Match Report Premier League

ချန်ပီယံခြေစွမ်းအပြင် စိတ်ဓာတ်ညံ့ဖျင်းမှုကိုလည်း ပြသခဲ့သေးတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ တိုမီယာစုနဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ထရော့ဆတ်နဲ့ အော်ဒီဂွါဒ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဝုလ်ဗ်စ်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်းနဲ့ တိုတီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဆီမီဒို၊ ဘွေနို၊ ဘဲလ်ဂါ့ဒ်၊ ဒွိုင်းလ်နဲ့ ထရာအိုရေးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဟွမ်းဟီးချန်းနဲ့ မက်သီယူးစ် ကွန်ညာတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၆ မိနစ်မှာကတည်းက အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ ဆာကာက တိုမီယာစုနဲ့ ဝုလ်ဗ်စ်ခံစစ်ကြားကနေ ဝမ်းတူးရိုက်ထွက်ပြီးမှ ဧရိယာထဲကနေ ညာခြေနဲ့ အဝေးတိုင်ဘက်ကို အပိုင်ကန်သွင်းယူခဲ့တာကြောင့် အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဆာကာ ဖြတ်တင်တဲ့ ဘောလုံးက ဘယ်ခြမ်းကို ပြန်ကျလာခဲ့တာကို ဇင်ချန်ကိုက ထရော့ဆတ်နဲ့ ဝမ်းတူးရိုက်ပြီး ဧရိယာထဲကို Cut Back လုပ်ပေးရာမှာ အော်ဒီဂွါဒ်က ညာဘက် တိုင်ခြေဆီ အနိမ့်ဘော ကန်သွင်းယူခဲ့တာပါ။

နှစ်ဂိုးလည်း ရသွားပြီး ဖိကစားထားနိုင်ခဲ့သလို အကြိမ်ကြိမ် ဒိန်းဂျားတွေ လုပ်နိုင်ခဲ့တဲ့ အာဆင်နယ်တို့ ဒီနောက်ပိုင်းမှာတော့ ပေါ့လျော့သွားခဲ့ပြီး ထရော့ဆတ်ရဲ့ အံမဝင်မှုနဲ့ ပလာတာများမှု၊ ဆုံးဖြတ်ချက် နှောင့်နှေးမှုတွေကြောင့် ကစားကွက်တွေ ပျက်စီးနေခဲ့သလို ဇင်ချန်ကိုကလည်း တစ်ချက်ဆို ဆိုသလောက် လေဖြတ်တဲ့ ပုံစံနဲ့ ဝုလ်ဗ်စ်ဘက်ကို ဘောလုံးတွေ ပြန်ရောင်းနေခဲ့တာကြောင့် ပရိသတ်တွေ ဒေါသထွက်စရာဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ မာတီနယ်လီ တိုင်ထိခဲ့ပြီး ဂျေဆူးစ်ကတော့ အဖြုန်းများခဲ့ချိန်မှာ အခွင့်အရေးတွေကို ထပ်ပြီး အသုံးမချနိုင်တော့တဲ့ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ကျေနပ်ခဲ့ရပြီး ဒုတိယပိုင်းမှာတော့ သူတို့တွေအနေနဲ့ ဘောလုံးကိုင်ပြီး ဘာမှမလုပ်နိုင်တဲ့ မထိမရောက် ပုံစံကိုပဲ ကိုင်စွဲထားခဲ့ချိန်မှာ ဝုလ်ဗ်စ်တို့ကတော့ အပြောင်းအလဲတွေနဲ့ တုံ့ပြန်ဖို့ ကြိုးစားလာခဲ့တာပါ။

ဂျေဆူးစ်အစား နကီးတီးယား ဝင်လာခဲ့ချိန်မှာ မတန်မရာ ကျောနံပါတ် ၁၄ အနေနဲ့ အရန်ခုံက ထပြီး ကြိုးစားပမ်းစားနဲ့ လန်းလန်းဆန်းဆန်း လိုက်ကစားရမယ့်အစား ရှေ့ပွဲတွေ ဆက်တိုက်ကစားပြီး ပွဲစကတည်းက ပါလာရသလို ပုံစံမျိုးနဲ့ စိတ်ပျက်စရာဖြစ်နေခဲ့သလို ထရော့ဆတ်ကတော့ အပိုင်အခွင့်အရေးတစ်ကြိမ်ကိုလည်း ဖြုန်းတီးပစ်ခဲ့သေးတာဖြစ်ပါတယ်။

