Premier League

ပရီးမီးယားလိဂ်မှာ ဒုတိယအကောင်းဆုံးဂိုးသမားဖြစ်နေတဲ့ အိုနာနာ

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရီ အိုနာနာဟာ ကိန်းဂဏန်းအချက်အလက်တွေအရ ပရီးမီးယားလိဂ်မှာ ဒုတိယအကောင်းဆုံးဂိုးသမားဖြစ်တယ်လို့ နည်းပြ အဲရစ် တန်ဟက်က နောက်ထပ်တစ်ကြိမ် ကာကွယ်ပြောဆိုခဲ့ပါတယ်။

ကင်မရွန်းလက်ရွေးစင်ဂိုးသမားဟာ အင်တာမီလန်ကနေ ပေါင် ၄၇.၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် ရာသီအစကတည်းက မတည်ငြိမ်တဲ့ လက်စွမ်းနဲ့ စတင်ခဲ့ပြီးနောက် မကြာသေးမီက တည်ငြိမ်တဲ့လက်စွမ်းအချို့ စတင်ပြသခဲ့ပေမယ့်လည်း ဗုဒ္ဓဟူးနေ့ညက ဂလာတာဆာရေးနဲ့ပွဲမှာ ကြီးမားတဲ့ အမှားအယွင်း ၂ ကြိမ်အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အစ္စတန်ဘူလ်မှာ ၂ ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ဟာကင်း ဇီယက်ရှ်ရဲ့ အလွတ်တည်ကန်ဘောကနေ ဂိုးပေါက်အလယ်တည့်တည့်ကို တိုက်ရိုက်ကန်သွင်းမှုကို ဘယ်ဖက်ကို အရှိန်လွန်နေခဲ့တဲ့ အိုနာနာက မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည်တွေဟာ ဒုတိယပိုင်းမှာ ၃-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း နောက်ထပ်တစ်ကြိမ် ဟာကင်း ဇီယက်ရှ်ရဲ့ အလွတ်တည်ကန်ဘောကို အိုနာနာက ကာကွယ်ခဲ့ရာမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လက်ထဲကနေ လွတ်ထွက်ပြီး ခန္ဓာကိုယ်အောက်ကနေ ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

အိုနာနာရဲ့ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ကို ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေကြားမှာ ပြစ်တင်ဝေဖန်မှုတွေ အများအပြား ရှိခဲ့ပေမယ့်လည်း တန်ဟက်ကတော့ အသက် ၂၇ နှစ်အရွယ်ဂိုးသမားကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး ဇီယက်ရှ်ရဲ့ တည်ကန်ဘောစွမ်းရည်က သူမတူဘဲထူးခြားကောင်းမွန်တယ်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

စနေနေ့ည နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အဲရစ် တန်ဟက်က အိုနာနာဟာ တော်တော်လေး ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဒုတိယအကောင်းဆုံးဂိုးသမားဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မီဒီယာတွေနဲ့ ပရိသတ်တွေက အိုနာနာကို အရမ်း ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်နေလားလို့ မေးမြန်းခဲ့ရာမှာ တန်ဟက်က ပြုံးပြီး “ခင်ဗျား သူ့အကြောင်းကို ကောင်းကောင်း ခွဲခြမ်းစိတ်ဖြာမယ်ဆိုရင် သူက ကိန်းဂဏန်းတွေပေါ်အခြေခံပြီး ပရီးမီးယားလိဂ်မှာ ဒုတိယအကောင်းဆုံးဂိုးသမားဆိုတာ ခင်ဗျား မြင်ရပါလိမ့်မယ်။ သူ့ရဲ့ မျှော်မှန်းသွင်းဂိုးကာကွယ်မှုက ပရီးမီးယားလိဂ်မှာ ဒုတိယအကောင်းဆုံးပါပဲ။ အဲဒီတော့ ဟုတ်ပါတယ်။ သူ ကောင်းကောင်းလုပ်နေပါတယ်။ ချန်ပီယံလိဂ်မှာ သူ အမှားအချို့ လုပ်ခဲ့တယ်ဆိုတာ သူ သိပါတယ်။ ဒါပေမယ့် အားလုံးခြုံပြောရရင် ခင်ဗျား ပထမဆုံး ၅ လအတွင်းကို ကြည့်ရင် သူက တော်တော်ကောင်းကောင်း လုပ်နေပါတယ်။”

