International La Liga

မက်ဆီနဲ့ ပြဿနာတက်ခဲ့လို့ လူမှုကွန်ရက်ပေါ်မှာ လူမျိုးရေးခွဲခြားခံနေရတဲ့ ရိုဒရီဂို

ဘရာဇီးလ်တိုက်စစ်မှူး ရိုဒရီဂိုက အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အချင်းများခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ လူမျိုးရေးခွဲခြားမှုတွေ ခံနေရတယ်လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီနဲ့ ရိုဒရီဂိုတို့ဟာ ရဲတပ်ဖွဲ့နဲ့ အာဂျင်တီးနားပရိသတ်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် မိနစ် ၃၀ ပွဲကစားချိန် ရွှေ့ဆိုင်းခဲ့ရတဲ့ မာရာကာနာကွင်းက ပွဲစဉ်မတိုင်ခင် ကွင်းထဲမှာ စကားများခဲ့ကြတာ ဖြစ်ပါတယ်။ ရိုဒရီဂိုက ပွဲမတိုင်ခင် ပွဲကြည့်စင်ပေါ်က ရုန်းရင်းဆန်ခတ်မှုတွေကြောင့် အာဂျင်တီးနားအသင်းသားတွေကို အဝတ်လဲခန်းထဲကို ပြန်ကြဖို့ ဦးဆောင်ခဲ့တဲ့ မက်ဆီနဲ့ ဒီပေါလ်တို့ကို ငကြောက်တွေလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ပြောဆိုမှုက လီယွန်နယ် မက်ဆီကို ဒေါသထွက်စေခဲ့ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင်က သူတို့ဟာ ငကြောက်မဟုတ်ဘဲ ကမ္ဘာ့ချန်ပီယံတွေဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ချိန်မှာ ရိုဒရီဂိုက အာဂျင်တီးနားတို့ ကမ္ဘာ့ဖလား ဘယ်လိုရခဲ့တာလဲဆိုတာ အားလုံးသိတယ်လို့ ထပ်မံ ပြောဆိုခဲ့တဲ့အတွက် ပြဿနာက ပိုရှုပ်ကုန်တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်အပြီးမှာ ရိုဒရီဂိုက လူမှုကွန်ရက်ပေါ်မှာ မျောက်ရုပ်နဲ့ ငှက်ပျောသီး အီမိုဂျီ မက်ဆေ့ပို့တာတွေ အများအပြား လက်ခံရရှိခဲ့တယ်လို့ အင်စတာဂရမ် လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

