Match Report Premier League

စိန့်ဂျိမ်းစ်ပါ့ခ်မှာ တစ်လုံးတည်းနဲ့ ဂွေလိမ်အောင် ထုလိုက်ပြန်တဲ့ ငှက်ကျားများ

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ လာဆဲလ်စ်၊ ရှား၊ ထရစ်ပီယာနဲ့ လီဗရာမင်တိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ မိုင်လီနဲ့ ဂျိုလင်တန်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် မန်ယူတို့ကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လုခ် ရှော၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ မိုင်နူးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ မာစီယယ်လ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

မန်ယူတို့အနေနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ လူမစုံတာချင်းအတူတူ နယူးကာဆယ်လ်တို့ကို ယှဉ်ကစားဖို့ မဖြစ်နိုင်ခဲ့ဘဲ ကွင်းလယ်ထိန်းချုပ်နိုင်မှုအပိုင်းမှာ တန်ဟတ်ရဲ့ အဖြစ်မရှိမှုကိုပဲ မြင်ခဲ့ရသလို ပထမပိုင်းမှာ ဂိုးပေါက်ကန်သွင်းခွင့်ချင်းက တော်တော်လေး ကွာခြားနေခဲ့ပြီး ကောင်တာကိုပဲ အားပြုခဲ့ရပေမယ့် ဂိုးသမား အိုနာနာ အမှားအယွင်း မရှိခဲ့တာကြောင့် ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်ယူတို့ ကစားပုံက ပိုချာလာခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ ဂိုးသွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ထရစ်ပီယာက ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ အယ်လ်မီရွန် ပိတ်သွင်းဖို့ မမီလိုက်ပေမယ့် ဘယ်တောင်ပံက ပြေးဝင်လာခဲ့တဲ့ ဂေါ်ဒန်က အနီးကပ် အပိုင်ကန်သွင်းပြီး အိုနာနာကို ကြေကွဲစေခဲ့တာပါ။

ဒီနောက်မှာ မန်ယူတို့ဘက်က မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်၊ ဝန်ဘစ်ဆာကာနဲ့ မိုင်နူးတို့အစား ဟွိုင်လန်း၊ အန်တိုနီ၊ ရက်ဂီလွန်နဲ့ အမ်မရာဘတ်တို့ကို လဲကစားခဲ့ပြီး နယူးကာဆယ်လ်တို့ဘက်ကတော့ အရန်ခုံမှာ လူလဲစရာ ရှားပါးရတဲ့ကြားထဲ ဂိုးသမား နစ်ခ် ပုပ် နာသွားခဲ့လို့ ဒူဘရက်ဗ်ကာကို ထည့်သွင်းခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာ ရက်ဂီလွန်ရဲ့ ဖြတ်တင်ဘောကနေ အန်တိုနီက ကန်သွင်းပြီး လူစားဝင် ကစားသမားတွေရဲ့ ချေပဂိုးဖြစ်ဖို့ နီးစပ်ခဲ့သေးပေမယ့် ရှေ့တက်ပြီး ယောင်နေတဲ့ ခေါင်းကြီး မက်ဂွိုင်းယားက လူကျွံအနေအထားကနေ ရင်ဘတ်နဲ့ ရှပ်ထိပြီး ကာကွယ်ပေးခဲ့လို့ မန်ယူတို့ ကြေကွဲခဲ့ရသလို နယူးကာဆယ်လ်တို့ကတော့ ကံကောင်းသွားခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့က မန်ယူတို့ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဂိုးသွင်းဆက်နေတဲ့ ဂေါ်ဒန်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပြီး အဆင့် ၅ နေရာအထိ တက်လှမ်းသွားနိုင်ခဲ့ကြသလို ဥရောပဝင်ခွင့် လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာခဲ့ကြချိန်မှာ တန်ဟတ်ရဲ့ အဖျားရှူးခဲ့တဲ့ သရဲနီတို့ကတော့ အဆင့် ၇ နေရာကို ကျဆင်းသွားခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ လာဆဲလ္စ္၊ ရွား၊ ထရစ္ပီယာနဲ႔ လီဗရာမင္တိုတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ မိုင္လီနဲ႔ ဂ်ိဳလင္တန္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ မန္ယူတို႔ကေတာ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ လုခ္ ေရွာ၊ ဝန္ဘစ္ဆာကာနဲ႔ ဒါေလာ့တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ မိုင္ႏူးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္၊ ဂါနာခ်ိဳနဲ႔ မာစီယယ္လ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