အမှားတွေ ပြုလုပ်ခဲ့ပြီးနောက် အိုနာနာရဲ့ ယုံကြည်ချက်က ဘယ်လိုလဲလို့ မေးမြန်းခဲ့ရာမှာ တန်ဟက်က “ခင်ဗျားလည်း သိပါတယ်။ ဘာလို့လဲဆိုတော့ ဘိုင်ယန်မြူးနစ်နဲ့ ပွဲအပြီးမှာ လုပ်ခဲ့တဲ့အတိုင်းပဲ ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို သူ ဘယ်လိုတုံ့ပြန်ခဲ့လဲဆိုတာ ခင်ဗျား မြင်ခဲ့လို့ပါ။ အဲဒီပွဲအပြီး ဘန်လေနဲ့ပွဲမှာ သူ အရမ်းထူးချွန်ခဲ့တယ်။ အဲဒီတော့ သူက စိတ်ဓာတ်ကြံ့ခိုင်တယ်။ သူက ကိုယ်ရည်ကိုယ်သွေးရှိတယ်။ သူ အဲဒါနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

FBref ရဲ့ ဖော်ပြချက်အရ အိုနာနာရဲ့ ကန်သွင်းမှုအပြီး မျှော်မှန်းသွင်းဂိုးထဲက ပေးဂိုးကို နုတ်လိုက်တဲ့အခါမှာ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်နဲ့အတူ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့ပြီး ပေးသင့်တဲ့ဂိုးထက် ၃.၄ ဂိုး ပိုမို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

လူတန်တောင်း ဂိုးသမား သောမတ်စ် ကာမင်းစကီးက ပထမနေရာမှာ ဦးဆောင်နေပြီး ၄.၅ ဂိုးအထိ ကာကွယ်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း Opta ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်မှာ ဂိုးပေးရတဲ့အမှား ကျူးလွန်တဲ့နေရာမှာ ကာမင်းစကီးရော အယ်လစ်ဆန်ပါ ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် အိုနာနာကတော့ အမှားကျူးလွန်ခြင်းမရှိသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား အန္ဒရီ အိုနာနာဟာ ကိန္းဂဏန္းအခ်က္အလက္ေတြအရ ပရီးမီးယားလိဂ္မွာ ဒုတိယအေကာင္းဆုံးဂိုးသမားျဖစ္တယ္လို႔ နည္းျပ အဲရစ္ တန္ဟက္က ေနာက္ထပ္တစ္ႀကိမ္ ကာကြယ္ေျပာဆိုခဲ့ပါတယ္။

ကင္မ႐ြန္းလက္ေ႐ြးစင္ဂိုးသမားဟာ အင္တာမီလန္ကေန ေပါင္ ၄၇.၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ရာသီအစကတည္းက မတည္ၿငိမ္တဲ့ လက္စြမ္းနဲ႔ စတင္ခဲ့ၿပီးေနာက္ မၾကာေသးမီက တည္ၿငိမ္တဲ့လက္စြမ္းအခ်ိဳ႕ စတင္ျပသခဲ့ေပမယ့္လည္း ဗုဒၶဟူးေန႔ညက ဂလာတာဆာေရးနဲ႔ပြဲမွာ ႀကီးမားတဲ့ အမွားအယြင္း ၂ ႀကိမ္အထိ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ အစၥတန္ဘူလ္မွာ ၂ ဂိုးအသာနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ေပမယ့္လည္း ဟာကင္း ဇီယက္ရွ္ရဲ႕ အလြတ္တည္ကန္ေဘာကေန ဂိုးေပါက္အလယ္တည့္တည့္ကို တိုက္႐ိုက္ကန္သြင္းမႈကို ဘယ္ဖက္ကို အရွိန္လြန္ေနခဲ့တဲ့ အိုနာနာက မကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ေတြဟာ ဒုတိယပိုင္းမွာ ၃-၁ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ေနာက္ထပ္တစ္ႀကိမ္ ဟာကင္း ဇီယက္ရွ္ရဲ႕ အလြတ္တည္ကန္ေဘာကို အိုနာနာက ကာကြယ္ခဲ့ရာမွာ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ လက္ထဲကေန လြတ္ထြက္ၿပီး ခႏၶာကိုယ္ေအာက္ကေန ဂိုးေပါက္ထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

အိုနာနာရဲ႕ စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္ကို ပရိသတ္ေတြနဲ႔ ေဘာလုံးေဝဖန္သုံးသပ္သူေတြၾကားမွာ ျပစ္တင္ေဝဖန္မႈေတြ အမ်ားအျပား ရွိခဲ့ေပမယ့္လည္း တန္ဟက္ကေတာ့ အသက္ ၂၇ ႏွစ္အ႐ြယ္ဂိုးသမားကို အျပစ္တင္ဖို႔ ျငင္းဆန္ခဲ့ၿပီး ဇီယက္ရွ္ရဲ႕ တည္ကန္ေဘာစြမ္းရည္က သူမတူဘဲထူးျခားေကာင္းမြန္တယ္လို႔ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

