Premier League UCL&UEL

ရှုံးထွက်တက်ရောက်နိုင်ခဲ့ပေမယ့် အသင်းသားတွေကို သတိပေးခဲ့တဲ့ အာတီတာ

မီခေးလ် အာတီတာဟာ ဗုဒ္ဓဟူးနေ့ည အမ်းမရိတ်စ်မှာ လွန်းစ်ကို ၆-၀ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ဝမ်းမြောက်ကျေနပ်မိပေမယ့်လည်း ရှုံးထွက်အဆင့်မှာ အသင်းသားတွေအနေနဲ့ တစ်ဦးချင်းစီကနေ တောင်းဆိုမှုတွေ ပိုမိုပြုလုပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေအတွက် ပြီးပြည့်စုံတဲ့ ညနေခင်းဖြစ်ခဲ့ပြီး မတူညီတဲ့ ကစားသမား ၆ ဦးအထိ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ် အုပ်စု ဘီရဲ့ ပထမနေရာကနေ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ကိုင် ဟာဗတ်ဇ်၊ ဂါဘရီယဲလ် ဂျေးဇု၊ ဘူကာယို ဆာကာ၊ ဂါဘရီယဲလ် မာတီနယ်လီ၊ မာတင် အော်ဒီဂွါဒ်၊ ဂျော်ဂျင်ညိုတို့ အားလုံးဟာ အာတီတာရဲ့ လက်အောက် အကြီးမားဆုံးသောနိုင်ပွဲမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ပီအက်စ်ဗွီအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပေမယ့်လည်း လက်ရှိမှာ အုပ်စု ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရထားခဲ့ပြီးဖြစ်တဲ့ အာတီတာရဲ့အသင်းအတွက်တော့ အဲဒီပွဲစဉ်ရလဒ်က အရေးမပါတော့တာဖြစ်ပါတယ်။

“ဒီနေ့က လုပ်စရာရှိတာ လုပ်နိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်(၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့)။ ကျွန်တော်တို့ လှပတဲ့ပုံစံနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တကယ်ကောင်းမွန်တဲ့အသင်းကို ၅ ဂိုးသွင်းယူခဲ့ပါတယ်။ ခင်ဗျား တကယ်ကို ခြေချော်လာနိုင်ပါတယ်။ မတူညီတဲ့ အပြုအမူတွေနဲ့ ဒုတိယပိုင်းရဲ့ အစိတ်အပိုင်းတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ တကယ်ကို အာရုံစိုက်ထားနိုင်ခဲ့ပါတယ်။ အုပ်စုဘီရဲ့ အုပ်စုဗိုလ်အဖြစ် ၁၆ သင်းရှုံးထွက်ကို တက်လှမ်းနိုင်ခဲ့တာ အရမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ လက်ရှိ ရှိနေတဲ့ ပွဲချိန်ဇယားက ရူးသွပ်ချင်စရာမို့လို့ပါ။ ကျွန်တော်တို့ ၇၂ နာရီအတွင်း ကစားရမယ့် ဝုလ်ဗ်စ်အကြောင်းကိုလည်း တွေးထားပြီးသားပါ။ ကျွန်တော်တို့ တစ်ယောက်ဆီကနေ တစ်ယောက် ပိုပြီး တောင်းဆိုရမယ်။ ကျွန်တော်တို့ ဝုလ်ဗ်စ်နဲ့ပွဲအတွက် ကောင်းကောင်း ကြိုတင်ပြင်ဆင်ရမယ်”လို့ ပြောကြားခဲ့ပါတယ်။

