Premier League

နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် သရဲနီကြယ်ပွင့် ၂ ဦးကို ပြစ်တင်ကြိမ်းမောင်းခဲ့တဲ့ စခိုး

ပေါလ် စခိုးဟာ စနေနေ့ညက နယူးကာဆယ် ယူနိုက်တက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တွေဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဆိုးရွားတဲ့စွမ်းဆောင်ရည်သာ ပြသနိုင်ခဲ့တာကြောင့် ၆၁ မိနစ်မှာ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီး ပေါလ် စခိုးက ဘရူနို ဖာနန်ဒက်စ်ကို မှားယွင်းတဲ့နေရာတွေကို ချိုးဝင်ပြီး ကစားကွက်ကို ကမောက်ကမဖြစ်စေခဲ့တဲ့အတွက် ပြစ်တင်ကြိမ်းမောင်းခဲ့သလို အဲဒီအတွက် တန်ဟက်ကိုလည်း အပြစ်တင်ရမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ယူနိုက်တက်ဟာ လုံးဝကို အသာစီးရယူထားနိုင်ခဲ့တာကြောင့် ဒီဂိုးရလဒ်လောက်နဲ့ ပွဲပြီးဆုံးသွားခဲ့တာ မန်ချက်စတာယူနိုက်တက်အတွက် အဆိုးထဲက အကောင်းဖြစ်ခဲ့ပြီး ငှက်ကျားတွေဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားမှာ သရဲနီတွေကို ဖြတ်ကျော်ပြီး အဆင့် ၅ နေရာကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးက ရက်ရှ်ဖို့ဒ်ရဲ့ လူစားလဲခံခဲ့ရမှုကို ကြောင်တောင်တောင်လုပ်နေတဲ့အပေါ်မှာ ဒေါသထွက်ခဲ့ပြီး “သူ ဘာတွေ အံ့အားသင့်ပြနေတာလဲ။ ကျွန်တော် နားမလည်ဘူး။ သူ ကွင်းထဲမှာ ရှိနေသင့်သေးတယ်လို့များ သူ တွေးနေတာလား။ သူက အသင်းကို အကောင်းထက် အဆိုးပဲ ဖြစ်စေခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က မားကပ်စ်က အရမ်းကောင်းမွန်ခဲ့ပြီး သူ့မှာ အရည်အချင်းရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမယ့် ခင်ဗျား ဒီလိုမျိုး နောက်ပြန် လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ သူ လူစားလဲခံရပြီး ဒီလိုမျိုး ပြုမူခဲ့တာက အသင်းအတွက် ကောင်းတဲ့အရာမဟုတ်ဘူးလို့ ထင်တယ်။ သူက အခုဆိုရင် အတွေ့အကြုံအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေပါပြီ။ သူက ကျန်တဲ့သူတွေ နမူနာယူရမယ့်ကစားသမားဖြစ်နေပါပြီ။ မိန်းနိုးက သူ့ကို အတုယူနေမှာပါ။ ဂါနာချိုကလည်း သူ့ကို အတုယူနေမှာပါ”

