Premier League

အသင်းဖော် ၄ ဦးကို ချီးကျူးခဲ့ပြီး ဆုဖလားစိန်ခေါ်မှုအကြောင်း ပြောလာတဲ့ ခိုင် ဟာဗတ်ဇ်

ခိုင် ဟာဗတ်ဇ်ဟာ အာဆင်နယ်အသင်းဖော် ၄ ဦးကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအကြောင်း ပြောဖို့က စောလွန်းသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီမှာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ဖို့ နီးစပ်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂၄၈ ရက်အထိ ရပ်တည်ပြီးမှ နောက်ဆုံးမှာ မန်စီးတီးရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ ဒီရာသီမှာလည်း အဓိက ဆုဖလားစိန်ခေါ်သူတွေထဲက တစ်သင်းဖြစ်နေပုံပေါ်ပြီး ၂၀၂၃-၂၀၂၄ ရာသီ အဖွင့် ၁၃ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီးက ဒုတိယနေရာမှာ ၁ မှတ်အကွာနဲ့ ထပ်ချပ်မကွာ လိုက်နေသလို လီဗာပူးလ်နဲ့ အက်စတန် ဗီလာတို့ကလည်း ဂန်းနားတွေနဲ့ ၂ မှတ်အကွာ အဆင့် ၃၊ ၄ နေရာမှာ ရပ်တည်နေကြတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဟာဗတ်ဇ်က “အဲဒါနဲ့ပတ်သက်ပြီးတစ်ခုခုပြောဖို့က အရမ်းကို စောလွန်းပါသေးတယ်။ ဘယ်သူက ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်တယ်။ ကျွန်တော်တို့ ဘာတွေ ဖြစ်လာမလဲဆိုတာ တကယ်မသိပါဘူး။ ကျွန်တော်တို့ လာမယ့်လတွေကျရင်တော့ သိရင် သိမှာပေါ့။ အခုတော့ ကျွန်တော်တို့ ကိုယ့်ကိုကိုယ်ပဲ အာရုံစိုက်နေပြီး တတ်နိုင်သမျှ ပွဲများများ အနိုင်ရအောင် ကြိုးပမ်းသွားမှာပါ။”

အာဆင်နယ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူချင်တယ်ဆိုရင် အဓိကကစားသမားတွေ ပုံမှန်ခြေစွမ်းထိန်းသိမ်းထားနိုင်အောင်လုပ်ဖို့ လိုအပ်ပြီး ဟာဗတ်ဇက် ဂန်းနားလူစာရင်းထဲက ကြယ်ပွင့် ၄ ဦးကို ချီးကျူးခဲ့ပါတယ်။