စေနေန႔ည နယူးကာဆယ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ ပြဲမတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ အဲရစ္ တန္ဟက္က အိုနာနာဟာ ေတာ္ေတာ္ေလး ေကာင္းေကာင္း ကစားႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ဒုတိယအေကာင္းဆုံးဂိုးသမားျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မီဒီယာေတြနဲ႔ ပရိသတ္ေတြက အိုနာနာကို အရမ္း ခြဲျခမ္းစိတ္ျဖာမႈေတြ ျပဳလုပ္ေနလားလို႔ ေမးျမန္းခဲ့ရာမွာ တန္ဟက္က ၿပဳံးၿပီး “ခင္ဗ်ား သူ႔အေၾကာင္းကို ေကာင္းေကာင္း ခြဲျခမ္းစိတ္ျဖာမယ္ဆိုရင္ သူက ကိန္းဂဏန္းေတြေပၚအေျခခံၿပီး ပရီးမီးယားလိဂ္မွာ ဒုတိယအေကာင္းဆုံးဂိုးသမားဆိုတာ ခင္ဗ်ား ျမင္ရပါလိမ့္မယ္။ သူ႔ရဲ႕ ေမွ်ာ္မွန္းသြင္းဂိုးကာကြယ္မႈက ပရီးမီးယားလိဂ္မွာ ဒုတိယအေကာင္းဆုံးပါပဲ။ အဲဒီေတာ့ ဟုတ္ပါတယ္။ သူ ေကာင္းေကာင္းလုပ္ေနပါတယ္။ ခ်န္ပီယံလိဂ္မွာ သူ အမွားအခ်ိဳ႕ လုပ္ခဲ့တယ္ဆိုတာ သူ သိပါတယ္။ ဒါေပမယ့္ အားလုံးၿခဳံေျပာရရင္ ခင္ဗ်ား ပထမဆုံး ၅ လအတြင္းကို ၾကည့္ရင္ သူက ေတာ္ေတာ္ေကာင္းေကာင္း လုပ္ေနပါတယ္။”

အမွားေတြ ျပဳလုပ္ခဲ့ၿပီးေနာက္ အိုနာနာရဲ႕ ယုံၾကည္ခ်က္က ဘယ္လိုလဲလို႔ ေမးျမန္းခဲ့ရာမွာ တန္ဟက္က “ခင္ဗ်ားလည္း သိပါတယ္။ ဘာလို႔လဲဆိုေတာ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ပြဲအၿပီးမွာ လုပ္ခဲ့တဲ့အတိုင္းပဲ ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္ကို သူ ဘယ္လိုတုံ႔ျပန္ခဲ့လဲဆိုတာ ခင္ဗ်ား ျမင္ခဲ့လို႔ပါ။ အဲဒီပြဲအၿပီး ဘန္ေလနဲ႔ပြဲမွာ သူ အရမ္းထူးခြၽန္ခဲ့တယ္။ အဲဒီေတာ့ သူက စိတ္ဓာတ္ႀကံ့ခိုင္တယ္။ သူက ကိုယ္ရည္ကိုယ္ေသြးရွိတယ္။ သူ အဲဒါနဲ႔ ရင္ဆိုင္ေျဖရွင္းႏိုင္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

FBref ရဲ႕ ေဖာ္ျပခ်က္အရ အိုနာနာရဲ႕ ကန္သြင္းမႈအၿပီး ေမွ်ာ္မွန္းသြင္းဂိုးထဲက ေပးဂိုးကို ႏုတ္လိုက္တဲ့အခါမွာ လီဗာပူးလ္ဂိုးသမား အယ္လစ္ဆန္နဲ႔အတူ ဒုတိယေနရာမွာ ပူးတြဲရပ္တည္ႏိုင္ခဲ့ၿပီး ေပးသင့္တဲ့ဂိုးထက္ ၃.၄ ဂိုး ပိုမို ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

လူတန္ေတာင္း ဂိုးသမား ေသာမတ္စ္ ကာမင္းစကီးက ပထမေနရာမွာ ဦးေဆာင္ေနၿပီး ၄.၅ ဂိုးအထိ ကာကြယ္ႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း Opta ရဲ႕ ေဖာ္ျပခ်က္အရ ပရီးမီးယားလိဂ္မွာ ဂိုးေပးရတဲ့အမွား က်ဴးလြန္တဲ့ေနရာမွာ ကာမင္းစကီးေရာ အယ္လစ္ဆန္ပါ ျပဳလုပ္ခဲ့ၿပီးျဖစ္ေပမယ့္ အိုနာနာကေတာ့ အမွားက်ဴးလြန္ျခင္းမရွိေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.