အာဆင်နယ်တို့အနေနဲ့ စုတ်ပြတ်နေတဲ့ ထရော့ဆတ်ကို နယ်လ်ဆန်နဲ့ လဲထုတ်ရမယ့်အစား မာတီနယ်လီကို ထုတ်ပြီး ဟာဗတ်ဇ်နဲ့ လဲခဲ့ချိန်မှာ ကစားကွက်က အခြေယိုင်သွားခဲ့သလို ဘယ်တောင်ပံကစားအား သိသိသာသာ ကျဆင်းသွားခဲ့လို့ ဝုလ်ဗ်စ်တို့ရဲ့ ညာတောင်ပံက ဆာရားဘီးယားနဲ့အဖွဲ့ အကြိုက်တွေ့သွားခဲ့ပြီး မကြာခဏ ခြိမ်းခြောက်လာနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာတောင်ပံက ထိုးဖောက်မှုကို အာဆင်နယ် ခံစစ်က ဖျက်ဖို့ ကြိုးစားရင်း တာဝန်ကျေပွန်မှုဆိုတဲ့ စကားလုံးကို နားလည်ပုံ မပေါ်တဲ့ ဇင်ချန်ကိုက ဧရိယာထဲမှာ ပိုလီယို လေဖြတ်သလို ပေးခဲ့တဲ့ ဘောလုံးကို တစ်ဖက်တိုက်စစ်မှူး ကွန်ညာက ပြန်ရပြီး ဘယ်ဘက်ထောင့်ကို ကန်ထည့်သွားခဲ့တာကြောင့် ဂိုးပြန်ပေးခဲ့ရတာပါ။

ဂိုးပေးလိုက်ရပေမယ့် နကီးတီးယားကတော့ Pressing ကစားဖို့တောင် မလုပ်နိုင်သလို အပိုင်အခွင့်အရေးကိုလည်း တိုင်ထိအောင် ကန်ပစ်ခဲ့ပြီး ဟာဗတ်ဇ်နဲ့လည်း အတွဲမမိတာကြောင့် ကစားကွက်က ပျက်နေခဲ့ချိန်မှာ ဝုလ်ဗ်စ်တို့ကတောင် ဂိုးရဖို့ ပိုနီးစပ်နေခဲ့လို့ အာတီတာအနေနဲ့ အော်ဒီဂွါဒ်၊ ဆာကာတို့နှစ်ဦးအစား ဂျော်ဂျင်ညိုနဲ့ ကီဗီယာတို့ကိုလဲပြီး ရုပ်ပျက်ဆင်းပျက် ပိတ်ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။