“ဒီကလန် ရိုက်ကို အရင်ကတည်းက သိခဲ့ပါတယ်။ ကျွန်တော် ဒီကိုမလာခင် မက်ဆေ့တွေ ပို့ခဲ့ကြတယ်။ သူက အရမ်းကောင်းတဲ့လူဖြစ်ပြီး တကယ်ကို ကောင်းမွန်တဲ့သူပါ။ ကွင်းထဲမှာလည်း သူက သူဘာလုပ်နိုင်လဲဆိုတာကို ပြသနေပြီး အသင်းကို ကူညီပေးပါတယ်။ သူကအခုအချိန်မှာ ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ကစားသမားပါ။ ကျွန်တော် ဆာကာကိုလည်း အထင်ကြီးမိခဲ့ပါတယ်။ သူက ထိပ်တန်းကစားသမားဆိုတာ ကျွန်တော် သိခဲ့ပြီးသားပါ။ သူ့ရှေ့မှာ နှစ်တွေ အများကြီးရှိပါတယ်။ ခင်ဗျား အကယ်ဒမီကနေ ထွက်လာတဲ့အခါမှာ ပရိသတ်တွေအတွက်တော့ အရမ်းကောင်းပါတယ်။ သူ့ရဲ့အဆင့်အတန်းကို အရမ်းမြင့်မြင့် ဆက်ပြီးတော့ ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“ဆာလီဘာကလည်း ဒီနှစ်ယောက်နဲ့ အတူတူပဲ။ နောက်ခံကစားသမားအနေနဲ့ သူက အရမ်း အရမ်းကို ကောင်းတယ်။ သူက အရာအားလုံးကို အရမ်းလွယ်ကူပြီး အေးအေးဆေးဆေးဖြစ်အောင် လုပ်နိုင်တယ်။ သူကလည်း အရမ်းငယ်သေးတယ်။ သူ့ရှေ့မှာ ကြီးမားတဲ့ ကစားသမားဘဝက ရှိလာမှာပါ။ ဂျေဆူးစ်က ကျွန်တော် တွဲကစားဖူးသမျှထဲမှာ အကောင်းဆုံးတိုက်စစ်မှူးပါ။ အဲဒါကို လေ့ကျင့်ရေးအချိန်တိုင်းမှာ ကျွန်တော် မြင်ပါတယ်။ သူနဲ့ ကစားရတာ ဂုဏ်ယူစရာပါ။ ခင်ဗျား ကွင်းထဲမှာလည်း သူ့အရည်အသွေးကို မြင်မှာပါ။ သူက အံ့အားသင့်စရာကောင်းတယ်။သူက ပွဲကို သူ့ဘာသာသူ အပြောင်းအလဲဖြစ်အောင် လုပ်နိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးပါ။ သူ ဂိုးတွေ အများကြီးသွင်းယူခဲ့တယ်။ သူက ဂိုးသွင်းသူသက်သက်မဟုတ်ဘဲ အသင်းဖော်တွေနဲ့ ကောင်းကောင်း ချိတ်ဆက်ကစားပြီး တိုက်စစ်ဆင်ရာမှာလည်း အကူအညီပေးနိုင်ပါတယ်။ သူက အသင်းအတွက် အရမ်းကောင်းတဲ့သူဖြစ်ပြီး ကွင်းထဲမှာ အားလုံးကို ကူညီပေးတယ်”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခိုင္ ဟာဗတ္ဇ္ဟာ အာဆင္နယ္အသင္းေဖာ္ ၄ ဦးကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအေၾကာင္း ေျပာဖို႔က ေစာလြန္းေသးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီမွာ ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ နီးစပ္ခဲ့ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၂၄၈ ရက္အထိ ရပ္တည္ၿပီးမွ ေနာက္ဆုံးမွာ မန္စီးတီးရဲ႕ ေက်ာ္တက္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ ဒီရာသီမွာလည္း အဓိက ဆုဖလားစိန္ေခၚသူေတြထဲက တစ္သင္းျဖစ္ေနပုံေပၚၿပီး ၂၀၂၃-၂၀၂၄ ရာသီ အဖြင့္ ၁၃ ပြဲ ကစားၿပီးခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးက ဒုတိယေနရာမွာ ၁ မွတ္အကြာနဲ႔ ထပ္ခ်ပ္မကြာ လိုက္ေနသလို လီဗာပူးလ္နဲ႔ အက္စတန္ ဗီလာတို႔ကလည္း ဂန္းနားေတြနဲ႔ ၂ မွတ္အကြာ အဆင့္ ၃၊ ၄ ေနရာမွာ ရပ္တည္ေနၾကတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္ကို ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဟာဗတ္ဇ္က “အဲဒါနဲ႔ပတ္သက္ၿပီးတစ္ခုခုေျပာဖို႔က အရမ္းကို ေစာလြန္းပါေသးတယ္။ ဘယ္သူက ဘယ္သူ႔ကိုမဆို အႏိုင္ယူႏိုင္တယ္။ ကြၽန္ေတာ္တို႔ ဘာေတြ ျဖစ္လာမလဲဆိုတာ တကယ္မသိပါဘူး။ ကြၽန္ေတာ္တို႔ လာမယ့္လေတြက်ရင္ေတာ့ သိရင္ သိမွာေပါ့။ အခုေတာ့ ကြၽန္ေတာ္တို႔ ကိုယ့္ကိုကိုယ္ပဲ အာ႐ုံစိုက္ေနၿပီး တတ္ႏိုင္သမွ် ပြဲမ်ားမ်ား အႏိုင္ရေအာင္ ႀကိဳးပမ္းသြားမွာပါ။”

