Premier League UCL&UEL

ဖုန်းတစ်ဂိုးရှင် အိုနာနာကို သနားရခက် စိတ်ဆိုးရခက်ဖြစ်ခဲ့တဲ့ ပရိသတ်များ

ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဂလာတာဆာရေးတို့ရဲ့ပွဲစဉ်အပြီးမှာ အိုနာနာရဲ့ အပြုအမူကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီး ပရိသတ်တွေကြားမှာ သနားတဲ့ဘက်က တစ်ဖက်၊ ပြစ်တင်ဝေဖန်သူတွေက တစ်ဖက် ကွဲပြားခဲ့ပါတယ်။

မန်ချက်စတာယူနိက်တက်ဟာ ဗုဒ္ဓဟူးနေ့ညမှာ တူရကီထိပ်သီးအသင်းကြီးနဲ့ ပွဲစဉ်မှာ အရေးကြီးတဲ့ နိုင်ပွဲကို ရယူနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ၃-၃ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပဲ ဂါနာချို၊ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တဲ့အတွက် အရေးကြီးတဲ့ နိုင်ပွဲကို ရယူနိုင်တော့မယ့်ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာကင်း ဇီယက်ရှ်ရဲ့ ပွဲကစားချိန် မိနစ် ၃၀ ဝန်းကျင်မှာ ကန်သွင်းခဲ့တဲ့ အလွတ်တည်ကန်ဘောကို အိုနာနာ မကာကွယ်နိုင်ခဲ့ဘဲ ပထမပိုင်းကို ပွဲအရှိန်မြင့်မြင့်နဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၁၀ မိနစ်လောက်မှာ စကော့ မက်တော်မီနေးက မန်ချက်စတာယူနိုက်တက်အတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့ပေမယ့်လည်း အိုနာနာက နောက်ထပ်တစ်ကြိမ် ဟာကင်း ဇီယက်ရှ်ရဲ့ အလွတ်တည်ကန်ဘောကို ကာကွယ်ရာမှာ လွဲချော်ခဲ့ပြန်ပြီး လက်ကြားထဲကနေ လွတ်ထွက်ပြီး ဂိုးသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁၀ မိနစ်အကြာမှာ အက်ခ်တာကိုဂလူက ဂလာတာဆာရေးအတွက် သရေ ၁ မှတ် ရရှိစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဟာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ထူးခြားဆန်းကြယ်မှုတွေ ဖြစ်လာဖို့သာ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရီ အိုနာနာဟာ ယူကျုံးမရ ဝမ်းနည်းကြေကွဲနေတဲ့ ဗီဒီယိုဖိုင် ထွက်ပေးလာခဲ့​ပြီး လက်အိတ်တွေကို ဆွဲချွတ်ပြီး မြက်ခင်းပေါ်ကို လွှင့်ပစ်ခဲ့ပြီးနောက် ခေါင်းကို လက်နဲ့အုပ်ထားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်က ဇီယက်ရှ်ရဲ့အလွတ်တည်ကန်ဘောကို လက်ဆောင်ပေးခဲ့တဲ့ အိုနာနာကို ပြစ်တင်ဝေဖန်ဖို့ ငြင်းဆန်ခဲ့ပြီး ပွဲအပြီးမှာ “ကျွန်တော်တို့ အတူတူ အနိုင်ယူပြီး အတူတူရှုံးနိမ့်မှာပါ။ သူ(အိုနာနာ) အဆင်ပြေပါတယ်။ အဲဒါက တစ်ယောက်ချင်းစီကြောင့်မဟုတ်ပါဘူး။ ဘောလုံးမှာ တစ်ဦးချင်းအမှားဆိုတာက ကွဲပြားခြားနားမှုတွေကို ပြုလုပ်နိုင်ပြီး ခင်ဗျား အဲဒီအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုတော့ ရှိရမှာပါ။ ဒါပေမယ့် အရေးကြီးတာက အသင်းပါ။ ဒီလူစာရင်းထဲမှာရှိနေတဲ့ ကစားသမားတွေအားလုံးက မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးဖို့ ထိုက်တန်တဲ့သူတွေပါ။ ဘာလို့လဲဆိုတော့ သူတို့က အရမ်းကောင်းမွန်လို့ပါ။ ကျွန်တော်တို့ ဂိုးသမားအစုအဖွဲ့နဲ့ပတ်သက်ပြီး အရမ်းပျော်ရွှင်မိပါတယ်။ သူတို့တွေက အရမ်းကောင်းကောင်းလုပ်နိုင်ပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေလည်း ပြသနိုင်ပါတယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် တွန်းအားပေးရမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အိုနာနာရဲ့ ဂလာတာဆာရေးနဲ့ပွဲစဉ်အပြီး စိတ်ပျက်လက်ပျက်နဲ့ ဝမ်းနည်းနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ပရိသတ်တွေကြားမှာ ကင်မရွန်းလက်ရွေးစင်ဂိုးသမားရဲ့ အမှားကြောင့် အသင်းရှုံးနိမ့်ရတာဆိုပြီး ဝေဖန်ပြစ်တင်သူတွေလည်းရှိခဲ့သလို အသင်းရဲ့နိုင်ပွဲကို မရည်ရွယ်ဘဲ ဖျက်ဆီးမိလို့ စိတ်မကောင်းဖြစ်ခဲ့တဲ့ အိုနာနာကို ကိုယ်ချင်းစာနာ သနားသူတွေလည်း ရှိခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဗုဒၶဟူးေန႔ည ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ကစားခဲ့ၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဂလာတာဆာေရးတို႔ရဲ႕ပြဲစဥ္အၿပီးမွာ အိုနာနာရဲ႕ အျပဳအမူကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ ထြက္ေပၚလာၿပီး ပရိသတ္ေတြၾကားမွာ သနားတဲ့ဘက္က တစ္ဖက္၊ ျပစ္တင္ေဝဖန္သူေတြက တစ္ဖက္ ကြဲျပားခဲ့ပါတယ္။

မန္ခ်က္စတာယူနိက္တက္ဟာ ဗုဒၶဟူးေန႔ညမွာ တူရကီထိပ္သီးအသင္းႀကီးနဲ႔ ပြဲစဥ္မွာ အေရးႀကီးတဲ့ ႏိုင္ပြဲကို ရယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း အျပန္အလွန္သြင္းဂိုးေတြနဲ႔ ၃-၃ သေရက်သြားခဲ့တာ ျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ပထမပိုင္း မိနစ္ ၂၀ အတြင္းမွာပဲ ဂါနာခ်ိဳ၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တဲ့အတြက္ အေရးႀကီးတဲ့ ႏိုင္ပြဲကို ရယူႏိုင္ေတာ့မယ့္ပုံ ေပၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာကင္း ဇီယက္ရွ္ရဲ႕ ပြဲကစားခ်ိန္ မိနစ္ ၃၀ ဝန္းက်င္မွာ ကန္သြင္းခဲ့တဲ့ အလြတ္တည္ကန္ေဘာကို အိုနာနာ မကာကြယ္ႏိုင္ခဲ့ဘဲ ပထမပိုင္းကို ပြဲအရွိန္ျမင့္ျမင့္နဲ႔ အဆုံးသတ္ခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၁၀ မိနစ္ေလာက္မွာ စေကာ့ မက္ေတာ္မီေနးက