Saudi League

ပင်နယ်ဒိုလို့ လှောင်ပြောင်သူတွေကို အရှက်ရစေမယ့် အပြုအမူကို လုပ်ဆောင်ပြခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္လာနေ့ညက ပါဆီပိုလစ်နဲ့ ဂိုးမရှိသရေကျခဲ့ပေမယ့်လည်း အသင်းရဲ့ အောင်မြင်မှုကြောင့် ဝမ်းမြောက် ပျော်ရွှင်ခဲ့ပါတယ်။

အယ်လ်နာဆာဟာ ပါဆီပိုလစ်ကို အိမ်ကွင်းမှာ တနင်္လာနေ့ညက လက်ခံယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပွဲကစားချိန် အစောပိုင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရတာကြောင့် လဲကျသွားလို့ ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၈ နှစ်အရွယ်ကစားသမားက ကွင်းလယ်ဒိုင်ကို ၎င်းအနေနဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်း ခံခဲ့ရခြင်းမရှိဘူးလို့ ပြောကြားခဲ့ပြီး VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ပါဆီပိုလစ်နဲ့ပွဲမှာ ရမှတ် ၁ မှတ်သာ ရရှိခဲ့ပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက လူမှုကွန်ရက်ပေါ်မှာ ၎င်းရဲ့ ဝမ်းမြောက်ပျော်ရွှင်မှုကို ထုတ်ဖော်ပြသခဲ့ပြီး “ကျွန်တော်တို့ရဲ့ အုပ်စုမှာ အဆင့် ၁ အဖြစ် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ပွဲ ၂၀ ရှုံးပွဲမရှိစံချိန် ရခဲ့လို့ ပျော်ရွှင်မိပါတယ်။ အရမ်းကောင်းတဲ့ အသင်းလိုက်လုပ်ဆောင်မှုပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာဟာ ပါဆီပိုလစ်နဲ့ သရေကျခဲ့တာကြောင့် အာရှချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး အုပ်စုအဆင့် ပြီးဆုံးဖို့ ၁ ပွဲသာ လိုတော့တဲ့အချိန်မှာ ပါဆီပိုလစ်ရဲ့အထက် ၅ မှတ်အကွာ အုပ်စု ပထမနေရာကနေ နောက်တဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ကစားသမားဘဝတလျှောက်လုံး မနာလိုသူတွေက ပင်နယ်တီသွင်းဂိုးတွေကို အလွန်အမင်း လိုချင်တပ်မက်သူအဖြစ် ကဲ့ရဲ့ပြောဆိုခြင်းခံခဲ့ရပြီး ပင်နယ်ဒိုလို့တောင် နာမည်ပေးခြင်းခံခဲ့ရပေမယ့်လည်း တနင်္လာနေ့ညပွဲစဉ်က လုပ်ရပ်ကတော့ အဲဒီလိုဝေဖန်ပြောဆိုခဲ့သူတွေကို အရှက်ရစေခဲ့မှာ အမှန်ပါပဲ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တနလၤာေန႔ညက ပါဆီပိုလစ္နဲ႔ ဂိုးမရွိသေရက်ခဲ့ေပမယ့္လည္း အသင္းရဲ႕ ေအာင္ျမင္မႈေၾကာင့္ ဝမ္းေျမာက္ ေပ်ာ္႐ႊင္ခဲ့ပါတယ္။

အယ္လ္နာဆာဟာ ပါဆီပိုလစ္ကို အိမ္ကြင္းမွာ တနလၤာေန႔ညက လက္ခံယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ အေစာပိုင္းမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရတာေၾကာင့္ လဲက်သြားလို႔ ဒိုင္လူႀကီးက ပင္နယ္တီ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၃၈ ႏွစ္အ႐ြယ္ကစားသမားက ကြင္းလယ္ဒိုင္ကို ၎အေနနဲ႔ ျပစ္ဒဏ္က်ဴးလြန္ျခင္း ခံခဲ့ရျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ၿပီး VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္ ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

ပါဆီပိုလစ္နဲ႔ပြဲမွာ ရမွတ္ ၁ မွတ္သာ ရရွိခဲ့ေပမယ့္လည္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက လူမႈကြန္ရက္ေပၚမွာ ၎ရဲ႕ ဝမ္းေျမာက္ေပ်ာ္႐ႊင္မႈကို ထုတ္ေဖာ္ျပသခဲ့ၿပီး “ကြၽန္ေတာ္တို႔ရဲ႕ အုပ္စုမွာ အဆင့္ ၁ အျဖစ္ ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီး ပြဲ ၂၀ ရႈံးပြဲမရွိစံခ်ိန္ ရခဲ့လို႔ ေပ်ာ္႐ႊင္မိပါတယ္။ အရမ္းေကာင္းတဲ့ အသင္းလိုက္လုပ္ေဆာင္မႈပါ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

အယ္လ္နာဆာဟာ ပါဆီပိုလစ္နဲ႔ သေရက်ခဲ့တာေၾကာင့္ အာရွခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး အုပ္စုအဆင့္ ၿပီးဆုံးဖို႔ ၁ ပြဲသာ လိုေတာ့တဲ့အခ်ိန္မွာ ပါဆီပိုလစ္ရဲ႕အထက္ ၅ မွတ္အကြာ အုပ္စု ပထမေနရာကေန ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ကစားသမားဘဝတေလွ်ာက္လုံး မနာလိုသူေတြက ပင္နယ္တီသြင္းဂိုးေတြကို အလြန္အမင္း လိုခ်င္တပ္မက္သူအျဖစ္ ကဲ့ရဲ႕ေျပာဆိုျခင္းခံခဲ့ရၿပီး ပင္နယ္ဒိုလို႔ေတာင္ နာမည္ေပးျခင္းခံခဲ့ရေပမယ့္လည္း တနလၤာေန႔ညပြဲစဥ္က လုပ္ရပ္ကေတာ့ အဲဒီလိုေဝဖန္ေျပာဆိုခဲ့သူေတြကို အရွက္ရေစခဲ့မွာ အမွန္ပါပဲ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.