မန္ယူတို႔အေနနဲ႔ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ လူမစုံတာခ်င္းအတူတူ နယူးကာဆယ္လ္တို႔ကို ယွဥ္ကစားဖို႔ မျဖစ္ႏိုင္ခဲ့ဘဲ ကြင္းလယ္ထိန္းခ်ဳပ္ႏိုင္မႈအပိုင္းမွာ တန္ဟတ္ရဲ႕ အျဖစ္မရွိမႈကိုပဲ ျမင္ခဲ့ရသလို ပထမပိုင္းမွာ ဂိုးေပါက္ကန္သြင္းခြင့္ခ်င္းက ေတာ္ေတာ္ေလး ကြာျခားေနခဲ့ၿပီး ေကာင္တာကိုပဲ အားျပဳခဲ့ရေပမယ့္ ဂိုးသမား အိုနာနာ အမွားအယြင္း မရွိခဲ့တာေၾကာင့္ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ မန္ယူတို႔ ကစားပုံက ပိုခ်ာလာခဲ့ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ ဂိုးသြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ထရစ္ပီယာက ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ အယ္လ္မီ႐ြန္ ပိတ္သြင္းဖို႔ မမီလိုက္ေပမယ့္ ဘယ္ေတာင္ပံက ေျပးဝင္လာခဲ့တဲ့ ေဂၚဒန္က အနီးကပ္ အပိုင္ကန္သြင္းၿပီး အိုနာနာကို ေၾကကြဲေစခဲ့တာပါ။

ဒီေနာက္မွာ မန္ယူတို႔ဘက္က မာစီယယ္လ္၊ ရက္ရွ္ဖို႔ဒ္၊ ဝန္ဘစ္ဆာကာနဲ႔ မိုင္ႏူးတို႔အစား ဟြိဳင္လန္း၊ အန္တိုနီ၊ ရက္ဂီလြန္နဲ႔ အမ္မရာဘတ္တို႔ကို လဲကစားခဲ့ၿပီး နယူးကာဆယ္လ္တို႔ဘက္ကေတာ့ အရန္ခုံမွာ လူလဲစရာ ရွားပါးရတဲ့ၾကားထဲ ဂိုးသမား နစ္ခ္ ပုပ္ နာသြားခဲ့လို႔ ဒူဘရက္ဗ္ကာကို ထည့္သြင္းခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာ ရက္ဂီလြန္ရဲ႕ ျဖတ္တင္ေဘာကေန အန္တိုနီက ကန္သြင္းၿပီး လူစားဝင္ ကစားသမားေတြရဲ႕ ေခ်ပဂိုးျဖစ္ဖို႔ နီးစပ္ခဲ့ေသးေပမယ့္ ေရွ႕တက္ၿပီး ေယာင္ေနတဲ့ ေခါင္းႀကီး မက္ဂြိဳင္းယားက လူကြၽံအေနအထားကေန ရင္ဘတ္နဲ႔ ရွပ္ထိၿပီး ကာကြယ္ေပးခဲ့လို႔ မန္ယူတို႔ ေၾကကြဲခဲ့ရသလို နယူးကာဆယ္လ္တို႔ကေတာ့ ကံေကာင္းသြားခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ နယူးကာဆယ္လ္တို႔က မန္ယူတို႔ကို စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ဂိုးသြင္းဆက္ေနတဲ့ ေဂၚဒန္ရဲ႕ တစ္လုံးတည္းေသာ ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး အဆင့္ ၅ ေနရာအထိ တက္လွမ္းသြားႏိုင္ခဲ့ၾကသလို ဥေရာပဝင္ခြင့္ လမ္းေၾကာင္းေပၚကို ျပန္လည္ေရာက္ရွိလာခဲ့ၾကခ်ိန္မွာ တန္ဟတ္ရဲ႕ အဖ်ားရႉးခဲ့တဲ့ သရဲနီတို႔ကေတာ့ အဆင့္ ၇ ေနရာကို က်ဆင္းသြားခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.