မန္ခ်က္စတာယူႏိုက္တက္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့ေပမယ့္လည္း အိုနာနာက ေနာက္ထပ္တစ္ႀကိမ္ ဟာကင္း ဇီယက္ရွ္ရဲ႕ အလြတ္တည္ကန္ေဘာကို ကာကြယ္ရာမွာ လြဲေခ်ာ္ခဲ့ျပန္ၿပီး လက္ၾကားထဲကေန လြတ္ထြက္ၿပီး ဂိုးသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာ အက္ခ္တာကိုဂလူက ဂလာတာဆာေရးအတြက္ သေရ ၁ မွတ္ ရရွိေစမယ့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ အုပ္စုေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ပြဲမွာ ထူးျခားဆန္းၾကယ္မႈေတြ ျဖစ္လာဖို႔သာ ေမွ်ာ္လင့္ရေတာ့မွာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား အန္ဒရီ အိုနာနာဟာ ယူက်ဳံးမရ ဝမ္းနည္းေၾကကြဲေနတဲ့ ဗီဒီယိုဖိုင္ ထြက္ေပးလာခဲ့​ၿပီး လက္အိတ္ေတြကို ဆြဲခြၽတ္ၿပီး ျမက္ခင္းေပၚကို လႊင့္ပစ္ခဲ့ၿပီးေနာက္ ေခါင္းကို လက္နဲ႔အုပ္ထားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္က ဇီယက္ရွ္ရဲ႕အလြတ္တည္ကန္ေဘာကို လက္ေဆာင္ေပးခဲ့တဲ့ အိုနာနာကို ျပစ္တင္ေဝဖန္ဖို႔ ျငင္းဆန္ခဲ့ၿပီး ပြဲအၿပီးမွာ “ကြၽန္ေတာ္တို႔ အတူတူ အႏိုင္ယူၿပီး အတူတူရႈံးနိမ့္မွာပါ။ သူ(အိုနာနာ) အဆင္ေျပပါတယ္။ အဲဒါက တစ္ေယာက္ခ်င္းစီေၾကာင့္မဟုတ္ပါဘူး။ ေဘာလုံးမွာ တစ္ဦးခ်င္းအမွားဆိုတာက ကြဲျပားျခားနားမႈေတြကို ျပဳလုပ္ႏိုင္ၿပီး ခင္ဗ်ား အဲဒီအတြက္ တာဝန္ယူမႈ၊ တာဝန္ခံမႈေတာ့ ရွိရမွာပါ။ ဒါေပမယ့္ အေရးႀကီးတာက အသင္းပါ။ ဒီလူစာရင္းထဲမွာရွိေနတဲ့ ကစားသမားေတြအားလုံးက မန္ခ်က္စတာယူႏိုက္တက္အတြက္ ကစားေပးဖို႔ ထိုက္တန္တဲ့သူေတြပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔က အရမ္းေကာင္းမြန္လို႔ပါ။ ကြၽန္ေတာ္တို႔ ဂိုးသမားအစုအဖြဲ႕နဲ႔ပတ္သက္ၿပီး အရမ္းေပ်ာ္႐ႊင္မိပါတယ္။ သူတို႔ေတြက အရမ္းေကာင္းေကာင္းလုပ္ႏိုင္ၿပီး ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ေတြလည္း ျပသႏိုင္ပါတယ္။ သူတို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ တြန္းအားေပးရမွာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အိုနာနာရဲ႕ ဂလာတာဆာေရးနဲ႔ပြဲစဥ္အၿပီး စိတ္ပ်က္လက္ပ်က္နဲ႔ ဝမ္းနည္းေနတဲ့ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ ပ်ံ႕ႏွံ႔ေနခဲ့ၿပီး ပရိသတ္ေတြၾကားမွာ ကင္မ႐ြန္းလက္ေ႐ြးစင္ဂိုးသမားရဲ႕ အမွားေၾကာင့္ အသင္းရႈံးနိမ့္ရတာဆိုၿပီး ေဝဖန္ျပစ္တင္သူေတြလည္းရွိခဲ့သလို အသင္းရဲ႕ႏိုင္ပြဲကို မရည္႐ြယ္ဘဲ ဖ်က္ဆီးမိလို႔ စိတ္မေကာင္းျဖစ္ခဲ့တဲ့ အိုနာနာကို ကိုယ္ခ်င္းစာနာ သနားသူေတြလည္း ရွိခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.