“ဘရူနိုကတော့ နောက်ထပ်ပြောရမယ့်တစ်ယောက်ပေါ့။ ဒီမှာကြည့် သူ့မှာ ထူးခြားတဲ့အရည်အချင်းတွေရှိတယ်။ သူ ဂိုးသွင်းနိုင်တယ်။ ဂိုးတွေ ဖန်တီးနိုင်တယ်။ ဒါပေမယ့် ပွဲမတိုင်ခင် အဝတ်လဲခန်းထဲမှာ နည်းပြက သူ့ကို ဘာလုပ်ဖို့ တောင်းဆိုလဲဆိုတာကို သိရအောင် ကျွန်တော် အဲဒီမှာရှိနေချင်တယ်။ သူ့ကို ဘယ်နေရာမှာ ကစားဖို့ ပြောထားတာလဲ။ ခင်ဗျားက ကွင်းထဲက ဘယ်နေရာမှာ ရှိနေရမှာလဲ။ သူ့ကို ကျွန်တော် ကျောနံပါတ် ၁၀ အနေနဲ့ပဲ မြင်တယ်။ အဲဒါက သူ့ရဲ့အကောင်းဆုံးနေရာပဲ။ သူ ဘောလုံးပေးပို့နိုင်ပြီး ဂိုးလည်း ရနိုင်တယ်။ ဒီည သူ ဘယ်နေရာရောက်နေခဲ့တာလဲ။ သူ ဘယ်တုန်းကမှ အဲဒီနေရာမှာ မကစားခဲ့ဖူးဘူး။ သူ့ကို ဘယ်တောင်ပံ၊ ညာတောင်ပံမှာ တွေ့တယ်။ တစ်ခါတလေကျ သူက မန်ယူနိုက်တက်ကစားသမားတွေရဲ့ နောက်ဆုံးကို ရောက်နေတယ်။ ဒါက အသင်းအတွက် ကောင်းမယ်လို့ မထင်ပါဘူး။ အဲဒါက ကစားကွက်ကိုကမောက်ကမဖြစ်စေပြီး ကစားပုံကိုလည်း ရှုပ်ထွေးစေပါတယ်။ ကျွန်တော်တို့ မသိဘူး။ နည်းပြက သူ့ကို ဒီလိုလုပ်ဆိုပြီးများ ပြောထားသလားပဲ။ ဒါပေမယ့် ကြည့်ရတာက သူ ကွင်းထဲမှာ လုပ်ချင်တာ လုပ်နေတဲ့ပုံ ပိုပေါ်ပါတယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပါလ္ စခိုးဟာ စေနေန႔ညက နယူးကာဆယ္ ယူႏိုက္တက္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ေတြျဖစ္တဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္သာ ျပသႏိုင္ခဲ့တာေၾကာင့္ ၆၁ မိနစ္မွာ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီး ေပါလ္ စခိုးက ဘ႐ူႏို ဖာနန္ဒက္စ္ကို မွားယြင္းတဲ့ေနရာေတြကို ခ်ိဳးဝင္ၿပီး ကစားကြက္ကို ကေမာက္ကမျဖစ္ေစခဲ့တဲ့အတြက္ ျပစ္တင္ႀကိမ္းေမာင္းခဲ့သလို အဲဒီအတြက္ တန္ဟက္ကိုလည္း အျပစ္တင္ရမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ယူႏိုက္တက္ဟာ လုံးဝကို အသာစီးရယူထားႏိုင္ခဲ့တာေၾကာင့္ ဒီဂိုးရလဒ္ေလာက္နဲ႔ ပြဲၿပီးဆုံးသြားခဲ့တာ မန္ခ်က္စတာယူႏိုက္တက္အတြက္ အဆိုးထဲက အေကာင္းျဖစ္ခဲ့ၿပီး ငွက္က်ားေတြဟာ ဒီႏိုင္ပြဲေၾကာင့္ အမွတ္ေပးဇယားမွာ သရဲနီေတြကို ျဖတ္ေက်ာ္ၿပီး အဆင့္ ၅ ေနရာကို တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ေပါလ္ စခိုးက