International

ယူရို ၂၀၂၄ မဲခွဲပွဲကို ကြားဝင်နှောင့်ယှက်ခဲ့တဲ့ သိုင်းလောကရဲ့စိန်ခေါ်သံများ

ယူရို ၂၀၂၄ မဲခွဲပွဲဟာ စပီကာကနေ အပြာကားထဲက ဆူညံသံတွေရဲ့ ကြားဝင်နှောင့်ယှက်ခြင်းကို ခံခဲ့ရပြီး ဂျာမနီမှာ လာမယ့်နွေရာသီကျင်းပမယ့် ပြိုင်ပွဲမတိုင်ခင် တိုက်ရိုက်မဲခွဲပွဲကို ကမ္ဘာပေါ်က လူသန်းပေါင်းများစွာက တိုက်ရိုက်ကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။

မဲခွဲခဲ့ပြီးနောက် အိမ်ရှင်ဂျာမနီနဲ့အတူ စကော့တလန်၊ ဟန်ဂေရီနဲ့ ဆွစ်ဇာလန်တို့ အတူတူ အုပ်စု Aမှာ ကျရောက်ခဲ့ပြီးနောက် Elbphilharmonie Hamburg ခန်းမထဲမှာ အပြာကားထဲက ဆူညံသံတွေကို ကြားခဲ့ရတာဖြစ်ပါတယ်။

မဲခွဲမှုကို ဆောင်ရွက်ပေးခဲ့တဲ့ ယူအီးအက်ဖ်အေရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဂျော်ဂျီယို မာချက်တီက “ဒီမှာ ဆူညံသံအချို့ ရှိခဲ့ပြီး အခုတော့ ရပ်သွားပါပြီ။ ဘာဆူညံသံမှ မကြားရတော့ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရီယန် လောက်ဒ်ရပ်က မဲအိုးထဲကနေ အီတလီကို ဆွဲထုတ်လိုက်တဲ့အချိန်မှာတော့ အမျိုးသမီးတစ်ယောက် ညည်းတွားသံက ပြန်လည်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အဲဒီဆူညံသံဟာ မဲခွဲပွဲ ပြီးခါနီးအချိန်အထိ ဆက်လက်ထွက်ပေါ်နေပေမယ့် မဲခွဲပွဲကို ဆက်လက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ယူရို ၂၀၂၄ မဲခွဲပွဲရလဒ်အပြည့်အစုံ

အုပ်စု A- ဂျာမနီ၊ စကော့တလန်၊ ဟန်ဂေရီ၊ ဆွစ်ဇာလန်

အုပ်စု B- စပိန်၊ ခရိုအေးရှား၊ အီတလီ၊ အယ်လ်ဘေးနီးယား

အုပ်စု C-ဆလိုဗေးနီးယား၊ ဒိန်းမတ်၊ ဆားဘီးယား၊ အင်္ဂလန်

အုပ်စု D- ပလေးအော့ဖ် အနိုင်ရသူ၊ နယ်သာလန်၊ ဩစတြီးယား၊ ပြင်သစ်

အုပ်စု E- ဘယ်လ်ဂျီယမ်၊ ဆလိုဗက်ကီးယား၊ ရိုမေးနီးယား၊ ပလေးအော့ဖ် အနိုင်ရသူ

အုပ်စု F- တူရကီ၊ ပလေးအော့ဖ်အနိုင်ရသူ၊ ပေါ်တူဂီ၊ ချက်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ို ၂၀၂၄ မဲခြဲပြဲဟာ စပီကာကေန အျပာကားထဲက ဆူညံသံေတြရဲ႕ ၾကားဝင္ေႏွာင့္ယွက္ျခင္းကို ခံခဲ့ရၿပီး ဂ်ာမနီမွာ လာမယ့္ေႏြရာသီက်င္းပမယ့္ ၿပိဳင္ပြဲမတိုင္ခင္ တိုက္႐ိုက္မဲခြဲပြဲကို ကမာၻေပၚက လူသန္းေပါင္းမ်ားစြာက တိုက္႐ိုက္ၾကည့္ရႈခဲ့ၾကတာျဖစ္ပါတယ္။

မဲခြဲခဲ့ၿပီးေနာက္ အိမ္ရွင္ဂ်ာမနီနဲ႔အတူ စေကာ့တလန္၊ ဟန္ေဂရီနဲ႔ ဆြစ္ဇာလန္တို႔ အတူတူ အုပ္စု Aမွာ က်ေရာက္ခဲ့ၿပီးေနာက္ Elbphilharmonie Hamburg ခန္းမထဲမွာ အျပာကားထဲက ဆူညံသံေတြကို ၾကားခဲ့ရတာျဖစ္ပါတယ္။

မဲခြဲမႈကို ေဆာင္႐ြက္ေပးခဲ့တဲ့ ယူအီးအက္ဖ္ေအရဲ႕ လက္ေထာက္အေထြေထြအတြင္းေရးမႉး ေဂ်ာ္ဂ်ီယို မာခ်က္တီက “ဒီမွာ ဆူညံသံအခ်ိဳ႕ ရွိခဲ့ၿပီး အခုေတာ့ ရပ္သြားပါၿပီ။ ဘာဆူညံသံမွ မၾကားရေတာ့ပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရီယန္ ေလာက္ဒ္ရပ္က မဲအိုးထဲကေန အီတလီကို ဆြဲထုတ္လိုက္တဲ့အခ်ိန္မွာေတာ့ အမ်ိဳးသမီးတစ္ေယာက္ ညည္းတြားသံက ျပန္လည္ထြက္ေပၚလာခဲ့တာျဖစ္ၿပီး အဲဒီဆူညံသံဟာ မဲခြဲပြဲ ၿပီးခါနီးအခ်ိန္အထိ ဆက္လက္ထြက္ေပၚေနေပမယ့္ မဲခြဲပြဲကို ဆက္လက္ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ယူ႐ို ၂၀၂၄ မဲခြဲပြဲရလဒ္အျပည့္အစုံ

အုပ္စု A- ဂ်ာမနီ၊ စေကာ့တလန္၊ ဟန္ေဂရီ၊ ဆြစ္ဇာလန္

အုပ္စု B- စပိန္၊ ခ႐ိုေအးရွား၊ အီတလီ၊ အယ္လ္ေဘးနီးယား

အုပ္စု C-ဆလိုေဗးနီးယား၊ ဒိန္းမတ္၊ ဆားဘီးယား၊ အဂၤလန္

အုပ္စု D- ပေလးေအာ့ဖ္ အႏိုင္ရသူ၊ နယ္သာလန္၊ ဩစႀတီးယား၊ ျပင္သစ္

အုပ္စု E- ဘယ္လ္ဂ်ီယမ္၊ ဆလိုဗက္ကီးယား၊ ႐ိုေမးနီးယား၊ ပေလးေအာ့ဖ္ အႏိုင္ရသူ

အုပ္စု F- တူရကီ၊ ပေလးေအာ့ဖ္အႏိုင္ရသူ၊ ေပၚတူဂီ၊ ခ်က္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.