ပွဲချိန်ပြည့်တဲ့အထိ အာဆင်နယ်တို့ အတော်လေး ရုန်းကန်ခဲ့ရပြီး ပထမပိုင်းအစ ၂၅ မိနစ်လောက် ချန်ပီယံခြေစွမ်း ပြသနိုင်ခဲ့တဲ့ အာတီတာရဲ့ လူတွေအနေနဲ့ လက်ကျန်အချိန်တွေမှာ စိတ်ဓာတ်ညံ့ဖျင်းမှုကို ပြန်လည်ပြသခဲ့တာကြောင့် ဝုလ်ဗ်စ်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒီလိုပုံစံ ပေါ့လျော့မှု၊ ဒီလိုမျိုး ခပ်ညံ့ညံ့ တိုက်စစ်မှူးတွေနဲ့ ချန်ပီယံအိပ်မက်ကို ဘယ်အထိ မက်နိုင်မလဲဆိုတာကို မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့ရပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ တိုမီယာစုနဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ထေရာ့ဆတ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဝုလ္ဗ္စ္တို႔ကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေဒၚဆန္၊ ေကးလ္မန္းနဲ႔ တိုတီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆီမီဒို၊ ေဘြႏို၊ ဘဲလ္ဂါ့ဒ္၊ ဒြိဳင္းလ္နဲ႔ ထရာအိုေရးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဟြမ္းဟီးခ်န္းနဲ႔ မက္သီယူးစ္ ကြန္ညာတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတြဲလုံးကေန ဆာကာက တိုမီယာစုနဲ႔ ဝုလ္ဗ္စ္ခံစစ္ၾကားကေန ဝမ္းတူး႐ိုက္ထြက္ၿပီးမွ ဧရိယာထဲကေန ညာေျခနဲ႔ အေဝးတိုင္ဘက္ကို အပိုင္ကန္သြင္းယူခဲ့တာေၾကာင့္ အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဆာကာ ျဖတ္တင္တဲ့ ေဘာလုံးက ဘယ္ျခမ္းကို ျပန္က်လာခဲ့တာကို ဇင္ခ်န္ကိုက ထေရာ့ဆတ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ဧရိယာထဲကို Cut Back လုပ္ေပးရာမွာ ေအာ္ဒီဂြါဒ္က ညာဘက္ တိုင္ေျခဆီ အနိမ့္ေဘာ ကန္သြင္းယူခဲ့တာပါ။

ႏွစ္ဂိုးလည္း ရသြားၿပီး ဖိကစားထားႏိုင္ခဲ့သလို အႀကိမ္ႀကိမ္ ဒိန္းဂ်ားေတြ လုပ္ႏိုင္ခဲ့တဲ့ အာဆင္နယ္တို႔ ဒီေနာက္ပိုင္းမွာေတာ့ ေပါ့ေလ်ာ့သြားခဲ့ၿပီး ထေရာ့ဆတ္ရဲ႕ အံမဝင္မႈနဲ႔ ပလာတာမ်ားမႈ၊ ဆုံးျဖတ္ခ်က္ ေႏွာင့္ေႏွးမႈေတြေၾကာင့္ ကစားကြက္ေတြ ပ်က္စီးေနခဲ့သလို ဇင္ခ်န္ကိုကလည္း တစ္ခ်က္ဆို ဆိုသေလာက္ ေလျဖတ္တဲ့ ပုံစံနဲ႔ ဝုလ္ဗ္စ္ဘက္ကို ေဘာလုံးေတြ ျပန္ေရာင္းေနခဲ့တာေၾကာင့္ ပရိသတ္ေတြ ေဒါသထြက္စရာျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းမွာ မာတီနယ္လီ တိုင္ထိခဲ့ၿပီး ေဂ်ဆူးစ္ကေတာ့ အျဖဳန္းမ်ားခဲ့ခ်ိန္မွာ အခြင့္အေရးေတြကို ထပ္ၿပီး အသုံးမခ်ႏိုင္ေတာ့တဲ့ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေက်နပ္ခဲ့ရၿပီး ဒုတိယပိုင္းမွာေတာ့ သူတို႔ေတြအေနနဲ႔ ေဘာလုံးကိုင္ၿပီး ဘာမွမလုပ္ႏိုင္တဲ့ မထိမေရာက္ ပုံစံကိုပဲ ကိုင္စြဲထားခဲ့ခ်ိန္မွာ ဝုလ္ဗ္စ္တို႔ကေတာ့ အေျပာင္းအလဲေတြနဲ႔ တုံ႔ျပန္ဖို႔ ႀကိဳးစားလာခဲ့တာပါ။

