UCL&UEL

ဂါနာချိုလိုပဲ အံ့အားသင့်ဖွယ် နောက်ပြန်ကန်ချက်နဲ့ဂိုးသွင်းယူခဲ့တဲ့ အူဘာမီယန်း

မာဆေးလ် တိုက်စစ်မှူး ပီယဲ-အီးမရစ် အူဘာမီယန်းဟာ အိုင်းယက်စ်ကို ၄-၃ နဲ့ အနိုင်ရခဲ့တဲ့ ကြာသပတေးနေ့ညပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးတွေထဲက တစ်ဂိုးကို အံ့အားသင့်ဖွယ် နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

အိုင်းယက်စ်နဲ့ မာဆေးလ်တို့ကြား ၂-၂ သရေကျနေချိန်မှာ ဘောလုံးက လည်ကာလည်ကာနဲ့ ဂိုးတိုင်ရှေ့နားကို ရောက်ရှိလာခဲ့တာကြောင့် အသင့် ရှိနေတဲ့ အူဘာမီယန်းက နောက်ပြန်ကန်ချက်နဲ့အတူ မာဆေးလ်ကို ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ၉၃ မိနစ်မှာ မာဆေးလ်အတွက် ပင်နယ်တီကနေ နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ဟက်ထရစ်သွင်းဂိုး ပြည့်မြောက်ခဲ့ပြီး မာဆေးလ်ကလည်း ၄-၃ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အူဘာမီယန်းရဲ့ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူမှုဟာ ပရိသတ်တွေကြားမှာ ပြောစရာဖြစ်ခဲ့ပြီး အထူးသဖြင့် အဲဗာတန်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူနိုက်တက်အတွက် ဂါနာချိုက နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူပြီးနောက် ရက်ပိုင်းအကြာမှာ သွင်းယူခဲ့တာကြောင့်ဖြစ်ပါတယ်။

အူဘာမီယန်းရဲ့ သွင်းဂိုးက အထင်ကြီးစရာကောင်းခဲ့တာမှန်ပေမယ့်လည်း လူမှုကွန်ရက်ပေါ်က ပရိသတ်တွေကြားမှာတော့ ဂါနာချိုရဲ့ သွင်းဂိုးဟာ ပိုမိုသာလွန်တဲ့ ကန်ချက်ဖြစ်တယ်လို့ သဘောတူညီခဲ့ကြပြီး သရဲနီဂန္တဝင် ဂယ်ရီ နဗီးကလည်း မြင်ဖူးသမျှထဲမှာ အကောင်းဆုံးနောက်ပြန်ကန်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မာေဆးလ္ တိုက္စစ္မႉး ပီယဲ-အီးမရစ္ အူဘာမီယန္းဟာ အိုင္းယက္စ္ကို ၄-၃ နဲ႔ အႏိုင္ရခဲ့တဲ့ ၾကာသပေတးေန႔ညပြဲစဥ္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး အဲဒီသြင္းဂိုးေတြထဲက တစ္ဂိုးကို အံ့အားသင့္ဖြယ္ ေနာက္ျပန္ကန္ခ်က္နဲ႔ သြင္းယူခဲ့တာျဖစ္ပါတယ္။

အိုင္းယက္စ္နဲ႔ မာေဆးလ္တို႔ၾကား ၂-၂ သေရက်ေနခ်ိန္မွာ ေဘာလုံးက လည္ကာလည္ကာနဲ႔ ဂိုးတိုင္ေရွ႕နားကို ေရာက္ရွိလာခဲ့တာေၾကာင့္ အသင့္ ရွိေနတဲ့ အူဘာမီယန္းက ေနာက္ျပန္ကန္ခ်က္နဲ႔အတူ မာေဆးလ္ကို ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာ ၉၃ မိနစ္မွာ မာေဆးလ္အတြက္ ပင္နယ္တီကေန ေနာက္က် အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္ ဟက္ထရစ္သြင္းဂိုး ျပည့္ေျမာက္ခဲ့ၿပီး မာေဆးလ္ကလည္း ၄-၃ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အူဘာမီယန္းရဲ႕ ေနာက္ျပန္ကန္ခ်က္နဲ႔ ဂိုးသြင္းယူမႈဟာ ပရိသတ္ေတြၾကားမွာ ေျပာစရာျဖစ္ခဲ့ၿပီး အထူးသျဖင့္ အဲဗာတန္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ မန္ယူႏိုက္တက္အတြက္ ဂါနာခ်ိဳက ေနာက္ျပန္ကန္ခ်က္နဲ႔ ဂိုးသြင္းယူၿပီးေနာက္ ရက္ပိုင္းအၾကာမွာ သြင္းယူခဲ့တာေၾကာင့္ျဖစ္ပါတယ္။

အူဘာမီယန္းရဲ႕ သြင္းဂိုးက အထင္ႀကီးစရာေကာင္းခဲ့တာမွန္ေပမယ့္လည္း လူမႈကြန္ရက္ေပၚက ပရိသတ္ေတြၾကားမွာေတာ့ ဂါနာခ်ိဳရဲ႕ သြင္းဂိုးဟာ ပိုမိုသာလြန္တဲ့ ကန္ခ်က္ျဖစ္တယ္လို႔ သေဘာတူညီခဲ့ၾကၿပီး သရဲနီဂႏၲဝင္ ဂယ္ရီ နဗီးကလည္း ျမင္ဖူးသမွ်ထဲမွာ အေကာင္းဆုံးေနာက္ျပန္ကန္ခ်က္ျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.