လွန်းစ်နဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့တာကြောင့် ဘူကာယို ဆာကာဟာ ယခုရာသီပြိုင်ပွဲစုံမှာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ကစားသမား၊ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မီေခးလ္ အာတီတာဟာ ဗုဒၶဟူးေန႔ည အမ္းမရိတ္စ္မွာ လြန္းစ္ကို ၆-၀ နဲ႔ ဂိုးျပတ္အႏိုင္ယူခဲ့တဲ့ပြဲစဥ္က အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ဝမ္းေျမာက္ေက်နပ္မိေပမယ့္လည္း ရႈံးထြက္အဆင့္မွာ အသင္းသားေတြအေနနဲ႔ တစ္ဦးခ်င္းစီကေန ေတာင္းဆိုမႈေတြ ပိုမိုျပဳလုပ္ရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြအတြက္ ၿပီးျပည့္စုံတဲ့ ညေနခင္းျဖစ္ခဲ့ၿပီး မတူညီတဲ့ ကစားသမား ၆ ဦးအထိ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ အုပ္စု ဘီရဲ႕ ပထမေနရာကေန ၁၆ သင္းရႈံးထြက္အဆင့္ကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ကိုင္ ဟာဗတ္ဇ္၊ ဂါဘရီယဲလ္ ေဂ်းဇု၊ ဘူကာယို ဆာကာ၊ ဂါဘရီယဲလ္ မာတီနယ္လီ၊ မာတင္ ေအာ္ဒီဂြါဒ္၊ ေဂ်ာ္ဂ်င္ညိဳတို႔ အားလုံးဟာ အာတီတာရဲ႕ လက္ေအာက္ အႀကီးမားဆုံးေသာႏိုင္ပြဲမွာ သြင္းဂိုးေတြ သြင္းယူႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ အုပ္စု ေနာက္ဆုံးပြဲစဥ္အျဖစ္ ပီအက္စ္ဗြီအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ေပမယ့္လည္း လက္ရွိမွာ အုပ္စု ၅ ပြဲမွာ ၄ ပြဲအထိ အႏိုင္ရထားခဲ့ၿပီးျဖစ္တဲ့ အာတီတာရဲ႕အသင္းအတြက္ေတာ့ အဲဒီပြဲစဥ္ရလဒ္က အေရးမပါေတာ့တာျဖစ္ပါတယ္။

“ဒီေန႔က လုပ္စရာရွိတာ လုပ္ႏိုင္ခဲ့တဲ့ ေန႔တစ္ေန႔ျဖစ္ခဲ့ပါတယ္(၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔)။ ကြၽန္ေတာ္တို႔ လွပတဲ့ပုံစံနဲ႔ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ တကယ္ေကာင္းမြန္တဲ့အသင္းကို ၅ ဂိုးသြင္းယူခဲ့ပါတယ္။ ခင္ဗ်ား တကယ္ကို ေျခေခ်ာ္လာႏိုင္ပါတယ္။ မတူညီတဲ့ အျပဳအမူေတြနဲ႔ ဒုတိယပိုင္းရဲ႕ အစိတ္အပိုင္းေတြ ရွိခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ တကယ္ကို အာ႐ုံစိုက္ထားႏိုင္ခဲ့ပါတယ္။ အုပ္စုဘီရဲ႕ အုပ္စုဗိုလ္အျဖစ္ ၁၆ သင္းရႈံးထြက္ကို တက္လွမ္းႏိုင္ခဲ့တာ အရမ္းေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ လက္ရွိ ရွိေနတဲ့ ပြဲခ်ိန္ဇယားက ႐ူးသြပ္ခ်င္စရာမို႔လို႔ပါ။ ကြၽန္ေတာ္တို႔ ၇၂ နာရီအတြင္း ကစားရမယ့္ ဝုလ္ဗ္စ္အေၾကာင္းကိုလည္း ေတြးထားၿပီးသားပါ။ ကြၽန္ေတာ္တို႔ တစ္ေယာက္ဆီကေန တစ္ေယာက္ ပိုၿပီး ေတာင္းဆိုရမယ္။ ကြၽန္ေတာ္တို႔ ဝုလ္ဗ္စ္နဲ႔ပြဲအတြက္ ေကာင္းေကာင္း ႀကိဳတင္ျပင္ဆင္ရမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

လြန္းစ္နဲ႔ ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့သလို ဂိုးဖန္တီးမႈလည္း ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ဘူကာယို ဆာကာဟာ ယခုရာသီၿပိဳင္ပြဲစုံမွာ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္တဲ့ ပထမဆုံးေသာ ပရီးမီးယားလိဂ္ကစားသမား၊ ဥေရာပထိပ္တန္းလိဂ္ ၅ ခုမွာ ဒုတိယေျမာက္ကစားသမား ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.