UCL&UEL

အယ်လ်အေအက်စ်ကေကို ၉ ဂိုးလောက်သွင်းခဲ့ရမှာလို့ ချီးကျူးခံနေရတဲ့ လီဗာပူးလ်

လီဗာပူးလ်ဟာ ကြာသပတေးနေ့ညမှာ အယ်လ်အေအက်စ်ကေကို ၄-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူပြီး အုပ်စု အီး အုပ်စုဗိုလ်တွေအဖြစ်နဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာကန် ကလော့ပ်က ဩစတြီးယန်းကလပ်နဲ့ ရင်ဆိုင်ရာမှာ အားကောင်းတဲ့ လူစာရင်းကို ပွဲထုတ်ဖို့ ရွေးချယ်ခဲ့ပြီး မိုဟာမက် ဆာလား၊ လူးဝစ္စ ဒီယက်ဇ်၊ အီဘရာဟီမာ ကိုနာတီတို့အားလုံး အန်းဖီးမှာ ပွဲထွက်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းက ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့တာကြောင့် ပထမပိုင်း ၁၂ မိနစ်မှာပဲ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့တာဖြစ်ပြီး ဒီယက်ဇ်က ဂျိုး ဂိုးမက်ဇ်နဲ့ ပေါင်းစပ်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံလူဟာ အယ်လ်အေအက်စ်ကေ ပင်နယ်တီ ဧရိယာထဲကို ဖြတ်တင်ပေးပို့မှု ပြုလုပ်ခဲ့ရာမှာ ကိုလံဘီယာ တိုက်စစ်မှူးက ခေါင်းတိုက်ပြီး ဂိုးပေါက်ထဲကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ နောက်ထပ် ၃ မိနစ်အကြာမှာပဲ နောက်ထပ် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပြီး ကိုဒီ ဂက်ခ်ပိုက ဒီရာသီမှာ ၎င်းရဲ့ ပထမဆုံးသော ယူရိုပါလိဂ်သွင်းဂိုးအဖြစ် ဆာလား ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို လူကပ်မခံထားရဘဲ လွတ်လွတ်ကျွတ်ကျွတ် အဆုံးသတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဆီမီကတ်စ်က ၃၂ မိနစ်မှာ ရင်သပ်ရှုမောဖွယ် သွင်းဂိုးကို သွင်းယူပေးနိုင်လုနီးပါးဖြစ်ခဲ့ပြီး ၎င်းရဲ့ ကန်ချက်က ဂိုးတိုင်ကို ထိမှန်သွားခဲ့တာကြောင့် လီဗာပူးလ်တို့ နောက်ထပ် ဦးဆောင်ဂိုးကို မရရှိခဲ့တာ ဖြစ်ပါတယ်။

ဂရိဘယ်နောက်ခံလူရဲ့ အလွန်ကောင်းမွန်တဲ့ ကန်ချက်ဟာ အယ်လ်အေအက်စ်ကေဂိုးသမား တိုဘီးယပ်စ် လာဝယ်ကို အလဲထိုးနိုင်ခဲ့ပေမယ့်လည်း ဂိုးတိုင်ကို ထိမှန်သွားခဲ့တာဖြစ်ပြီး လီဗာပူးလ်ဟာ ပထမပိုင်းမှာ ၂-၀ နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၅ မိနစ်ခန့်အကြာမှာ လီဗာပူးလ်တို့ ပင်နယ်တီကန်ခွင့်ပေးခြင်းခံခဲ့ရပြီး ဂက်ခ်ပိုက ဘောလုံးနဲ့အတူ ပြေးလွှားခဲ့ချိန်မှာ အယ်လ်အေအက်စ်ကေဂိုးသမားက ပြေးထွက်လာပြီးနောက် လီဗာပူးလ်တိုက်စစ်မှူးကို လဲကျစေခဲ့တာဖြစ်ပါတယ်။