ရက္ရွ္ဖို႔ဒ္ရဲ႕ လူစားလဲခံခဲ့ရမႈကို ေၾကာင္ေတာင္ေတာင္လုပ္ေနတဲ့အေပၚမွာ ေဒါသထြက္ခဲ့ၿပီး “သူ ဘာေတြ အံ့အားသင့္ျပေနတာလဲ။ ကြၽန္ေတာ္ နားမလည္ဘူး။ သူ ကြင္းထဲမွာ ရွိေနသင့္ေသးတယ္လို႔မ်ား သူ ေတြးေနတာလား။ သူက အသင္းကို အေကာင္းထက္ အဆိုးပဲ ျဖစ္ေစခဲ့တယ္။ ၿပီးခဲ့တဲ့ႏွစ္က မားကပ္စ္က အရမ္းေကာင္းမြန္ခဲ့ၿပီး သူ႔မွာ အရည္အခ်င္းရွိပါတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး သံသယျဖစ္စရာမရွိပါဘူး။ ဒါေပမယ့္ ခင္ဗ်ား ဒီလိုမ်ိဳး ေနာက္ျပန္ လမ္းေလွ်ာက္ဖို႔ ဆုံးျဖတ္လိုက္တဲ့အခါမွာ သူ လူစားလဲခံရၿပီး ဒီလိုမ်ိဳး ျပဳမူခဲ့တာက အသင္းအတြက္ ေကာင္းတဲ့အရာမဟုတ္ဘူးလို႔ ထင္တယ္။ သူက အခုဆိုရင္ အေတြ႕အႀကဳံအရွိဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေနပါၿပီ။ သူက က်န္တဲ့သူေတြ နမူနာယူရမယ့္ကစားသမားျဖစ္ေနပါၿပီ။ မိန္းႏိုးက သူ႔ကို အတုယူေနမွာပါ။ ဂါနာခ်ိဳကလည္း သူ႔ကို အတုယူေနမွာပါ”

“ဘ႐ူႏိုကေတာ့ ေနာက္ထပ္ေျပာရမယ့္တစ္ေယာက္ေပါ့။ ဒီမွာၾကည့္ သူ႔မွာ ထူးျခားတဲ့အရည္အခ်င္းေတြရွိတယ္။ သူ ဂိုးသြင္းႏိုင္တယ္။ ဂိုးေတြ ဖန္တီးႏိုင္တယ္။ ဒါေပမယ့္ ပြဲမတိုင္ခင္ အဝတ္လဲခန္းထဲမွာ နည္းျပက သူ႔ကို ဘာလုပ္ဖို႔ ေတာင္းဆိုလဲဆိုတာကို သိရေအာင္ ကြၽန္ေတာ္ အဲဒီမွာရွိေနခ်င္တယ္။ သူ႔ကို ဘယ္ေနရာမွာ ကစားဖို႔ ေျပာထားတာလဲ။ ခင္ဗ်ားက ကြင္းထဲက ဘယ္ေနရာမွာ ရွိေနရမွာလဲ။ သူ႔ကို ကြၽန္ေတာ္ ေက်ာနံပါတ္ ၁၀ အေနနဲ႔ပဲ ျမင္တယ္။ အဲဒါက သူ႔ရဲ႕အေကာင္းဆုံးေနရာပဲ။ သူ ေဘာလုံးေပးပို႔ႏိုင္ၿပီး ဂိုးလည္း ရႏိုင္တယ္။ ဒီည သူ ဘယ္ေနရာေရာက္ေနခဲ့တာလဲ။ သူ ဘယ္တုန္းကမွ အဲဒီေနရာမွာ မကစားခဲ့ဖူးဘူး။ သူ႔ကို ဘယ္ေတာင္ပံ၊ ညာေတာင္ပံမွာ ေတြ႕တယ္။ တစ္ခါတေလက် သူက မန္ယူႏိုက္တက္ကစားသမားေတြရဲ႕ ေနာက္ဆုံးကို ေရာက္ေနတယ္။ ဒါက အသင္းအတြက္ ေကာင္းမယ္လို႔ မထင္ပါဘူး။ အဲဒါက ကစားကြက္ကိုကေမာက္ကမျဖစ္ေစၿပီး ကစားပုံကိုလည္း ရႈပ္ေထြးေစပါတယ္။ ကြၽန္ေတာ္တို႔ မသိဘူး။ နည္းျပက သူ႔ကို ဒီလိုလုပ္ဆိုၿပီးမ်ား ေျပာထားသလားပဲ။ ဒါေပမယ့္ ၾကည့္ရတာက သူ ကြင္းထဲမွာ လုပ္ခ်င္တာ လုပ္ေနတဲ့ပုံ ပိုေပၚပါတယ္။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.