MLS Messi

အခက်ခဲဆုံးပြိုင်ဘက်က ဘယ်သူလဲဆိုတာ မက်ဆီကို ပြောပြခဲ့တဲ့ ဇီဒန်း

ပြင်သစ်ဂန္တဝင် ဇီဒန်းဟာ အာဂျင်တီးနားဂန္တဝင် လီယွန်နယ် မက်ဆီနဲ့ စိတ်ဝင်စားဖွယ် စကားစမြည်ပြောဆိုခန်းမှာ ၎င်းရဲ့ အခက်ခဲဆုံး ပြိုင်ဘက်က ဘယ်သူလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဂန္တဝင်ကစားသမား ၂ ဦးဟာ Adidas အတွက် ဗီဒီယိုရိုက်ကူးဖို့အတွက် ပြန်လည်ဆုံစည်းခဲ့ကြတာဖြစ်ပြီး YouTube မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ ၂၉ မိနစ်ကြာ စကားစမြည် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မိုင်ယာမီမှာ ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဘောလုံးအကျော်အမော် ၂ ဦးက ၎င်းတို့ရဲ့မိသားစုအကြောင်းကစလို့ ကိစ္စအများအပြားကို ပြောဆိုခဲ့ကြပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းခဲ့တဲ့အကြောင်းနဲ့ အဆုံးမှာ ရှပ်ချင်းမလဲလှယ်မီ လက်ရွေးစင်အသင်းတွေအတွက် ကျောနံပါတ် ၁၀ ကို ဂုဏ်ယူစွာ ဝတ်ဆင်ကစားပေးခဲ့ရတဲ့အကြောင်းအရာတွေလည်း အပါအဝင်ဖြစ်ပါတယ်။

ဂန္တဝင်ကစားသမား ၂ ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မေးခွန်းထုတ်ခဲ့ကြပြီး မက်ဆီက ဇီဒန်းကို ရင်ဆိုင်ကစားခဲ့သမျှထဲမှာ အခက်ခဲဆုံးဖြစ်ခဲ့တဲ့ ပြိုင်ဘက်ကစားသမားက ဘယ်သူလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဇီဒန်းအတွက် ရင်ဆိုင်ကစားရတာ မပျော်ရွှင်ခဲ့တဲ့ ကစားသမား ၂ ဦး ရှိခဲ့ပြီး အဲဒီထဲက ပထမဆုံးကစားသမားကတော့ ၁၉၉၈ ဘလွန်ဒေါဆုရှင် အေစီမီလန်နဲ့ အီတလီဂန္တဝင် ပါအိုလို မာလ်ဒီးနီဖြစ်ပါတယ်။

ဇီဒန်းက အေစီမီလန်ခံစစ်ကျောက်ဆောင်ကြီးဖြစ်တဲ့ မာလ်ဒီးနီဟာ အလွန်ပါးနပ်တဲ့ ကစားသမားဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး လက်ရွေးစင်အသင်းဖော် လီလီယန် သူရမ်ကလည်း ရင်ဆိုင်မကစားချင်တဲ့ ကစားသမားဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဇီဒန်းဟာ သူရမ်နဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး ပြင်သစ်နောက်ခံလူဟောင်းဟာ ဘာစီလိုနာမှာလည်း လီယွန်နယ် မက်ဆီနဲ့ ၂ ရာသီကြာ အတူတူ တွဲကစားခဲ့ဖူးသူဖြစ်ပါတယ်။

“အကြမ်းဆုံးကစားသမားလား။ အင်း။ အကြမ်းဆုံးမဟုတ်ဘဲ အခက်ခဲဆုံးကစားသမားကတော့ ပါအိုလို မာလ်ဒီးနီပါ။ ဘာလို့လဲဆိုတော့ သူက အရမ်းကို လိမ္မာပါးနပ်ပြီး ကွင်းထဲမှာ ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်တဲ့ကစားသမားမို့လို့ပါ။ ပြီးတော့ သူရမ်။ သူကတော့ ကြမ်းတယ်။ သူ ခင်ဗျားအသင်းမှာရှိတဲ့အခါမှာ ခင်ဗျား ပျော်မှာပါ။ ဒါပေမယ့် သူသာ ခင်ဗျားနဲ့ ရင်ဆိုင်ကစားမယ်ဆိုရင်တော့ ခင်ဗျား ပျော်တော့မှာမဟုတ်ပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက ၎င်းရဲ့ အခက်ခဲဆုံး ပြိုင်ဘက်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေမယ့်လည်း အရင်တုန်းက ဂီရိုနာနဲ့ မန်စီးတီးအတွက် ကစားပေးခဲ့ပေမယ့် လက်ရှိမှာ မာယော်ကာအတွက် ကစားပေးနေတဲ့ ပါဘလို မာဖီယိုကိုတော့ ချီးကျူးခဲ့ဖူးတာဖြစ်ပါတယ်။

“ဂီရိုနာက ပါဘလို မာဖီယိုက အကြမ်းတမ်းဆုံး လူကပ်ကစားနိုင်သူပါ။ အရမ်းကို ပြင်းထန်လွန်းတယ်။ ကျွန်တော်က ဘယ်တုန်းကမှ စောဒကတက်ဖူးတဲ့သူမဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုနဲ့ ကန်ကျောက်မှုတွေက ပွဲရဲ့အစိတ်အပိုင်းလို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ျပင္သစ္ဂႏၲဝင္ ဇီဒန္းဟာ အာဂ်င္တီးနားဂႏၲဝင္ လီယြန္နယ္ မက္ဆီနဲ႔ စိတ္ဝင္စားဖြယ္ စကားစျမည္ေျပာဆိုခန္းမွာ ၎ရဲ႕ အခက္ခဲဆုံး ၿပိဳင္ဘက္က ဘယ္သူလဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဂႏၲဝင္ကစားသမား ၂ ဦးဟာ Adidas အတြက္ ဗီဒီယို႐ိုက္ကူးဖို႔အတြက္ ျပန္လည္ဆုံစည္းခဲ့ၾကတာျဖစ္ၿပီး YouTube မွာ တင္ခဲ့တဲ့ ဗီဒီယိုထဲမွာ ၂၉ မိနစ္ၾကာ စကားစျမည္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