ေဂ်ဆူးစ္အစား နကီးတီးယား ဝင္လာခဲ့ခ်ိန္မွာ မတန္မရာ ေက်ာနံပါတ္ ၁၄ အေနနဲ႔ အရန္ခုံက ထၿပီး ႀကိဳးစားပမ္းစားနဲ႔ လန္းလန္းဆန္းဆန္း လိုက္ကစားရမယ့္အစား ေရွ႕ပြဲေတြ ဆက္တိုက္ကစားၿပီး ပြဲစကတည္းက ပါလာရသလို ပုံစံမ်ိဳးနဲ႔ စိတ္ပ်က္စရာျဖစ္ေနခဲ့သလို ထေရာ့ဆတ္ကေတာ့ အပိုင္အခြင့္အေရးတစ္ႀကိမ္ကိုလည္း ျဖဳန္းတီးပစ္ခဲ့ေသးတာျဖစ္ပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ စုတ္ျပတ္ေနတဲ့ ထေရာ့ဆတ္ကို နယ္လ္ဆန္နဲ႔ လဲထုတ္ရမယ့္အစား မာတီနယ္လီကို ထုတ္ၿပီး ဟာဗတ္ဇ္နဲ႔ လဲခဲ့ခ်ိန္မွာ ကစားကြက္က အေျခယိုင္သြားခဲ့သလို ဘယ္ေတာင္ပံကစားအား သိသိသာသာ က်ဆင္းသြားခဲ့လို႔ ဝုလ္ဗ္စ္တို႔ရဲ႕ ညာေတာင္ပံက ဆာရားဘီးယားနဲ႔အဖြဲ႕ အႀကိဳက္ေတြ႕သြားခဲ့ၿပီး မၾကာခဏ ၿခိမ္းေျခာက္လာႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဝုလ္ဗ္စ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံက ထိုးေဖာက္မႈကို အာဆင္နယ္ ခံစစ္က ဖ်က္ဖို႔ ႀကိဳးစားရင္း တာဝန္ေက်ပြန္မႈဆိုတဲ့ စကားလုံးကို နားလည္ပုံ မေပၚတဲ့ ဇင္ခ်န္ကိုက ဧရိယာထဲမွာ ပိုလီယို ေလျဖတ္သလို ေပးခဲ့တဲ့ ေဘာလုံးကို တစ္ဖက္တိုက္စစ္မႉး ကြန္ညာက ျပန္ရၿပီး ဘယ္ဘက္ေထာင့္ကို ကန္ထည့္သြားခဲ့တာေၾကာင့္ ဂိုးျပန္ေပးခဲ့ရတာပါ။

ဂိုးေပးလိုက္ရေပမယ့္ နကီးတီးယားကေတာ့ Pressing ကစားဖို႔ေတာင္ မလုပ္ႏိုင္သလို အပိုင္အခြင့္အေရးကိုလည္း တိုင္ထိေအာင္ ကန္ပစ္ခဲ့ၿပီး ဟာဗတ္ဇ္နဲ႔လည္း အတြဲမမိတာေၾကာင့္ ကစားကြက္က ပ်က္ေနခဲ့ခ်ိန္မွာ ဝုလ္ဗ္စ္တို႔ကေတာင္ ဂိုးရဖို႔ ပိုနီးစပ္ေနခဲ့လို႔ အာတီတာအေနနဲ႔ ေအာ္ဒီဂြါဒ္၊ ဆာကာတို႔ႏွစ္ဦးအစား ေဂ်ာ္ဂ်င္ညိဳနဲ႔ ကီဗီယာတို႔ကိုလဲၿပီး ႐ုပ္ပ်က္ဆင္းပ်က္ ပိတ္ကစားရဖို႔ ျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ျပည့္တဲ့အထိ အာဆင္နယ္တို႔ အေတာ္ေလး ႐ုန္းကန္ခဲ့ရၿပီး ပထမပိုင္းအစ ၂၅ မိနစ္ေလာက္ ခ်န္ပီယံေျခစြမ္း ျပသႏိုင္ခဲ့တဲ့ အာတီတာရဲ႕ လူေတြအေနနဲ႔ လက္က်န္အခ်ိန္ေတြမွာ စိတ္ဓာတ္ညံ့ဖ်င္းမႈကို ျပန္လည္ျပသခဲ့တာေၾကာင့္ ဝုလ္ဗ္စ္တို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့ေပမယ့္ ဒီလိုပုံစံ ေပါ့ေလ်ာ့မႈ၊ ဒီလိုမ်ိဳး ခပ္ညံ့ညံ့ တိုက္စစ္မႉးေတြနဲ႔ ခ်န္ပီယံအိပ္မက္ကို ဘယ္အထိ မက္ႏိုင္မလဲဆိုတာကို ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့ရပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.