရမယ္။ အထူးသျဖင့္ ေရွ႕တုန္းက ေျပာခဲ့တဲ့ စကားထဲက အရာေတြၿပီးရင္ အဲဒီလို ေနရာေတြမွာ ကစားလို႔ လုံးဝမရပါဘူး။ ဒါပါပဲ။ ကြၽန္ေတာ္တို႔ ပိုေကာင္းမြန္လာပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့တာျစဖ္ပါတယ္။

အာဆင္နယ္ဟာ ဝုလ္ဗ္စ္ကို အႏိုင္ရရွိခဲ့တာေၾကာင့္ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဖယား ထိပ္ဆုံးမွာ ၄ မွတ္အသာနဲ႔ ဦးေဆာင္ေနၿပီး မန္စီးတီးနဲ႔ စပါးစ္တို႔ ဒီေန႔ကစားမယ့္ ပြဲစဥ္မွာ ဂြါဒီယိုလာရဲ႕အသင္းက အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ ဂန္းနားေတြနဲ႔ ၁ မွတ္အကြာကို ျပန္လည္တက္လွမ္းလာႏိုင္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.