မိုင္ယာမီမွာ ႐ိုက္ကူးခဲ့တဲ့ ဗီဒီယိုဖိုင္ထဲမွာ ေဘာလုံးအေက်ာ္အေမာ္ ၂ ဦးက ၎တို႔ရဲ႕မိသားစုအေၾကာင္းကစလို႔ ကိစၥအမ်ားအျပားကို ေျပာဆိုခဲ့ၾကၿပီး ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ဂိုးသြင္းခဲ့တဲ့အေၾကာင္းနဲ႔ အဆုံးမွာ ရွပ္ခ်င္းမလဲလွယ္မီ လက္ေ႐ြးစင္အသင္းေတြအတြက္ ေက်ာနံပါတ္ ၁၀ ကို ဂုဏ္ယူစြာ ဝတ္ဆင္ကစားေပးခဲ့ရတဲ့အေၾကာင္းအရာေတြလည္း အပါအဝင္ျဖစ္ပါတယ္။

ဂႏၲဝင္ကစားသမား ၂ ဦးဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ေမးခြန္းထုတ္ခဲ့ၾကၿပီး မက္ဆီက ဇီဒန္းကို ရင္ဆိုင္ကစားခဲ့သမွ်ထဲမွာ အခက္ခဲဆုံးျဖစ္ခဲ့တဲ့ ၿပိဳင္ဘက္ကစားသမားက ဘယ္သူလဲလို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။ ျပင္သစ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဇီဒန္းအတြက္ ရင္ဆိုင္ကစားရတာ မေပ်ာ္႐ႊင္ခဲ့တဲ့ ကစားသမား ၂ ဦး ရွိခဲ့ၿပီး အဲဒီထဲက ပထမဆုံးကစားသမားကေတာ့ ၁၉၉၈ ဘလြန္ေဒါဆုရွင္ ေအစီမီလန္နဲ႔ အီတလီဂႏၲဝင္ ပါအိုလို မာလ္ဒီးနီျဖစ္ပါတယ္။

ဇီဒန္းက ေအစီမီလန္ခံစစ္ေက်ာက္ေဆာင္ႀကီးျဖစ္တဲ့ မာလ္ဒီးနီဟာ အလြန္ပါးနပ္တဲ့ ကစားသမားျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး လက္ေ႐ြးစင္အသင္းေဖာ္ လီလီယန္ သူရမ္ကလည္း ရင္ဆိုင္မကစားခ်င္တဲ့ ကစားသမားျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။ ဇီဒန္းဟာ သူရမ္နဲ႔အတူ ၁၉၉၈ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့သူျဖစ္ၿပီး ျပင္သစ္ေနာက္ခံလူေဟာင္းဟာ ဘာစီလိုနာမွာလည္း လီယြန္နယ္ မက္ဆီနဲ႔ ၂ ရာသီၾကာ အတူတူ တြဲကစားခဲ့ဖူးသူျဖစ္ပါတယ္။

“အၾကမ္းဆုံးကစားသမားလား။ အင္း။ အၾကမ္းဆုံးမဟုတ္ဘဲ အခက္ခဲဆုံးကစားသမားကေတာ့ ပါအိုလို မာလ္ဒီးနီပါ။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းကို လိမၼာပါးနပ္ၿပီး ကြင္းထဲမွာ ဉာဏ္ရည္ဉာဏ္ေသြးေကာင္းမြန္တဲ့ကစားသမားမို႔လို႔ပါ။ ၿပီးေတာ့ သူရမ္။ သူကေတာ့ ၾကမ္းတယ္။ သူ ခင္ဗ်ားအသင္းမွာရွိတဲ့အခါမွာ ခင္ဗ်ား ေပ်ာ္မွာပါ။ ဒါေပမယ့္ သူသာ ခင္ဗ်ားနဲ႔ ရင္ဆိုင္ကစားမယ္ဆိုရင္ေတာ့ ခင္ဗ်ား ေပ်ာ္ေတာ့မွာမဟုတ္ပါဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက ၎ရဲ႕ အခက္ခဲဆုံး ၿပိဳင္ဘက္ကိုေတာ့ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမရွိေပမယ့္လည္း အရင္တုန္းက ဂီ႐ိုနာနဲ႔ မန္စီးတီးအတြက္ ကစားေပးခဲ့ေပမယ့္ လက္ရွိမွာ မာေယာ္ကာအတြက္ ကစားေပးေနတဲ့ ပါဘလို မာဖီယိုကိုေတာ့ ခ်ီးက်ဴးခဲ့ဖူးတာျဖစ္ပါတယ္။

“ဂီ႐ိုနာက ပါဘလို မာဖီယိုက အၾကမ္းတမ္းဆုံး လူကပ္ကစားႏိုင္သူပါ။ အရမ္းကို ျပင္းထန္လြန္းတယ္။ ကြၽန္ေတာ္က ဘယ္တုန္းကမွ ေစာဒကတက္ဖူးတဲ့သူမဟုတ္ပါဘူး။ ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈနဲ႔ ကန္ေက်ာက္မႈေတြက ပြဲရဲ႕အစိတ္အပိုင္းလို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.