ဆွစ်ဇာလန်ဒိုင်လူကြီး ရှနိုင်ဒါက ပင်နယ်တီစက်ဝိုင်းကို ညွှန်ပြခဲ့ပြီး မိုဟာမက် ဆာလားက လီဗာပူးလ်ကစားသမားဘဝ ၁၉၉ ဂိုးမြောက်သွင်းဂိုးကို အမှားအယွင်း မရှိ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ စတုတ္ထမြောက် ဦးဆောင်ဂိုးကို ရရှိဖို့အတွက် ကြိုးပမ်းခဲ့ကြပြီး ဒီတစ်ကြိမ်မှာလည်း အယ်လ်အေအက်စ်ကေအသင်းကို ဂိုးဘားတိုင်းက ကယ်တင်ပေးခဲ့ပြန်တာ ဖြစ်ပါတယ်။

ဂက်ခ်ပိုရဲ့ အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းခဲ့တဲ့ ဘောလုံးဟာ ဂိုးတိုင်ကို ကွက်တိ ထိမှန်သွားခဲ့တာဖြစ်ပေမယ့်လည်း ဒတ်ချ်တိုက်စစ်မှူးဟာ လီဗာပူးလ်အတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို ၉၀+၄ မိနစ်မှာ ပြိုင်ဘက်ပင်နယ်တီဧရိယာထဲမှာ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ လီဗာပူးလ်ပရိသတ်တွေဟာ ယာဂန် ကလော့ပ်ရဲ့အသင်း ကစားပုံကို ချီးကျူးခဲ့ကြပြီး ပရိသတ်တစ်ဦးက “ဒါက လှပတဲ့ ဘောလုံးပဲ။ ကလော့ပ်ကတော့ ကြမ်းနေပြီ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း ဂိုးရလဒ်ဟာ ဒီထက် အများကြီးပိုမိုကြီးမားခဲ့သင့်ကြောင်းကို “၉-၄ လောက် ဖြစ်ခဲ့သင့်တာ။ အယ်လ်အေအက်စ်ကေ ပရိသတ်တွေကိုလည်း ချီးကျူးပါတယ်။ အရမ်းကို အားပေးခဲ့ကြတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဟာ ၾကာသပေတးေန႔ညမွာ အယ္လ္ေအအက္စ္ေကကို ၄-၀ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ယူၿပီး အုပ္စု အီး အုပ္စုဗိုလ္ေတြအျဖစ္နဲ႔ ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

လီဗာပူးလ္နည္းျပ ယာကန္ ကေလာ့ပ္က ဩစႀတီးယန္းကလပ္နဲ႔ ရင္ဆိုင္ရာမွာ အားေကာင္းတဲ့ လူစာရင္းကို ပြဲထုတ္ဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး မိုဟာမက္ ဆာလား၊ လူးဝစၥ ဒီယက္ဇ္၊ အီဘရာဟီမာ ကိုနာတီတို႔အားလုံး အန္းဖီးမွာ ပြဲထြက္ကစားေပးခဲ့ၾကတာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕အသင္းက ပြဲကို အေကာင္းဆုံး စတင္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္း ၁၂ မိနစ္မွာပဲ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့တာျဖစ္ၿပီး ဒီယက္ဇ္က ဂ်ိဳး ဂိုးမက္ဇ္နဲ႔ ေပါင္းစပ္ၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဂၤလန္ေနာက္ခံလူဟာ အယ္လ္ေအအက္စ္ေက ပင္နယ္တီ ဧရိယာထဲကို ျဖတ္တင္ေပးပို႔မႈ ျပဳလုပ္ခဲ့ရာမွာ ကိုလံဘီယာ တိုက္စစ္မႉးက ေခါင္းတိုက္ၿပီး ဂိုးေပါက္ထဲကို သြင္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ေနာက္ထပ္ ၃ မိနစ္အၾကာမွာပဲ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ကိုဒီ ဂက္ခ္ပိုက ဒီရာသီမွာ ၎ရဲ႕ ပထမဆုံးေသာ ယူ႐ိုပါလိဂ္သြင္းဂိုးအျဖစ္ ဆာလား ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို လူကပ္မခံထားရဘဲ လြတ္လြတ္ကြၽတ္ကြၽတ္ အဆုံးသတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဆီမီကတ္စ္က ၃၂ မိနစ္မွာ ရင္သပ္ရႈေမာဖြယ္ သြင္းဂိုးကို သြင္းယူေပးႏိုင္လုနီးပါးျဖစ္ခဲ့ၿပီး ၎ရဲ႕ ကန္ခ်က္က ဂိုးတိုင္ကို ထိမွန္သြားခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ ေနာက္ထပ္ ဦးေဆာင္ဂိုးကို မရရွိခဲ့တာ ျဖစ္ပါတယ္။