“ကျွန်တော့် လူမှုကွန်ရက်တွေဟာ စော်ကားတိုက်ခိုက်မှုတွေရဲ့ ကျူးကျော်မှုကို ခံခဲ့ရတယ်။ ကျွန်တော်တို့ သူတို့ လုပ်စေချင်တာကို မလုပ်ရင်၊ ကျွန်တော်တို့ လုပ်သင့်တယ်လို့ သူတို့ထင်တာကို မလုပ်ခဲ့ရင်၊ သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် တစ်ခုခုကို ဝတ်ဆင်ခဲ့ရင်၊ သူတို့ ကျွန်တော်တို့ကို တိုက်ခိုက်တဲ့အခါမှာ ခေါင်းငုံ့မခံဘူးဆိုရင်၊ သူတို့တွေပဲ ရှိနေသင့်တယ်လို့ ထင်တဲ့နေရာတွေမှာ ကျွန်တော်တို့ နေရာယူခဲ့ရင် လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ကြလိမ့်မယ်။ လူမျိုးရေးခွဲခြားသူတွေက အမြဲတမ်း အဆင်သင့်ဖြစ်နေတယ်။ သူတို့အတွက် ကံဆိုးတာပဲ။ ကျွန်တော်တို့ကတော့ ရပ်တန့်သွားမှာမဟုတ်ဘူး”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရာဇီးလ္တိုက္စစ္မႉး ႐ိုဒရီဂိုက အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲမွာ အခ်င္းမ်ားခဲ့ၿပီးေနာက္ လူမႈကြန္ရက္ေပၚမွာ လူမ်ိဳးေရးခြဲျခားမႈေတြ ခံေနရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မက္ဆီနဲ႔ ႐ိုဒရီဂိုတို႔ဟာ ရဲတပ္ဖြဲ႕နဲ႔ အာဂ်င္တီးနားပရိသတ္ေတြၾကား ႐ုန္းရင္းဆန္ခတ္ျဖစ္မႈေၾကာင့္ မိနစ္ ၃၀ ပြဲကစားခ်ိန္ ေ႐ႊ႕ဆိုင္းခဲ့ရတဲ့ မာရာကာနာကြင္းက ပြဲစဥ္မတိုင္ခင္ ကြင္းထဲမွာ စကားမ်ားခဲ့ၾကတာ ျဖစ္ပါတယ္။ ႐ိုဒရီဂိုက ပြဲမတိုင္ခင္ ပြဲၾကည့္စင္ေပၚက ႐ုန္းရင္းဆန္ခတ္မႈေတြေၾကာင့္ အာဂ်င္တီးနားအသင္းသားေတြကို အဝတ္လဲခန္းထဲကို ျပန္ၾကဖို႔ ဦးေဆာင္ခဲ့တဲ့ မက္ဆီနဲ႔ ဒီေပါလ္တို႔ကို ငေၾကာက္ေတြလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ ေျပာဆိုမႈက လီယြန္နယ္ မက္ဆီကို ေဒါသထြက္ေစခဲ့ၿပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္က သူတို႔ဟာ ငေၾကာက္မဟုတ္ဘဲ ကမာၻ႔ခ်န္ပီယံေတြျဖစ္တယ္လို႔ ျပန္လည္တုံ႔ျပန္ခဲ့ခ်ိန္မွာ ႐ိုဒရီဂိုက အာဂ်င္တီးနားတို႔ ကမာၻ႔ဖလား ဘယ္လိုရခဲ့တာလဲဆိုတာ အားလုံးသိတယ္လို႔ ထပ္မံ ေျပာဆိုခဲ့တဲ့အတြက္ ျပႆနာက ပိုရႈပ္ကုန္တာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္အၿပီးမွာ ႐ိုဒရီဂိုက လူမႈကြန္ရက္ေပၚမွာ ေမ်ာက္႐ုပ္နဲ႔ ငွက္ေပ်ာသီး အီမိုဂ်ီ မက္ေဆ့ပို႔တာေတြ အမ်ားအျပား လက္ခံရရွိခဲ့တယ္လို႔ အင္စတာဂရမ္ လူမႈကြန္ရက္ေပၚမွာ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ့္ လူမႈကြန္ရက္ေတြဟာ ေစာ္ကားတိုက္ခိုက္မႈေတြရဲ႕ က်ဴးေက်ာ္မႈကို ခံခဲ့ရတယ္။ ကြၽန္ေတာ္တို႔ သူတို႔ လုပ္ေစခ်င္တာကို မလုပ္ရင္၊ ကြၽန္ေတာ္တို႔ လုပ္သင့္တယ္လို႔ သူတို႔ထင္တာကို မလုပ္ခဲ့ရင္၊ သူတို႔ကို စိတ္အေႏွာင့္အယွက္ျဖစ္ေစမယ့္ တစ္ခုခုကို ဝတ္ဆင္ခဲ့ရင္၊ သူတို႔ ကြၽန္ေတာ္တို႔ကို တိုက္ခိုက္တဲ့အခါမွာ ေခါင္းငုံ႔မခံဘူးဆိုရင္၊ သူတို႔ေတြပဲ ရွိေနသင့္တယ္လို႔ ထင္တဲ့ေနရာေတြမွာ ကြၽန္ေတာ္တို႔ ေနရာယူခဲ့ရင္ လူမ်ိဳးေရးခြဲျခားမႈေတြ ျပဳလုပ္ၾကလိမ့္မယ္။ လူမ်ိဳးေရးခြဲျခားသူေတြက အၿမဲတမ္း အဆင္သင့္ျဖစ္ေနတယ္။ သူတို႔အတြက္ ကံဆိုးတာပဲ။ ကြၽန္ေတာ္တို႔ကေတာ့ ရပ္တန႔္သြားမွာမဟုတ္ဘူး”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.