အာဆင္နယ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ရယူခ်င္တယ္ဆိုရင္ အဓိကကစားသမားေတြ ပုံမွန္ေျခစြမ္းထိန္းသိမ္းထားႏိုင္ေအာင္လုပ္ဖို႔ လိုအပ္ၿပီး ဟာဗတ္ဇက္ ဂန္းနားလူစာရင္းထဲက ၾကယ္ပြင့္ ၄ ဦးကို ခ်ီးက်ဴးခဲ့ပါတယ္။

“ဒီကလန္ ႐ိုက္ကို အရင္ကတည္းက သိခဲ့ပါတယ္။ ကြၽန္ေတာ္ ဒီကိုမလာခင္ မက္ေဆ့ေတြ ပို႔ခဲ့ၾကတယ္။ သူက အရမ္းေကာင္းတဲ့လူျဖစ္ၿပီး တကယ္ကို ေကာင္းမြန္တဲ့သူပါ။ ကြင္းထဲမွာလည္း သူက သူဘာလုပ္ႏိုင္လဲဆိုတာကို ျပသေနၿပီး အသင္းကို ကူညီေပးပါတယ္။ သူကအခုအခ်ိန္မွာ ကြၽန္ေတာ္တို႔အတြက္ အရမ္းအေရးပါတဲ့ကစားသမားပါ။ ကြၽန္ေတာ္ ဆာကာကိုလည္း အထင္ႀကီးမိခဲ့ပါတယ္။ သူက ထိပ္တန္းကစားသမားဆိုတာ ကြၽန္ေတာ္ သိခဲ့ၿပီးသားပါ။ သူ႔ေရွ႕မွာ ႏွစ္ေတြ အမ်ားႀကီးရွိပါတယ္။ ခင္ဗ်ား အကယ္ဒမီကေန ထြက္လာတဲ့အခါမွာ ပရိသတ္ေတြအတြက္ေတာ့ အရမ္းေကာင္းပါတယ္။ သူ႔ရဲ႕အဆင့္အတန္းကို အရမ္းျမင့္ျမင့္ ဆက္ၿပီးေတာ့ ထိန္းသိမ္းထားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”

“ဆာလီဘာကလည္း ဒီႏွစ္ေယာက္နဲ႔ အတူတူပဲ။ ေနာက္ခံကစားသမားအေနနဲ႔ သူက အရမ္း အရမ္းကို ေကာင္းတယ္။ သူက အရာအားလုံးကို အရမ္းလြယ္ကူၿပီး ေအးေအးေဆးေဆးျဖစ္ေအာင္ လုပ္ႏိုင္တယ္။ သူကလည္း အရမ္းငယ္ေသးတယ္။ သူ႔ေရွ႕မွာ ႀကီးမားတဲ့ ကစားသမားဘဝက ရွိလာမွာပါ။ ေဂ်ဆူးစ္က ကြၽန္ေတာ္ တြဲကစားဖူးသမွ်ထဲမွာ အေကာင္းဆုံးတိုက္စစ္မႉးပါ။ အဲဒါကို ေလ့က်င့္ေရးအခ်ိန္တိုင္းမွာ ကြၽန္ေတာ္ ျမင္ပါတယ္။ သူနဲ႔ ကစားရတာ ဂုဏ္ယူစရာပါ။ ခင္ဗ်ား ကြင္းထဲမွာလည္း သူ႔အရည္အေသြးကို ျမင္မွာပါ။ သူက အံ့အားသင့္စရာေကာင္းတယ္။သူက ပြဲကို သူ႔ဘာသာသူ အေျပာင္းအလဲျဖစ္ေအာင္ လုပ္ႏိုင္တဲ့ ကစားသမားေတြထဲက တစ္ဦးပါ။ သူ ဂိုးေတြ အမ်ားႀကီးသြင္းယူခဲ့တယ္။ သူက ဂိုးသြင္းသူသက္သက္မဟုတ္ဘဲ အသင္းေဖာ္ေတြနဲ႔ ေကာင္းေကာင္း ခ်ိတ္ဆက္ကစားၿပီး တိုက္စစ္ဆင္ရာမွာလည္း အကူအညီေပးႏိုင္ပါတယ္။ သူက အသင္းအတြက္ အရမ္းေကာင္းတဲ့သူျဖစ္ၿပီး ကြင္းထဲမွာ အားလုံးကို ကူညီေပးတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.