ဂရိဘယ္ေနာက္ခံလူရဲ႕ အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္ဟာ အယ္လ္ေအအက္စ္ေကဂိုးသမား တိုဘီးယပ္စ္ လာဝယ္ကို အလဲထိုးႏိုင္ခဲ့ေပမယ့္လည္း ဂိုးတိုင္ကို ထိမွန္သြားခဲ့တာျဖစ္ၿပီး လီဗာပူးလ္ဟာ ပထမပိုင္းမွာ ၂-၀ နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၅ မိနစ္ခန႔္အၾကာမွာ လီဗာပူးလ္တို႔ ပင္နယ္တီကန္ခြင့္ေပးျခင္းခံခဲ့ရၿပီး ဂက္ခ္ပိုက ေဘာလုံးနဲ႔အတူ ေျပးလႊားခဲ့ခ်ိန္မွာ အယ္လ္ေအအက္စ္ေကဂိုးသမားက ေျပးထြက္လာၿပီးေနာက္ လီဗာပူးလ္တိုက္စစ္မႉးကို လဲက်ေစခဲ့တာျဖစ္ပါတယ္။

ဆြစ္ဇာလန္ဒိုင္လူႀကီး ရွႏိုင္ဒါက ပင္နယ္တီစက္ဝိုင္းကို ၫႊန္ျပခဲ့ၿပီး မိုဟာမက္ ဆာလားက လီဗာပူးလ္ကစားသမားဘဝ ၁၉၉ ဂိုးေျမာက္သြင္းဂိုးကို အမွားအယြင္း မရွိ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕အသင္းဟာ စတုတၳေျမာက္ ဦးေဆာင္ဂိုးကို ရရွိဖို႔အတြက္ ႀကိဳးပမ္းခဲ့ၾကၿပီး ဒီတစ္ႀကိမ္မွာလည္း အယ္လ္ေအအက္စ္ေကအသင္းကို ဂိုးဘားတိုင္းက ကယ္တင္ေပးခဲ့ျပန္တာ ျဖစ္ပါတယ္။

ဂက္ခ္ပိုရဲ႕ အေဝးကန္ခ်က္နဲ႔ လွလွပပ ကန္သြင္းခဲ့တဲ့ ေဘာလုံးဟာ ဂိုးတိုင္ကို ကြက္တိ ထိမွန္သြားခဲ့တာျဖစ္ေပမယ့္လည္း ဒတ္ခ်္တိုက္စစ္မႉးဟာ လီဗာပူးလ္အတြက္ စတုတၳေျမာက္ဦးေဆာင္ဂိုးကို ၉၀+၄ မိနစ္မွာ ၿပိဳင္ဘက္ပင္နယ္တီဧရိယာထဲမွာ အာ႐ုံစူးစိုက္မႈေကာင္းေကာင္းနဲ႔ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ လီဗာပူးလ္ပရိသတ္ေတြဟာ ယာဂန္ ကေလာ့ပ္ရဲ႕အသင္း ကစားပုံကို ခ်ီးက်ဴးခဲ့ၾကၿပီး ပရိသတ္တစ္ဦးက “ဒါက လွပတဲ့ ေဘာလုံးပဲ။ ကေလာ့ပ္ကေတာ့ ၾကမ္းေနၿပီ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း ဂိုးရလဒ္ဟာ ဒီထက္ အမ်ားႀကီးပိုမိုႀကီးမားခဲ့သင့္ေၾကာင္းကို “၉-၄ ေလာက္ ျဖစ္ခဲ့သင့္တာ။ အယ္လ္ေအအက္စ္ေက ပရိသတ္ေတြကိုလည္း ခ်ီးက်ဴးပါတယ္။ အရမ္းကို အားေပးခဲ့ၾကတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.