Match Report Premier League UCL&UEL

သုံးမှတ်ကို လွှင့်ပစ်ပြီး နှစ်ဖက်ပရိသတ်တွေကို စိတ်ညစ်စေခဲ့ကြတဲ့ ဂါလာနဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ဝန်ဘစ်ဆာကာနဲ့ လုခ် ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အမ်မရာဘတ်၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဟွိုင်လန်းနဲ့ ခြေစွမ်းပြနေတဲ့ ဂါနာချိုတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဂါလာတာစာရိုင်းတို့ကတော့ ဂိုးသမား မူဆလီရာ၊ ခံစစ်မှာ အိုင်ဟန်၊ ဘာဒက်ခ်ချီ၊ ဘိုယေးနဲ့ အန်ဟဲလီညိုတို့ကို ကစားစေခဲ့ကြသလို ကွင်းလယ်မှာတော့ အန်ဒွမ်ဘီလီ၊ တော်ရဲယားနဲ့ မာတန်းစ်တို့ကို ခင်းကျင်းလာခဲ့ကြပြီး တိုက်စစ်မှာတော့ ဇီးယက်ရှ်၊ ဇာဟာနဲ့ အီကာဒီတို့ကို တွဲဖက်ပေးခဲ့တာပါ။

နှစ်သင်းစလုံးအနေနဲ့ အုပ်စုတွင်းမှာ ငါးပွဲကစားပြီးချိန်အထိ တစ်ပွဲစီသာ နိုင်ပွဲရထားခဲ့တာကြောင့် ထပ်မံအနိုင်ရဖို့ လိုအပ်နေခဲ့ကြပြီး ဒီနေ့ပွဲက သူတို့နှစ်သင်းစလုံးအတွက် Must Win ပွဲနဲ့ အခွင့်အရေးဖြစ်ကြချိန်မှာ တူရကီသားတွေရော အင်္ဂလန်သားတွေပါ အားထည့်ကစားလာခဲ့ကြသလို အိမ်ရှင်တွေရဲ့ Space တွေ ပက်ပက်စက်စက် ပေးမှုကတော့ ဧည့်သည်တွေ အကြိုက်ဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာ မန်ယူတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ အန်တိုနီ ပေးတာကို ဘရူနို ဖာနန်ဒက်စ်က ဧရိယာဘယ်ခြမ်းကို ထိုးပေးခဲ့ရာမှာ ဂါနာချိုက စိတ်ကြိုက်ထိန်းသိမ်းဖို့ အချိန်မရခဲ့ပေမယ့် ဘယ်ခြေနဲ့ ကြုံသလို ကျုံးထည့်ခဲ့ရာမှာ ဂိုးသမား မူဆလီရာရဲ့ အပေါ်ထောင့်ထဲ ဝင်သွားခဲ့လို့ တူရကီမြေမှာ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ မန်ယူတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရရှိခဲ့တဲ့ လက်ပစ်ဘောက တစ်ဆင့် လုခ် ရှော ပေးတာကို ဘရူနို ဖာနန်ဒက်စ်က အတွင်းကို တစ်ချက်ဆွဲဝင်ပြီး ဧရိယာအပြင်ကနေ လှမ်းကန်ခဲ့ရာမှာ ဂိုးဘယ်ဘက်အပေါ်ထောင့်ကို တိတိကျကျ ဝင်သွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ဂါလာတာစာရိုင်းတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်ကြောင့် ပေးခဲ့ရတဲ့ ဖရီးကစ်ကို ညာခြမ်းကနေ ဇီးယက်ရှ်က သူ့စိတ်ကြိုက်အနေအထားကနေ လူတံတိုင်းဘေးက ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား အိုနာနာ ကာကွယ်ပုံ အားနည်းခဲ့လို့ နှစ်ဂိုး-တစ်ဂိုးပြန်ဖြစ်နေခဲ့တာပါ။

ဒီနေ့ပွဲမှာ ပြည်သူ့ချဉ်ဖတ် မယားခိုး သူတော်ကောင်းကြီး အီကာဒီအနေနဲ့ ဆရာကြီးစတိုင် ဖမ်းနေခဲ့သလို သူ့ဆီ ဘောလုံးပေးတဲ့ အသင်းဖော် ကစားသမားတွေကို နည်းနည်းလေး လွဲချော်သွားတိုင်း မတူသလို မတန်သလိုနဲ့ စိတ်ပျက်စရာပဲကွာဆိုတဲ့ ပုံစံမျိုး လုပ်နေခဲ့တာကို ရွံရှာဖွယ် တွေ့မြင်ခဲ့ရပြီး ပထမပိုင်းမှာတော့ မန်ယူတို့က ဂါလာတာစာရိုင်းတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ မန်ယူတို့ပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ အန်တိုနီ ခင်းပေးလိုက်တဲ့ ဘောလုံးကို ဝန်ဘစ်ဆာကာက တောင်ပံကနေ ဧရိယာထဲကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ မက်တော်မီနေးက အနီးတိုင်ဘက်ကို အနိမ့်ဘော ပိတ်သွင်းနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ မန်ယူတို့ဘက်က အလုပ်မဖြစ်တဲ့ အမ်မရာဘတ်နဲ့ ပရီးမီးယားလိဂ်က ခြေစွမ်းတွေ ချန်ပီယံလိဂ်ကို ပါလာတဲ့ ဟွိုင်လန်းတို့အစား မိုင်နူးနဲ့ မာစီယယ်လ်တို့ကို ထည့်သွင်းလာခဲ့သလို ဂါလာတာစာရိုင်းတို့ဘက်ကတော့ ချေပဂိုးတွေ ပြန်လည်ရှာဖွေနိုင်ဖို့ မာတန်းစ်နဲ့ အန်ဒွမ်ဘီလီတို့အစား ဆာဂျီယို အိုလီဗီယေးရားနဲ့ အက်ခ်တာ့ခ်ကိုးလူးတို့ကို ပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ ဂါလာတာစာရိုင်းတို့ ဒုတိယ ချေပဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာတောင်ပံ ဧရိယာထိပ်အစွန်မှာ ရရှိခဲ့တဲ့ ဖရီးကစ်ကို ဇီးယက်ရှ်ကပဲ ဂိုးရှေ့ဖြတ်ပို့ပေးခဲ့ရာမှာ ဘောလုံးက ဘယ်သူနဲ့မှ မထိလိုက်ဘဲ ဂိုးထဲ ရောက်လာခဲ့ချိန်မှာ မြို့မေတ္တာ အိုနာနာရဲ့ ကာကွယ်မှုက ဆိုးရွားလွန်းနေခဲ့တာကြောင့် သူ့လက်ထဲက လွတ်သွားပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာ ဂါလာတို့ပဲ သရေကျစေမယ့် တတိယ ချေပဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာတောင်ပံကနေ မန်ယူခံစစ်ကြား ထိုးထည့်ပေးလိုက်တဲ့ ဇီးယက်ရှ်ရဲ့ ပေးပို့မှုကို လူစားဝင် ကွင်းလယ်လူ အက်ခ်တာ့ခ်ကိုးလူးက မိုင်နူးရဲ့ ရှေ့က ဖြတ်ယူပြီး အနီးတိုင် အပေါ်ထောင့်ကို ကန်သွင်းယူခဲ့ရာမှာ အိုနာနာ နောက်ကျနေခဲ့လို့ ဂိုးပေးခဲ့ရတာလို့လည်း ဆိုရမှာပါ။

သုံးဂိုးစီသရေဖြစ်သွားချိန်မှာ ကိုယ့်ကိုယ်ကို အထင်ကြီးသွားပုံရတဲ့ ဂါလာနည်းပြ အိုကန် ဘူရပ်ခ်ကတော့ လူစားလဲမှုအမှားတွေကို ကျူးလွန်ခဲ့လို့ ကစားကွက်က ဖရိုဖရဲဖြစ်သွားခဲ့ပြီး မန်ယူတို့ အခွင့်အရေးတွေ ပြန်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ကြသလို အိမ်ရှင်တွေကလည်း ဒီထက် ဂိုးထပ်သွင်းနိုင်ဖို့ကို အဖြစ်မရှိတော့တာကြောင့် ပွဲချိန်အပြည့်မှာတော့ နှစ်သင်းစလုံး နိုင်ဖို့ မစွမ်းနိုင်ခဲ့ကြတော့ဘဲ သရေနဲ့သာ ကျေနပ်ခဲ့ကြရတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ကောင်းစားသွားခဲ့သူတွေကတော့ ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ ဂိုးမရှိသရေကစားနိုင်ခဲ့တဲ့ ကိုပင်ဟေဂင်တို့ပဲဖြစ်ကြပြီး လာမယ့်ပွဲကို ဂါလာတို့နဲ့ ဒိန်းမတ်မြေ အိမ်ကွင်းမှာ ကစားရချိန်မှာ ဒုတိယနေရာကနေ နိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်သွားခဲ့ကြချိန်မှာ မန်ယူတို့ကတော့ အမှတ်လှူနေတဲ့ ဘိုင်ယန်တို့ကို အိမ်ကွင်းမှာ အနိုင်ကန်နိုင်ရင်တောင် သူများမျက်နှာကြည့်ရမယ့်ဘဝကို ရောက်သွားခဲ့ရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယား၊ ဝန္ဘစ္ဆာကာနဲ႔ လုခ္ ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အမ္မရာဘတ္၊ မက္ေတာ္မီေနးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဟြိဳင္လန္းနဲ႔ ေျခစြမ္းျပေနတဲ့ ဂါနာခ်ိဳတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဂါလာတာစာ႐ိုင္းတို႔ကေတာ့ ဂိုးသမား မူဆလီရာ၊ ခံစစ္မွာ အိုင္ဟန္၊ ဘာဒက္ခ္ခ်ီ၊ ဘိုေယးနဲ႔ အန္ဟဲလီညိဳတို႔ကို ကစားေစခဲ့ၾကသလို ကြင္းလယ္မွာေတာ့ အန္ဒြမ္ဘီလီ၊ ေတာ္ရဲယားနဲ႔ မာတန္းစ္တို႔ကို ခင္းက်င္းလာခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဇီးယက္ရွ္၊ ဇာဟာနဲ႔ အီကာဒီတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ႏွစ္သင္းစလုံးအေနနဲ႔ အုပ္စုတြင္းမွာ ငါးပြဲကစားၿပီးခ်ိန္အထိ တစ္ပြဲစီသာ ႏိုင္ပြဲရထားခဲ့တာေၾကာင့္ ထပ္မံအႏိုင္ရဖို႔ လိုအပ္ေနခဲ့ၾကၿပီး ဒီေန႔ပြဲက သူတို႔ႏွစ္သင္းစလုံးအတြက္ Must Win ပြဲနဲ႔ အခြင့္အေရးျဖစ္ၾကခ်ိန္မွာ တူရကီသားေတြေရာ အဂၤလန္သားေတြပါ အားထည့္ကစားလာခဲ့ၾကသလို အိမ္ရွင္ေတြရဲ႕ Space ေတြ ပက္ပက္စက္စက္ ေပးမႈကေတာ့ ဧည့္သည္ေတြ အႀကိဳက္ျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာ မန္ယူတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္တြဲလုံးကေန အန္တိုနီ ေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္က ဧရိယာဘယ္ျခမ္းကို ထိုးေပးခဲ့ရာမွာ ဂါနာခ်ိဳက စိတ္ႀကိဳက္ထိန္းသိမ္းဖို႔ အခ်ိန္မရခဲ့ေပမယ့္ ဘယ္ေျခနဲ႔ ႀကဳံသလို က်ဳံးထည့္ခဲ့ရာမွာ ဂိုးသမား မူဆလီရာရဲ႕ အေပၚေထာင့္ထဲ ဝင္သြားခဲ့လို႔ တူရကီေျမမွာ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ မန္ယူတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းမွာ ရရွိခဲ့တဲ့ လက္ပစ္ေဘာက တစ္ဆင့္ လုခ္ ေရွာ ေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္က အတြင္းကို တစ္ခ်က္ဆြဲဝင္ၿပီး ဧရိယာအျပင္ကေန လွမ္းကန္ခဲ့ရာမွာ ဂိုးဘယ္ဘက္အေပၚေထာင့္ကို တိတိက်က် ဝင္သြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ဂါလာတာစာ႐ိုင္းတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ေၾကာင့္ ေပးခဲ့ရတဲ့ ဖရီးကစ္ကို ညာျခမ္းကေန ဇီးယက္ရွ္က သူ႔စိတ္ႀကိဳက္အေနအထားကေန လူတံတိုင္းေဘးက ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား အိုနာနာ ကာကြယ္ပုံ အားနည္းခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျပန္ျဖစ္ေနခဲ့တာပါ။

ဒီေန႔ပြဲမွာ ျပည္သူ႔ခ်ဥ္ဖတ္ မယားခိုး သူေတာ္ေကာင္းႀကီး အီကာဒီအေနနဲ႔ ဆရာႀကီးစတိုင္ ဖမ္းေနခဲ့သလို သူ႔ဆီ ေဘာလုံးေပးတဲ့ အသင္းေဖာ္ ကစားသမားေတြကို နည္းနည္းေလး လြဲေခ်ာ္သြားတိုင္း မတူသလို မတန္သလိုနဲ႔ စိတ္ပ်က္စရာပဲကြာဆိုတဲ့ ပုံစံမ်ိဳး လုပ္ေနခဲ့တာကို ႐ြံရွာဖြယ္ ေတြ႕ျမင္ခဲ့ရၿပီး ပထမပိုင္းမွာေတာ့ မန္ယူတို႔က ဂါလာတာစာ႐ိုင္းတို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ မန္ယူတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန အန္တိုနီ ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဝန္ဘစ္ဆာကာက ေတာင္ပံကေန ဧရိယာထဲကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ မက္ေတာ္မီေနးက အနီးတိုင္ဘက္ကို အနိမ့္ေဘာ ပိတ္သြင္းႏိုင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ မန္ယူတို႔ဘက္က အလုပ္မျဖစ္တဲ့ အမ္မရာဘတ္နဲ႔ ပရီးမီးယားလိဂ္က ေျခစြမ္းေတြ ခ်န္ပီယံလိဂ္ကို ပါလာတဲ့ ဟြိဳင္လန္းတို႔အစား မိုင္ႏူးနဲ႔ မာစီယယ္လ္တို႔ကို ထည့္သြင္းလာခဲ့သလို ဂါလာတာစာ႐ိုင္းတို႔ဘက္ကေတာ့ ေခ်ပဂိုးေတြ ျပန္လည္ရွာေဖြႏိုင္ဖို႔ မာတန္းစ္နဲ႔ အန္ဒြမ္ဘီလီတို႔အစား ဆာဂ်ီယို အိုလီဗီေယးရားနဲ႔ အက္ခ္တာ့ခ္ကိုးလူးတို႔ကို ေျပာင္းလဲသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဂါလာတာစာ႐ိုင္းတို႔ ဒုတိယ ေခ်ပဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံ ဧရိယာထိပ္အစြန္မွာ ရရွိခဲ့တဲ့ ဖရီးကစ္ကို ဇီးယက္ရွ္ကပဲ ဂိုးေရွ႕ျဖတ္ပို႔ေပးခဲ့ရာမွာ ေဘာလုံးက ဘယ္သူနဲ႔မွ မထိလိုက္ဘဲ ဂိုးထဲ ေရာက္လာခဲ့ခ်ိန္မွာ ၿမိဳ႕ေမတၱာ အိုနာနာရဲ႕ ကာကြယ္မႈက ဆိုး႐ြားလြန္းေနခဲ့တာေၾကာင့္ သူ႔လက္ထဲက လြတ္သြားၿပီး ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာ ဂါလာတို႔ပဲ သေရက်ေစမယ့္ တတိယ ေခ်ပဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာေတာင္ပံကေန မန္ယူခံစစ္ၾကား ထိုးထည့္ေပးလိုက္တဲ့ ဇီးယက္ရွ္ရဲ႕ ေပးပို႔မႈကို လူစားဝင္ ကြင္းလယ္လူ အက္ခ္တာ့ခ္ကိုးလူးက မိုင္ႏူးရဲ႕ ေရွ႕က ျဖတ္ယူၿပီး အနီးတိုင္ အေပၚေထာင့္ကို ကန္သြင္းယူခဲ့ရာမွာ အိုနာနာ ေနာက္က်ေနခဲ့လို႔ ဂိုးေပးခဲ့ရတာလို႔လည္း ဆိုရမွာပါ။

သုံးဂိုးစီသေရျဖစ္သြားခ်ိန္မွာ ကိုယ့္ကိုယ္ကို အထင္ႀကီးသြားပုံရတဲ့ ဂါလာနည္းျပ အိုကန္ ဘူရပ္ခ္ကေတာ့ လူစားလဲမႈအမွားေတြကို က်ဴးလြန္ခဲ့လို႔ ကစားကြက္က ဖ႐ိုဖရဲျဖစ္သြားခဲ့ၿပီး မန္ယူတို႔ အခြင့္အေရးေတြ ျပန္ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့ၾကသလို အိမ္ရွင္ေတြကလည္း ဒီထက္ ဂိုးထပ္သြင္းႏိုင္ဖို႔ကို အျဖစ္မရွိေတာ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္သင္းစလုံး ႏိုင္ဖို႔ မစြမ္းႏိုင္ခဲ့ၾကေတာ့ဘဲ သေရနဲ႔သာ ေက်နပ္ခဲ့ၾကရတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ေကာင္းစားသြားခဲ့သူေတြကေတာ့ ဘိုင္ယန္ျမဴးနစ္ကို အေဝးကြင္းမွာ ဂိုးမရွိသေရကစားႏိုင္ခဲ့တဲ့ ကိုပင္ေဟဂင္တို႔ပဲျဖစ္ၾကၿပီး လာမယ့္ပြဲကို ဂါလာတို႔နဲ႔ ဒိန္းမတ္ေျမ အိမ္ကြင္းမွာ ကစားရခ်ိန္မွာ ဒုတိယေနရာကေန ႏိုင္ပြဲနဲ႔ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ အေျခအေနေကာင္းကို ပိုင္ဆိုင္သြားခဲ့ၾကခ်ိန္မွာ မန္ယူတို႔ကေတာ့ အမွတ္လႉေနတဲ့ ဘိုင္ယန္တို႔ကို အိမ္ကြင္းမွာ အႏိုင္ကန္ႏိုင္ရင္ေတာင္ သူမ်ားမ်က္ႏွာၾကည့္ရမယ့္ဘဝကို ေရာက္သြားခဲ့ရပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.